🎋4🎋(Z+U)

193 22 0
                                    

Baek's omma '' တော်သေးတာပေါ့ baekလေးရယ် ဒီလောက်လေးပဲထိလို့ omma ပတ်တီးစည်းပေးထားမယ် နောက်ဆို ကောင်းသွားမှာနော် ''

Bae's omma ပြောရင်းနဲ့ baek နဖူးလေးကို နမ်းလိုက်တယ် Baek ကလဲ ပြန်ချွဲပြီးတော့ခါးကိုဖက်ထားရှာတယ် အရှေ့က chanyeol ကြီးကိုတော့မေ့လို့ပေါ့

Baek's omma'' သားက chanyeol ဆို ကျေးဇူးတင်ပါတယ်ကွယ် အန်တီ့သားလေးက အပြင်ထွက်တာခပ်ရှားရှားရယ် ''

Yeol'' nae ကျွန်တော်လဲ လမ်းမှာတွေ့တာအမြင်မတော်တာနဲ့ ကူပေးလိုက်တာပါ luhan ကလဲ ကူတွဲပေးရင် မနိုင်လောက်ဘူးထင်လို့ပါ ''

Baek's omma'' ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်သားရယ် ''

Yeol'' nae ''

Lu'' omma ရေ ပြန်ရောက်ပါပြီ ဟမ် chanyeol ကမပြန်သေးဘူးလား ''

Baek'' မင်းကလဲ အတင်းနှင်ထုတ်နေသလိုပဲ chanyeol shi ကိုအားနာစရာကြီး''

Yeol'' ရပါတယ် baek ရဲ့ စိတ်ထဲ မထားပါဘူး''

Yeol လဲအိမ်ကိုမျက်စိလေးကစားလိုက်တော့ မိသားစုဓာတ်ပုံလေးရယ် ဆုတံဆိပ်လေးတွေကိုမှန်ဘောင်လေးထဲမှာ သေသေသပ်သပ်ထားထားတာကို တွေ့လိုက်ရတယ် ခုံပေါ်မှာတော့ သူငယ်ချင်းနှစ်ယောက် ပျော်နေကြတဲ့ပုံတွေကို ဓာတ်ပုံဘောင်လေးထဲမှာထည့်ထားတာကိုမြင်လိုက်ရတယ်

Yeol'' ဒါနဲ့ ဦးလေးကရော ''

Baek's omma'' ဦးလေးကတော့ အိမ်မှာရှိတယ်ရယ်ကိုသိပ်မရှိပါဘူး တစ်နေ့ တစ်နေ့ အလုပ်တွေပဲလုပ်ရတာနဲ့ နယ်ဆင်းရတာနဲ့လေ ''

Yeol'' ဦးလေးက ဘာအလုပ်လုပ်လို့လဲဗျ ''

Baek's omma'' ဦးလေးက စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်လေ အမှုကိစ္စကြီးရင်ကြီးသလောက် အိမ်ကိုပြန်မလာတတ်ဘူးလေ အခုလဲ အိမ်မှာမရှိတာကြာပြီ သားရဲ့ ''

Yeol'' arr nae ''

Baek ဘက်ကိုကြည့်လိုက်တော့ lu နဲ့ တွတ်ထိုးနေကြတယ် စကားပြောတာပိကျိပိကျိနဲ့ မသိရင် ထသတ်တော့မဲ့အတိုင်းပဲ

Baek's omma'' စကားတွေပြောနေတာနဲ့ ဟင်းတောင်ကျက်ပြီးလားမသိဘူး ''

Baek's omma ပြောတော့ lu လဲ baek's omma နားပြေးကပ်ပြီးတော့

Lu'' အတော်ပဲ omma သားဗိုက်ဆာပြီ ဟဲဟဲ ''

𝐷𝑟𝑒𝑎𝑚𝑖𝑛𝑔 𝑎𝑏𝑜𝑢𝑡 𝑜𝑛𝑒 𝑑𝑎𝑦(ရပျနား)Where stories live. Discover now