Chapter-25(Z+U)

4.2K 645 9
                                    

{Zawgyi}


ယန်​ချန်းချီ နဲ့ငါ Black Hawk Castleဂိုဏ်း​ကနေထွက်လာပြီးအဲ့ဒီနားကသိပ်မဝေးတဲ့မြို့ငယ်တစ်မြို့ကိုသွားခဲ့တယ်။  သူကငါ့ကို ဟန်​ရီ​ကျောင့်​ မှအခြားသူ​တွေကငါတို့ကိုစောင့်နေတယ်လို့ပြောတယ်။
 ငါတို့သူတို့နဲ့အတူရှိ​နေသမျှကာလပတ်လုံး​တောက်ပသောအနာဂတ်အလားအလာများကိုဖော်ဆောင်နိုင်ဖို့အတွက်​ဟန်​ရီ​ကျောင့်​ ကိုပြန်လည်တည်ထောင်​နိုင်​ဖို့​မျှော်​လင့်​ချက်​ရှိ​နေပြီးသား။

ဟန်​ရီ​ကျောင့်ကလူေ​တွဟာလမ်းမ​ပေါ်ထွက်​ပြီးဆူညံစွာ​အော်​ဟစ်​ကြဗုံ​တွေတီးကြနဲ့လုပ်​​နေ​ပေမယ့်
ယန်​ချန်းချီရဲ့​ပြောကြားချက်​အရထိုသို့လုပ်​​နေရခြင်းမှာသူတို့ငါ့ကို​ပျော်​ရွှင်​စွာကြိုဆို​နေတာထက်​ငါ့ကို
စောင့်​​နေရတာစိတ်​မရှည်​တဲ့ပုံစံ​ပေါက်​​နေ​လေသည်​။


အဲ့တာ​ကြောင့်​သူပုံကြီးချဲ့စိတ်​ကူးယဉ်​ပြီး​လျှောက်​​ပြော​နေသမျှဟာငါ့အတွက်​​တော့စိတ်​​ကျေနပ်​စရာမ​ကောင်းတာ​ကြောင့်​ပြုံးရုံသာပြုံးရင်းမြို့ထဲဝင်​လာခဲ့သည်​။

ဖြစ်နိုင်လျှင်ငါလည်း​သူငါ့ကိုနတ်​ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်​အသစ်​တင်​​မြှောက်​တာကိုလက်​ခံ​ပေးချင်​​သော်​လည်းငါ့ခန္ဓာကိုယ်​ကအရမ်းအားနည်း​နေပြီဖြစ်​တာ​ကြောင့်​ကိုယ့်​ကိုကိုယ်​​တောင်​အားမရ​တော့သလို
ခံစား​နေရတယ်​။

ငါတို့နှစ်​​ယောက်​မြို့ထဲမှာတည်းခိုဖို့လုပ်​လိုက်​ရင်
မလိုအပ်​ဘဲငါတို့အ​ကြောင်းကိုသူများ​တွေသိသွားမှာစိုး၍​မြို့ပြင်​က​တောအုပ်​ထဲတွင်​သာ​​နေဖို့ဆုံးဖြတ်​လိုက်​တယ်​။ငါယန်​ချန်းချီနဲ့အတူရှိ​နေတဲ့အချိန်​​တွေမှာ
ငါသူ့ကိုငါ့​ရောဂါအ​ကြောင်း​ပြောပြဖို့စိတ်​ကူး​နေ​ပေမယ့်​လည်းမ​ပြောဖြစ်​ခဲ့ဘူး။တစ်​​နေ့​တော့သူ့ရဲ့အ​ရှေ့မှာပဲရုတ်​တရက်​​သွေးအန်​လိုက်​မိပြီးသူ့ကိုဘယ်​လိုများ​ပြောပြရပါ့မလဲဆိုပြီးစိုးရိမ်​​နေတာ​တွေကိုဒီလိုနည်းနဲ့နဲ့​ပြောမိလျက်​သားဖြစ်​သွားတယ်​။ငါ​သွေးအန်​တာကိုမြင်​လိုက်​ရတဲ့ယန်​ချန်းချီက​တော့သရဲမြင်​လိုက်​ရသလိုထိတ်​လန့်​​တုန်​လှုပ်​သွားတဲ့အမူအယာနဲ့

Sect Master And Psycho (Myanmar Translation) Where stories live. Discover now