Chapter-3(Z+U)

9.4K 1K 7
                                    

Zawgyi

ရာသီဥတုဟာတစ်​​နေ့ထက်​တစ်​​နေ့ပူလာရင်းတစ်​​နေ့ပြီးတစ်​​နေ့ကုန်​ဆုံးလာခဲ့တယ်​။

ဂူထဲမှာ​အေး​နေ​သော်​လည်း....​ရေနံတွင်းနှစ်​ခု​ကြောင့်​​လေပူ​တွေဟာအခါအား​လျော်​စွာဂူထဲကိုဝင်​လာတတ်​သည်​။ငါ့ရဲ့အသားအ​ရည်​ဟာ​စေးကပ်​ပြီး​ချွေး​တွေစိုစွတ်​​နေ​ပေမယ့်​စိတ်​ပျက်​စရာ​ကောင်း​စွာငါ့ခန္ဓာကိုယ်​ဟာလှုပ်​လို့မရတာ​ကြောင့်​ငါအဆင်​မ​ပြေဖြစ်​​နေတာကိုသည်းခံပြီး​နေ​နေဖို့ပဲဖြစ်​လာတယ်​။

နေ့ခင်းဘက်​​အရူး​ကောင်​ပြန်​​ရောက်​လာ​တော့
ငါချက်​ချင်းဘဲ​ရေချိုးခွင့်​ရ​အောင်​လုပ်​ဖို့ဆုံးဖြတ်​လိုက်​တယ်​။

"ငါအခု​ရေမြန်​မြန်​မချိုးရရင်​ဒီအနံ့​တွေ​နဲ့နံလွန်းလို့
နေနိုင်​မှာမဟုတ်​​တော့ဘူး"


ချောက်​ကမ်းပါးက​နေပြုတ်​ကျကတည်းက​ရေမချိုးရတာလဝက်​​လောက်​ရှိ​နေပြီးငါဝတ်​လာတဲ့အဝတ်​အစား​တွေဟာလည်းအဝတ်​စုတ်​​တွေလိုညစ်​​​ပေ​နေကာ​သွေး​တွေစွန်း​နေပြီ။ဒီအ​ခြေအ​နေ​တွေ​ကြောင့်
ငါ့ရဲ့သည်းခံနိုင်​စွမ်း​တွေဟာနည်းနည်း​လေး​တောင်​ကျန်​မ​နေ​တော့။



ငါ​ပြောတာကိုနား​ထောင်​ပြီး​နောက်​အရူး​ကောင်​ကာ
ငါ့​ဘေးကို​လေးဘက်​​ထောက်​လာရင်းကြီးမားတဲ့ဝံပု​လွေ​လိုမျိုးငါ့ရဲ့နားရွက်​​တွေနဲ့လည်​ပင်း​ကိုတရှုံ့ရှုံ့နဲ့နမ်းလာသည်​။ထို့​နောက်​သူ့ရဲ့ပွင့်​လင်းတဲ့အသံနဲ့တည်​တည်ငြိမ်ငြိမ်ေ​​​ပြာလာတာက...

"ဘာအနံ့မှမနံပါဘူး"


ငါက​တော့သူ့အနံ့ခံတဲ့အ​ပေါ်မှာပြသ၁နာရှိ​နေတယ်​လို့​တွေးလိုက်​​ပေမယ့်​အဲ့အ​ကြောင်းကိုဘယ်​လိုထုတ်​​ပြောလိုက်​ရမလဲဆိုတာတကယ်​စဉ်းစားလို့မရဘူး။
ခဏကြာ​တော့ငါရယ်​ရင်း

"မင်းနှာ​ခေါင်းကိုဝက်​ဝံကုတ်​ခံလိုက်​ရတာလား?"

သူကငါရယ်​​နေတာကိုမြင်​ပြီးအရူးလိုလိုက်​ရယ်​ရင်းငါ​မေးတာကိုလျစ်​လျူရှုထားတယ်​။

Sect Master And Psycho (Myanmar Translation) Where stories live. Discover now