Extra-3(Z+U)

7.1K 800 22
                                    

{Zawgyi}




မျက်​လုံး​တွေတ​ဖြေး​ဖြေး​မှေးစင်းလာပြီးအိပ်​​ပျော်​​တော့မယ့်​အချိန်​တွင်​အခန်းတံခါးကအသာအယာပွင့်​သွားတာ​ကြောင့်​ငါချက်​ချင်းပဲအိပ်​​နေရာကထလိုက်​ကာပွင့်​​နေတဲ့အခန်းတံခါးကိုစိုက်​ကြည့်​လိုက်​​တော့အခန်းထဲကိုPsychoဝင်​လာတာကို​တွေ့လိုက်​ရတယ်​။သူ့တကိုယ်​လုံးဟာအ​အေးဒဏ်​​ကြောင့်​အနည်းငယ်​တုန်​ယင်​​နေသည်​။

"ဘာလို့အ​စောကြီးပြန်​လာရတာလဲ?"

ငါအံအားသင့်​ပြီး​မေးလိုက်​တယ်​။

ငါ့​မေးခွန်းကိုမ​ဖြေဘဲသူတစ်​လှမ်းချင်းငါ့ဆီလှမ်းလာပြီးသူ့လက်​ကငါ့နှဖူးကိုထိရင်း​​ကိုယ်​အပူချိန်​တိုင်းလာတဲ့အခါသူ့မျက်​ခုံး​တွေတွန့်​ချိုးသွားပြီး​နောက်

"ခုထိကိုယ်​ပူ​နေ​သေးတယ်​"

သူအရမ်းကိုစိုးရိမ်​ပူပန်​​နေတဲ့အမူအရာနဲ့​ရေရွတ်​လာသည်​။

"ခင်​​ဗျားလက်​ကအရမ်း​အေး​နေလို့ဖြစ်​ပါလိ​မ့်​မယ်​"

သူ့လက်​ကိုဆွဲယူလိုက်​ပြီးငါ့လက်​​ချောင်း​တွေနဲ့​သေချာယှတ်​နွယ်​ဆုတ်​ကိုင်​ကာသူ့လက်​ကိုငါ့နှလုံးခုန်​​နေတဲ့​နေရာမှာကပ်​ထားလိုက်​တယ်​။သူငါ​နေ​မ​ကောင်းတာကိုသိသိချင်းညဘက်​ကြီးချက်​ချင်းကိုပြန်​ချလာတာ​လေ။ငါအရမ်းကို​ပျော်​ရွှင်​​နေပြီးငါ့နှလုံးသား​လေးဟာလည်း​နွေး​ထွေး​နေသည်​။

သူငါ့ကိုအိပ်​ရာ​ပေါ်မှာထိုင်​​စေပြီး​ခေါင်းအစ​ခြေအဆုံး​စေ့​စေ့စပ်​စပ်​ကြည့်​ကာ

"ကိုယ်​မင်းကိုကိုယ်​နဲ့အတူတူဘာလို့မလိုက်​ခိုင်းတာလဲသိလား...မင်းအခုလို​နေမ​ကောင်းဖြစ်​​နေမှာစိုးလို့်​ပဲ...ဒါ​ပေမယ့်​မင်းကိုထားခဲ့ပြန်​​တော့လည်း​နေမ​ကောင်းဖြစ်​​နေပြန်​​ရော"

"ငါ​​နေမ​ကောင်းဖြစ်​တာခင်ဗျား​ကြောင့်​မှမဟုတ်​ပဲ
အဲ့တာကိုဘာလို့အရမ်းဝမ်းနည်း​နေရတာလဲ"

ငါသူ့ကိုပြုံးပြရင်းနှစ်​သိမ့်​​ပေး​နေရင်း

"​နောက်​ဆိုဘယ်​သွားသွားငါ့ကိုပါ​ခေါ်သွားရမယ်
ဟုတ်​ပြီလား"

Sect Master And Psycho (Myanmar Translation) Where stories live. Discover now