arc-1.5(လူးဆာ ဘဝ)

3.5K 439 37
                                    

Zawgyi

    "ခွေးမသားတွေ...သေချင်လို့ငါ့ညမကို လာထိတာလား"

သူလဲဆဲဆိုပြီး သူ့ညမကို နမ်းနေတဲ့ကောင်ကို ဂုတ်ကဆွဲပြီး မျက်ခွက်ကို အဆက်မပြတ်ပိတ်ထိုးနေလိုက်သည်။ ကျန်တဲ့ကောင်တွေက ဝင်လာပြီးသူ့ကို တိုက်ခိုက်တာကြောင့် သူလဲ ဝမ်းဗိုက်တွေကို ကန်လိုက်ပြီး လက်တွေချိုးလိုက်တယ်။ အဲ့အချိန်......

     "ကိုကို..အနောက်မှာ..သတိထား."

အဲလပ်(စ်)သတိပေးသံနဲ့အတူ ခေါင်းကမိုက်ခနဲဖြစ်သွားပြီး သွေးတွေက စီးကျလာခဲ့သည်။ သူ့အသားနာသွားတာကြောင့် စိတ်တိုပြီး အနောက်လှည့်ကြည့်လိုက်တော့ ဇာတ်လိုက်မက တုတ်ကြီးကိုင်ထားပြီး သူ့ကိုထိန့်လန့်စွာကြည့်နေပြီး...

      "ငါ...ငါ..မင်းကိုရိုက်တာမဟုတ်ပါဘူး..ဒီတိုင်း..."

      "fuckဘဲ...ငါ့ကိုမရိုက်ဘဲ ဘောမို့ ငါ့ခေါင်းကသွေးထွက်လာမှာလား..... သောက်ကောင် မင်းအရင်တစ်ခါခံထားရတာ မမှတ်သေးဘူးထင်တယ် ၊ အဟက်....မှတ်သွားအောင်လုပ်ပေးမယ်"

သူမဲ့ပြုံးပြုံးပြီး ဇာတ်လိုက်မနားကို လျှောက်သွားလိုက်တော့ သူတစ်လှမ်းလျှောက်ရင် ဇာတ်လိုက်မက တစ်လှမ်းဆုတ်သွားတာကြောင့် သူရယ်လိုက်ပြီး.....

        "ဘာလဲ....ကြောက်နေတာလား "

        "မင်း..မင်း.အရှေ့တိုးမလာနဲ့နော်"

သူအမြန်ဘဲ ဇာတ်လိုက်မ လက်ထဲကတုတ်ကို လုလိုက်ပြီး အဲ့ကျက်သရေတုံးကောင်ကို တုတ်နဲ့ အားရပါးရကို ရိုက်နေလိုက်တယ်။ အားပြင်းတာကြောင့် ဇာတ်လိုက်မ တစ်ကိုယ်လုံး သွေးတွေနဲ့. နီရဲနေတော့တယ်။ ဇာတ်လိုက်မကို ရိုက်နေတာ အဲလပ်(စ်) ခေါ်တော့မှ အသိဝင်တော့တယ်။

        "ကိုကို...တော်ပါတော့ ၊ သူသေသွားလိမ့်မယ်။ အီးဟီးဟီး....မရိုက်ပါနဲ့တော့ သူသေ သွားရင် ကိုကို ဒုက္ခ ရောက်လိမ့်မယ်၊ အီးဟီးဟီး...... "

အဲလပ်(စ်)ကိုကိုရဲ့ အခုလိုကြောက်စရာကောင်းတဲ့ပုံစံကို မမြင်ဘူးတာကြောင့် ကြောက်လန့်နေမိသည်။ နောက်ပြီး ဂျော့ကို ကြည့်လိုက်တော့ သွေးတွေက မြင်မကောင်းအောင်ထွက်နေပြီး မျော့မျော့ပဲ ကျန်တော့တယ် ။ အကယ်၍ ဂျော့သေ သွားရင် ကိုကို..ဒုက္ခရောက်လိမ့်မယ်၊ အဲ့တာကြောင့်သူ ကိုကို့ကို ငိုပြီးအော်ပြောလိုက်မှ ကိုကိုက အသိဝင်လာဟန်ဖြင့် မိမိနားပြေးလာပြီး.......

 Villian'sWo Geschichten leben. Entdecke jetzt