Chapter-24(Z+U)

4.2K 691 27
                                    

{Zawgyi}

အချိန်တွေအလျှင်အမြန်ကုန်လွန်သွားသောအခါ wisteriaပင်ဟာအကိုင်းအခက်များကြီးထွားလာပြီး ပြတင်းပေါက်နားအားထိလုနီးပါးမြင့်မားလာကြသလိုစိမ်းစိုပြီးနုဖက်နေတဲ့အကိုင်းအခတ်တွေကိုမြင်နေရရုံနဲ့တင်စိတ်ကြည်နူးနေရသည်။


အခက်အလက်တွေစုံလင်စွာထွက်လာပါကWisteriaပင်ဟာအစိမ်းရောင်လွှမ်းကာအလွန်လှပလာလိမ့်မည်။ထို့အပြင်ဖူးပွင့်လာမည့်ခရမ်းရောင်ပန်းပွင့်များကလည်းအိမ်နံရံထက်တွင်
ခရမ်းရောင်လွှမ်းအောင်တင့်တယ်စွာတန်ဆာဆင်
မယ့်မြင်ကွင်းကိုမြင်ယောင်ကြည့်ရုံနဲ့တင်စိတ်ချမ်းသာမှုကိုအပြည့်အဝခံစားနေရပြီ။


လာမယ့်နှစ်မှာWisteriaပန်းပွင့်လန်းမြင်ရဖို့ကိုငါဘယ်လောက်ထိမျှော်လင့်နေခဲ့ရသလဲ။အဲ့ချိန်ကြငါပန်းပွင့်တာကိုမြင်ခွင့်မရမှာကိုကြောက်တယ်။

ငါအခုငါ့ကိုယ်ခန္ဓာကိုထိန်းချုပ်နိုင်ခြင်းမရှိတော့သလိုငါ့ရဲ့အတွင်းအားကလည်းနည်းနည်းချင်းစီပျောက်ကွယ်နေပြီ။  ပြင်းထန်သောနာကျင်မှုဒဏ်ကိုခံရတဲ့အချိန်တိုင်းပုံမှန်အတိုင်းပြန်ဖြစ်သွားဖို့အချိန်ပို
ပိုကြာတတ်လာသည်။


ငါသေဆုံးရခြင်းရဲ့အကြောင်းရင်းမှာကိုယ်ခန္ဓာအားနည်းကာကိုယ်တွင်းအင်္ဂါများပျက်စီးပြီးနောက်ဆုံးမှာတော့သွေးအန်ရင်းအသက်ထွက်သွားတာကြောင့်ပဲဖြစ်လိမ့်မည်။


ကံကောင်းထောက်မစွာ, Psycho ရဲ့ခန္ဓာကိုယ်ဟာအရင်ကထက်ပိုကောင်းလာပြီလေ။ ဒီဟာကခုချိန်မှာငါ့အတွက်စိတ်သက်သာရာရစေတဲ့တစ်ခုတည်းသောအရာပဲ။

ငါရှောင်ကျိုးနမ်ရဲ့အိပ်ရာမှာအကြိမ်ပေါင်းများစွာနေမကောင်းဖြစ်ခဲ့တယ်။  ငါနာကျင်မှုကြောင့်တစ်ကိုယ်လုံးတုန်ခါနေတဲ့အခါတိုင်းဘေးမှာအိပ်နေတဲ့ရှောင်က်ျိုးနမ်အိပ်နေတာကိုမနိုးစေချင်တာကြောင့်သူနိုးမသွားဖို့သတိထားရင်းအခန်းထဲကနေထထွက်သွားဖို့ရုန်းကန်ခဲ့ရတယ်။ငါ့အခန်းဆီငါပြန်မရောက်ချင်း
ချောင်းဆိုးရင်းသွေးအန်ပစ်ချင်တာတောင်မအန်ဘဲတောင့်ခံထားပြီးအခန်းထဲရောက်မှသာအန်ချပစ်ရတဲ့ညပေါင်းများစွာကိုလည်းဖြတ်သန်းခဲ့ပြီးပြီ။

Sect Master And Psycho (Myanmar Translation) Where stories live. Discover now