🎋7🎋(Z+U)

147 16 2
                                    

Yeol က ဂိုဏ်းအတွက်ကော အလင်းဘက်ခြမ်းက CY Gp ကောဆိုတော့ အလုပ်တွေအရမ်းများနေတာလေ အာ့ကြောင့် သူ့ရဲ့ သူငယ်ချင်း အတွင်းသိ အစင်းသိ နှစ်ယောက်ကလဲ yeol စစချင်း လမ်းမှားရောက်ကတည်းက အဖော်အဖြစ်ပါလာရင်းနဲ့ ဂိုဏ်းထဲကို auto ဝင်မိသွားတယ်

Yeol က မိဘတွေမရှိတော့ဘူးလေ ငယ်ငယ်ကတည်းက ဂေဟာမှာသွားထားခဲ့တာ ဆွေမျိုးနီးစပ်တွေလဲမရှိတော့ ၁၀နှစ်အရွယ်ကလေးအတွက်က ဂေဟာကအသင့်တော်ဆုံးပဲလေ

ဂေဟာကို ရောက်တော့ ဝဝတုတ်တုတ်လေးမို့ ကလေးတိုင်းက စကြ အနိုင်ကျင့်ကြပေါ့ အဲ့မှာ သူနဲ့ရွယ်တူကလေး ၂ယောက်က အမြဲတမ်း သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးတယ်

sehun နဲ့ kai ရယ်လေ သူတို့နှစ်ယောက်က ဂေဟာမှာ အသက် ၅နှစ်လောက်ကတည်းက တူတူစွန့်ပစ်ခြင်းခံရတာ အမွှာတွေလေ ရုပ်တော့မဆင်ပေမဲ့ပေါ့ yeol ဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိ yeolကို ညီလေးတစ်ယောက်လိုသဘောထားကာ ကာကွယ်ပေးကြတယ် yeol ကလဲ sehun kai တို့ကလွဲပြီး ဘယ်သူနဲ့မှ စကားမပြောခဲ့ဘူး ဒါကြောင့်လဲ အမွှာနှစ်ယောက်က chanyeol ကိုအမြဲကာကွယ်ပေးတာပေါ့

အသက် ၁၈ နှစ်ရောက်တော့ yeol ဂေဟာမှာနေမပျော်တော့ဘဲ ကိုယ့်ဘာကိုယ်တိုးတက်အောင်လုပ်မယ်ဆိုပြီး ကြုံတဲ့အလုပ် ရတဲ့အလုပ်မှန်သမျှလုပ်ခဲ့တယ် အထက်တန်းနဲ့ကျောင်းပြီးခဲ့ပေမဲ့ အမွှာနှစ်ယောက်က chanyeol ထက် တစ်နှစ်ကြီးတယ်လေ သူတို့လဲ ကျောင်းတက်တုန်းပါပဲ ဒါကြောင့် အချိန်ပိုင်းအလုပ်တွေ အကုန်လုပ်ပြီး သူတို့တူတူ ခေါင်မိုးထပ်လေးမှာ တူတူငှါးနေကြတယ်

Yeol ကတော့ ကျောင်းဆက်မတက်တော့ဘဲ အလုပ်တွေပဲ သိမ်းကြုံးလုပ်ခဲ့တယ် နောက်ဆုံး ပိုက်ဆံရတာ များတဲ့ club မှာ ဝန်ထမ်းအဖြစ်လုပ်ခဲ့တယ် မန်နေဂျာကလဲ chanyeol ရဲ့ ကြိုးစားမှုကို သဘောကျတာကြောင့် club ပိုင်ရှင် သူဌေးနဲ့ မိတ်ဆက်ပေးခဲ့တယ် yeol မသိတာက ဒီclub ဟာ မှောင်ခိုလုပ်ငန်းတွေပါ တွဲပြီးလုပ်ကိုင်နေတယ်ဆိုတာပါပဲ

နောက်ဆုံး yeol သိသွားတဲ့အချိန်မှာ ပြန်ထွက်ဖို့လဲအဆင်မပြေ ဆက်လုပ်ရင်လဲ ပိုက်ဆံတွေရမယ် သူ့ကိုငယ်ငယ်က ကာကွယ်ပေးခဲ့တဲ့ sehun kai တို့ရဲ့ ကျောင်းတက်တာကိုအကူအညီရမယ်ဆိုပြီး ဆက်လက် လုပ်ကိုင်ခဲ့တယ် လောဘရဲ့ သားကောင်ပဲ ဖြစ်သွားလေသလားတော့မသိ တစ်ဖြည်းဖြည်းနဲ့ sehun kai တို့လဲရိပ်မိလာတယ် ဘယ်လောက်တားတား တားလို့မရတာကြောင့် သူတို့နှစ်ယောက်လဲ ပညာရေးတစ်ပိုင်းတစနဲ့ yeol နောက်လိုက်ခဲ့ကြတယ်

𝐷𝑟𝑒𝑎𝑚𝑖𝑛𝑔 𝑎𝑏𝑜𝑢𝑡 𝑜𝑛𝑒 𝑑𝑎𝑦(ရပျနား)Where stories live. Discover now