🎋19🎋(Z+U)

107 16 3
                                    

နေရောင်ခြည် နွေးနွေးလေးက လိုက်ကာစမှဖြတ်ပြီး ကုတင်ပေါ်တွင်ငြိမ်းချမ်းစွာအိပ်ပျော်နေတဲ့ လူသားနှစ်ယောက်ဆီသို့ ဖြာကျလျက်ရှိတယ်

Chanyeol က baekhyun ကိုယ်လေးကို တင်းတင်းကြပ်ကြပ် ဖက်ပြီးလွတ်ထွက်သွားမှာစိုးရိမ်သည့်အလား ဖက်ထားတယ်

Baekhyun က chanyeol ရဲ့ ရင်ဘက်ထဲကနေ လှုပ်စိရွစိနဲ့ နိုးလာခဲ့တယ် သူ့ကိုဖက်ထားတဲ့ လူကြီးကိုမော့ကြည့်လိုက်တော့ နမ်းချင်စရာကောင်းတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ ချောမောတဲ့ မျက်နှာသွင်ပြင်လေးရယ် အမြဲတမ်း သူ့ကိုဆို စိတ်ပူပေး စိုးရိမ်ပေးတဲ့ သူ့ရဲ့ နှစ်ယောက်မရှိတဲ့ချစ်ရသူ

Baek ရဲ့ လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ပါးပြင်ကိုကိုင်ပြီး နှုတ်ခမ်းလေးကို ထိကပ်ရုံလေး နမ်းလိုက်တယ် ဒါပေမဲ့ ကြီးမားတဲ့လက်တစ်စုံက baek ရဲ့ ခေါင်းကို ထိန်းကိုင်ပြီး စွဲမက်စရာ အနမ်းကြမ်းတွေကို ဆက်လက်ဖန်တီးသွားတယ်

အချိန်တစ်ခုကြာတဲ့အထိ နမ်းပြီးတဲ့နောက် နှုတ်ခမ်းသားလေးတွေ အချင်းချင်း ကွာဝေးသွားတဲ့အခါ

baek'' channie ဗျာ အကျင့်မကောင်းဘူး baek baek လေးမောသွားတာပဲ ''

Yeol'' ဟော....ဒါဆို ဘယ်သူကအရင် လာနမ်းလဲပြော ''

Baek'' ဟွန့် ထိရုံလေးပါနော် channie က အားကြီးနဲ့ နမ်းတော့ baek baek လေး မောသွားပြီ ''

Yeol'' aigoo... ဟုတ်ပါပြီ အခုတော့ ထတော့နော် ကိုယ်တို့ CY ကိုသွားကြမယ်လေ ''

Baek'' nae အပြန်ရောက်ရင် ကစားကွင်းသွားကြမယ်နော် baek baek ကအရင်က လူများတဲ့နေရာတွေဆိုသွားလို့မရဘူး 😞''

Yeol'' ဟုတ်ပြီ ကိုယ်လိုက်ပို့မယ်နော် အခုတော့ ကိုယ်က ကိုယ့်ရဲ့ပါပီလေးကို မျက်နှာသစ်ပေးမယ် ''

ပြောပြီးတာနဲ့ ဘေးနားက ကလေးပေါက်စကို ချီလိုက်တော့ အသံစူးစူးထွက်လာတဲ့အပြင် လက်တွေကလဲမငြိမ်မနေဘဲ ထုရိုက်ခြင်းကိုခံရလေရဲ့

Baek'' ဟာ....channie အောက်ပြန်ချပေးလို့ baek baek ကိုယ့်ဘာကိုယ်သွားပါမယ်ဆို ''

ဒီလိုနဲ့ပဲ တစ်နေ့တာကို ပျော်ရွှင်ကြည်နူးစရာတွေနဲ့ စတင်ခဲ့တယ် တစ်ယောက်နဲ့တစ်ယောက် စရင်းနောက်ရင်းနဲ့ CY com သို့ချီတက်ခဲ့ကြတယ်








𝐷𝑟𝑒𝑎𝑚𝑖𝑛𝑔 𝑎𝑏𝑜𝑢𝑡 𝑜𝑛𝑒 𝑑𝑎𝑦(ရပျနား)Tahanan ng mga kuwento. Tumuklas ngayon