Chapter-20(Z+U)

4.2K 643 8
                                    

{Zawgyi}





ထွက်ပြေးလွတ်မြောက်ဖို့အတွက်ငါ့​ခြေ​ထောက်​​တွေဟာခပ်​မြန်​မြန်​​လျှောက်​​နေ​ပေမယ့်​Lin Yueကငါ့​နောက်ကိုစိ​တ်ဆိုးတဲ့ခွေးတစ်ကောင်လိုထပ်​ကြပ်​မခွာလိုက်​ကာငါ့ကိုတစစီစုတ်​ဖြဲပစ်​ချင်​တဲ့အကြည့်​​တွေနဲ့စိုက်​ကြည့်​ရင်း​နောက်​က​နေလိုက်​လာတယ်​။

သူ့ကိုတမင်တကာတောအုပ်ထဲဝင်​လာ​အောင်​ဥာဏ်​ဆင်​လိုက်​တယ်​။  အဲဒီမှာမြေပြင်အနေအထားကရှုပ်ထွေးတယ်​လေ။ဒါဟာသူ့ကိုတကယ်လှုပ်စေမှာသေချာတယ်။

Lin Yueကငါ့​နောက်​ကိုထပ်​ကြပ်​မခွာလိုက်​ရင်း

“ ​ဟေးသားလေးဟန်​ကျွီယွမ်​​ရေ....သိပ်​​ကြောက်​မ​နေပါနဲ့..... မင်းကိုငါခုတစ်ကြိမ်မသတ်ရရင်ေ​​နာက်​အကြိမ်တစ်​ထောင်​လာက်​ရှာရမယ်​ဆိုရင်​​တောင်​တကူးတကလိုက်​ရှာပြီးကိုသတ်​ပစ်​မှာ!”

သူပြောတာကိုကြားရတဲ့အခါငါ့ခြေထောက်ဟာလေတိုက်သလိုမျိုးမြန်မြန်ပြေးလိုက်တယ်။ဒီသားရဲတိရစ္ဆာန်နဲ့တူတဲ့ကောင်ကတော့ဘာလို့ငါ့ကိုဒီလောက်ထိနှောင့်ယှတ်နေရတာပါလိမ့်။ ငါ့ရာထူးကိုလုယူတုန်းကပြီးခုသူပဲငါ့နောက်ကိုလိုက်နေတယ်။ဒီကောင်ရူးများရူးသွားပြီလား။


အစပိုင်းမှာတော့တစ်ယောက်နဲ့တစ်ယောက်မမြင်ရအောင်ကိုအရမ်းတိတ်ဆိတ်နေပေမယ့် .....
ငါရည်ရွယ်ချက်ရှိရှိတောင်ထိပ်ကိုဦးတည်သွားလိုက်တော့ငါနတ်ဆိုးဂိုဏ်းတပည့်များနှင့်အတူတိုက်ခိုက်နေတဲ့ဖြောင့်မတ်ဂိုဏ်းတပည့်များရှာတွေ့ဖို့ကိုငါ့အနေနဲ့အချိန်အကြာကြီးမယူလိုက်ရဘူး။

သူတို့ကိုတွေ့လိုက်ရတာနဲ့ငါကယ်တင်ရှင်ကိုတွေ့ရသလိုပါပဲ။  ငါချက်ချင်းပဲသူတို့ရှိရာကိုအလျင်အမြန်သွားလိုက်တယ်။  ငါနီးကပ်လာသည်နှင့်အမျှ
သစ်ပင်များနောက်ကွယ်မှာရပ်နေသောငါနဲ့အကျွမ်းတဝင်ရှိလှတဲ့ပုဂ္ဂိုလ်တစ် ဦးဟာငါ့မျက်စိရှေ့တွင်ပေါ်လာတဲ့အခါချက်ချင်းပဲစိတ်သက်သာရာရသွားသည်။တစ်ချိန်တည်းမှာပဲ

“ အစ်ကို Xiao....ငါ့ကိုကူညီပါ ဦး”

လို့အော်ပြီးသွားဖို့ဆုံးဖြတ်လိုက်တယ်။

Sect Master And Psycho (Myanmar Translation) Where stories live. Discover now