🎋20🎋(Z+U)

108 16 6
                                    

Com ရဲ့ ရုံးခန်းကိုသွားတဲ့ လမ်းတစ်လျှောက်မှာ CEO ရှေ့ကသွားတဲ့ အရမ်းချောတဲ့ လူငယ်လေးကို မိန်းကလေးတွေက ငမ်းနေကြတယ် အဲ့လူငယ်လေးကလဲ အပြုံးပန်းတွေ ဝေဝေဆာဆာနဲ့လေ အဲ့လူငယ်လေးဘေးက ကောင်လေးရဲ့ အကြည့်တွေကိုသတိမမူမိကြဘဲ ငေးကြည့်နေတော့

Baek ကသူ့ရဲ့အပိုင် လူကြီးကို မျက်စိအစာကျွေးနေကြတဲ့ ကောင်မလေးတွေရဲ့ မျက်လုံးကိုဖောက်ထုတ်ပစ်ချင်တာ ကိုယ့်လူကြီးကလဲ ချောလွန်းတာကိုး ဒါကြောင့် yeol ရဲ့လက်မောင်းလေးကိုချိတ်ပြီး သူ့အပိုင်ပါဆိုတဲ့ မျက်နှာနဲ့ ကောင်မလေးတွေဘက်ကို လေဆာတွေပစ်နေလေရဲ့

Yeol က အစကတည်းက သူ့ကို ကြည့်တာသိတယ် baek ဘာလုပ်မလဲဆိုတာသိချင်တာနဲ့ မျက်နှာကို ပြုံးထားတော့ ဘေးနားက ပါပီလေးက ချက်ချင်းပဲ ကိုယ့်လက်မောင်းကို လာချိတ်တာ

Yeol '' ဟဟ....''

Baek'' ဟွန့် ဘာရီတာလဲ channie က ''

နှုတ်ခမ်းကို ထော်ပြီး မကျေမနပ်နဲ့ ရန်လာတွေ့တဲ့ကောင်လေး
Yeol က လက်မောင်းကိုချိတ်ထားတဲ့ baek ခေါင်းလေးကိုဖွပြီး

Yeol'' ချစ်ဖို့ကောင်းလို့ ကိုယ့်ရဲ့ပါပီလေးက ''

Baek'' မြန်မြန်သွားမယ် လမ်းကိုမြန်မြန်လျှောက် ''

Baek ကပြောပြီး yeol ရဲ့လက်မောင်းကို ဆွဲကာ လမ်းမြန်မြန်လျှောက်နေတယ် အနောက်က sehun ကတော့ အရှေ့က နှစ်ယောက်ကိုကြည့်ရင်း luhan ကို လွမ်းသထက် လွမ်းနေတော့တယ် မတွေ့ရတာ ၁၀နာရီတောင် ကြာသွားပြီလေ 😐



အရေးပေါ်အစည်းအဝေးခေါ်တယ်ဆိုတော့ အစည်းအဝေးမစခင် နာရီဝက်လောက် sehun နဲ့ chanyeol က W gp အကြောင်းကို ဆွေးနွေးနေကြတယ်

Baek ကတော့ အေးချမ်းလွန်းပါတယ် ph လေးတစ်လုံး power bank လေးနဲ့ Mobile legend ကို အားကြိုးမာန်တက် ဆော့နေတယ် စားပွဲရှေ့မှာလဲ မုန့်တွေအချိုရည်တွေနဲ့

Yeol'' hyunee ရေ ကိုယ်အစည်းအဝေး ခဏသွားတက်မလို့ ရုံးခန်းထဲမှာနေခဲ့မလား ကိုယ်နဲ့တူတူလိုက်ခဲ့မလား ''

Baek'' ဟင်အင်း baek baek နေခဲ့မယ် baek baek ဂိမ်းဆော့နေမယ်လေ မလိုက်ဆော့ဘူး အဘိုးကြီးတွေ အငြင်းပွားတာကို ထိုင်ကြည့်နေတာ ပျင်းဖို့ကောင်းတယ် ''

𝐷𝑟𝑒𝑎𝑚𝑖𝑛𝑔 𝑎𝑏𝑜𝑢𝑡 𝑜𝑛𝑒 𝑑𝑎𝑦(ရပျနား)Wo Geschichten leben. Entdecke jetzt