Chapter-22(Z+U)

4.3K 732 11
                                    

{Zawgyi}


ငါနိုးလာတဲ့အခါရှောင်ကျိုးနမ်ရဲ့ပွေ့ဖက်မှုနဲ့အတူသူ့ရင်ခွင်ထဲကိုရောက်နေပြီးမိမိရဲ့ခန္ဓာကိုယ်တစာခုလုံးကလည်းချွေးတွေနဲ့အတူစေးကပ်ကပ်ဖြစ်နေတာကိုပါသိလိုက်ရသည်။

ငါမနိုးခင်တည်းကသူ့လက်မောင်း​ပေါ်ကိုလှဲအိပ်​​နေမိတာဆိုရင်​ခုငါနိုးလာပြီဆို​တော့ငါသူ့လက်​​မောင်းကိုအချိန်​အကြာကြီးဖိအိပ်​ထားမိတာပဲ။ငါဒီအဖြစ်​အပျက်​ကိုလက်​မခံချင်​​ပေမယ့်​လည်းသူ့လက်​​မောင်း​ပေါ်မှာအိပ်​​ပျော်​သွားမိတာကို​တော့ဝန်​ခံရ​ပေလိမ့်​မည်​။
ငါဆက်အိပ်ချင်နေပေမဲ့အ​စေခံ​တွေခဏ​နေရင်​ဝင်လာလိမ့်မယ်။  သူတို့ကငါတို့ကိုတစ်​​ယောက်​ကိုတစ်​​ယောက်​ဖက်​လျက်​သားအိပ်​​နေတာကိုမြင်​သွားရင်​ဂိုဏ်းချုပ်​​ရှောင်​ရဲ့ကြီးကျယ်​မြင့်​မြတ်​လှတဲ့ဂုဏ်​သတင်း​ကျော်​ကြားမှုသည်​ငါ့အတွက်​နဲ့​မှေးမိန်​သွားတာမျိုးက​တော့မဖြစ်​။

ငါထထိုင်​လိုက်​သည်​နှင့်​ငါ့ကိုယ်ခန္ဓာအတွင်း၌နာကျင်မှုအနည်းငယ်ခံစားရတာမှလွဲ၍ အခြားအဆင်မပြေဖြစ်​တာ​တော့မရှိ။ငါ့လှုပ်ရှားမှု၏ရလဒ်အနေဖြင့်စောင်ကငါ့ပခုံးမှခါးအထိချော်သွားပြီးကိုယ်ခန္ဓာပေါ်တွင်ချစ်ခြင်းမေတ္တာပြုလုပ်သောသဲလွန်စများကိုဖော်ပြလိုက်​သလိုဖြစ်​သွားတာ​ကြောင့်​ငါအလွန်​ရှက်​ရွံ့သွားတာနဲ့အကြည့်​ကိုချက်​ချင်းလွှဲပစ်​လိုက်​ရသည်​။

ငါ့တင်ပါးတွေကိုကြွပြီးအိပ်ရာထဲကထချ​င်ေ​ပမယ့်ငါထလိုက်တာနဲ့ပျစ်​ချွဲချွဲ​စေးကပ်နေတဲ့အရည်ကငါ့နောက်ကနေရာကနေထွက်လာတယ်။  ငါထိုအရည်ေ​တွကဘာလဲဆိုတာသိရန်​စဉ်းစားဖို့မလိုအပ်ခဲ့ပါဘူး။ထိုအ​တွေးနဲ့အတူငါဟာခေါင်းတစ်ခြမ်းမှ
စ၍​ခြေဖဝါးအထိပူနေတဲ့အပူကိုခံစားလိုက်ရပေမယ့်လည်းငါအချိန်တိုအတွင်းမှာပဲဘာမှသိပ်မခံစားရတော့တာကြောင့်ထိုသို့ရှက်ရွံ့တုန်လှုပ်မှုနဲ့ငါအကျွမ်းတဝင်ရှိလာပြီလို့ရှက်ရှက်နဲ့တွေးမိလိုက်သေးသည်။

ငါ့အခန်းကိုပြန်ပြီးချက်ချင်းဆေးကြောဖို့လိုတယ်ဆိုတဲ့အချက်ကိုစဉ်းစားမိပြီးနောက်ငါရှက်ရွံမနေနိုင်တော့ဘဲခပ်သွက်သွက်ထကာအခန်းဆီပြန်ပြေးဖို့ကြံလိုက်ပေမယ့်ရုတ်တရက်ငါ့ခါးပတ်ပတ်လည်ကိုကြီးမားတဲ့ကြွက်သားတွေနဲ့လက်မောင်းတစ်ခုကငါဆက်ပြီးမလှုပ်ရှားနိုင်အောင်တားဆီးထားတာကိုတွေ့လိုက်ရသည်။

Sect Master And Psycho (Myanmar Translation) Where stories live. Discover now