🎋12🎋(Z+U)

130 19 4
                                    

Baek ဂိုဏ်းထဲက ​ဆေးကုသရုံကို ရောက်နေတယ် သေနတ်က အစာအိမ်ကိုထိသွားတာ

Yeol ကလဲ ယူကြုံးမရဖြစ်နေတယ် သူ့ရဲ့ ပါပီပေါက်လေး ထိခိုက်သွားလို့ သူသာ အချိန်မှီမရောက်ခဲ့ရင်ဆိုတဲ့အတွေး ပါပီလေးကို ဆုံးရှုံးခါနီးဖြစ်တော့မဲ့ အတွေးတွေက yeol ရဲ့ခေါင်းထဲကို အလုအယက် ဝင်လာတယ်

Flashback start,

ဂျပန်ဂိုဏ်းပင်မတည်နေရာကို ရောက်နေကြတာ အဖွဲ့အသီးသီးကလဲ နေရာယူပြီးသွားပြီ fire ရဲ့ အမိန့်ကိုစောင့်နေကြတယ် baek ကတော့ စနိုက်ပါ အဖွဲ့တွေနဲ့ လိုက်သွားတယ် ဟုတ်တယ်လေ သူက အတိုက်အခိုက် သိပ်မှမရဘဲကို

Pheonix ဂိုဏ်းသားတွေကတော့ fire ကိုယ်တိုင်လိုက်လာတာကြောင့် ဒီ mission ကဘယ်လောက်အရေးကြီးလဲ သိကြတယ် ဂိုဏ်းတစ်ခုလုံးကို ရှင်းမှာလေ ပြီးတော့လဲ ကိုယ့်နယ်မြေလဲမဟုတ်ဘူး သူများနယ်မြေမှာ ဒါကြောင့် ပိုပြီး သတိကြီးကြီးထားရတာပေါ့

ဒုခေါင်းဆောင် kai ရဲ့ start ဆိုတဲ့ အမိန့်သံကြားတာကြောင့် နေရာအသီးသီးကနေ ထွက်လာပြီး သူတို့နဲ့သက်ဆိုင်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေကြတယ် ဂျပန်ဂိုဏ်းကလဲ ရုတ်တရက် တိုက်ခိုက်ခံရတာကြောင့် ပိုပြီး အကျအရှုံးများတယ် ဂျပန်တွေကိုလဲ အထင်သေးမရဲဘူး ပြင်းပြင်းထန်ထန်ကို ခုခံကြတယ်

Baek တို့ကတော့ အမြင့်တစ်နေရာကနေ ကိုယ့်ရဲ့ဂိုဏ်းသား အခြေအနေကိုစောင့်ကြည့်ပြီး အပေါ်ကနေ ပစ်ပေးနေရတယ် fire ကတော့ ဂျပန်ဂိုဏ်းချုပ်ရှိရာကိုပဲ ဦးတည်ပြီးသွားတာ သူ့ရဲ့ချစ်ရသူအတွက် လက်စားချေပေးရမယ်လေ

ဂိုဏ်းချုပ်ဆီရောက်တော့ Yeol ကိုတားဆီးလာတဲ့ ဂျပန်ဂိုဏ်းချုပ်ရဲ့ ညာလက်ရုံးတစ်ယောက်နဲ့အသည်းအသန်တိုက်ခိုက်နေရတယ် ကျည်တွေက ကုန်နေပြီလေ လမ်းတစ်လျှောက်မှာ ပစ်ခဲ့ရတဲ့လူပေါင်းက မနည်းဘူး

Yeol ခြေထောက်နားကဖွက်ထားတဲ့ ဓားလေးနဲ့ ညာလက်ရုံးရဲ့ လည်ပင်းကို ထိုးစိုက်လိုက်ပြီး သူတို့ရန်ပွဲက အဆုံးသတ်သွားခဲ့တယ် နောက်ဂုဏ်းချုပ်ကိုသတ်ရန် သွားပေမဲ့ အဲ့ ဂျပန်ဂိုဏ်းချုပ်ရဲ့ ဘယ်ကနေဘယ်လိုရသွားမှန်းမသိတဲ့သေနတ်နဲ့ ပစ်လေတော့ အကာအကွယ်ယူရတာပေါ့ အချိန်ဆွဲနေလို့ကတော့ ပြီးတော့မှာမဟုတ်မှန်းသိတာကြောင့် ဓားတိုလေးကို ဂိုဏ်းချုပ်ရှိရာသို့ ပစ်ပေါက်လိုက်တယ်

𝐷𝑟𝑒𝑎𝑚𝑖𝑛𝑔 𝑎𝑏𝑜𝑢𝑡 𝑜𝑛𝑒 𝑑𝑎𝑦(ရပျနား)Where stories live. Discover now