🎋25🎋(Z+U)

89 10 0
                                    

ဆေးရုံသွားပါမယ်ဆို လူဆိုးကြီး ဟိဟိ luhan ကိုစိတ်ပူတာတောင် ဘယ်နားရောက်မှန်းမသိဘူး ဒီလိုမျိုး ချစ်သူရထားတာ ကံကောင်းလိုက်တာ right person လို့ပဲ ပြောရမလားပဲ ငါ့ရဲ့ အားနည်းချက်တွေကို ပြုပြင် ပြောင်းလဲပေးတဲ့ အားကိုးရာကြီးလိုပဲ channie နဲ့ တွေ့ဆုံရတာဟာ ငါ့အတွက် ဘုရားပေးတဲ့ ဆုလာဘ်ထက် ပိုပြီး တန်ဖိုးကြီးတယ်

Baek က ကားရဲ့ နောက်ခန်းမှာ ထိုင်ပြီး အပြင်ဘက်ကိုကြည့်ကာ ငေးရင်းတွေးရင်းနဲ့  phoenix အမှတ်တံဆိပ် ကားနှစ်စီးဟာ စံအိမ်မှထွက်လာကာ luhan ရှိတဲ့ ဆေးရုံသို့ သွားလေတယ်

Phoenix ဂိုဏ်းသား ၂​ယောက်က ကားနောက်ခန်းမှာရှိတဲ့ baek ရဲ့ ချောလွန်းတဲ့ မျက်နှာလေးကို မသိမသာ ချောင်းကြည့်ကြသေးတယ် သိသွားရင် နောက်နေ့ရဲ့ နေထွက်ချိန်တောင် မြင်လိုက်ရမှာမဟုတ်ဘူးလေ ခေါင်းဆောင်ကြီးကျေးဇူးနဲ့

ဒီလိုနဲ့ baek တို့ရဲ့ အရှေ့ ကားဟာ လမ်းကို ဖြောင့်ဖြောင့်တန်းတန်းမောင်းလာတာပါပဲ ဒါပေမဲ့ အကွေ့မှာ လမ်းကိုမကြည့်ဘဲ မောင်းလာတဲ့ ဗရုတ်သုတ်ခ ကားတစ်စီးနဲ့ တိုက်မိတော့တယ် baek တို့ ကားက အရှိန် မများပေမဲ့ အရှေ့က ကားတော့ အရှိန်များတာကြောင့် သစ်ပင်တစ်ပင်နဲ့ တိုက်မိသွားတော့တယ်

Baek တို့ ကား accident ဖြစ်သွားတာကြောင့် အနောက်က လိုက်လာတဲ့ ကိုယ်ရံတော် ၄ ​ယောက်လဲ ကားကို ချက်ချင်းရပ်ကာ baek တို့အရှေ့ဘက်ကားဆီ ပြေးပြီး ကူရတော့တာပေါ့ ခေါင်းဆောင်ရဲ့ အသက်လေးပါတယ်လေ ခေါင်းဆောင်ရဲ့အသက်လေးထိခိုက်သွားလို့ကတော့ ကျွန်တော်တို့အသက်လဲ ပျောက်တော့မှာ မကြာဘူးလေ

ဒီလိုနဲ့ ph ဆက်တဲ့သူကဆက် ကားထဲက ခေါင်းဆောင်ရဲ့အသက်လေးနဲ့ ဂိုဏ်းသားတွေကို ကားထဲက ဆင်းလို့ရအောင် လုပ်သူကလုပ်နဲ့ ပြာယာခတ်သွားတော့တယ် တော်သေးတာပေါ့ မြို့ပြင်နားဖြစ်လို့

ဟိုဘက်ကားထဲက မောင်းလာတဲ့သူကို သွားကူတော့ ကောင်မလေးတစ်ယောက် ခေါင်းပေါက်ပြီး သွေးတွေစီးကျနေပေမဲ့ အသက်မြောမြောလေးရှိနေသေးတာကြောင့် ဆေးရုံကားခေါ်ကာ ဂိုဏ်းသားတစ်ယောက်ကို လိုက်သွားခိုင်းလိုက်တယ်

𝐷𝑟𝑒𝑎𝑚𝑖𝑛𝑔 𝑎𝑏𝑜𝑢𝑡 𝑜𝑛𝑒 𝑑𝑎𝑦(ရပျနား)Where stories live. Discover now