arc(2.7)

1.4K 151 9
                                    

Zawgyi

ဆေးရုံထဲကထွက်လာပြီးနောက် အစားအသောက်တွေ ယူဖို့mallတွေထဲဝင်ခဲ့ကြပြီး mallထဲမှာ zombie တွေသိပ်မရှိတာကြောင့် အစားအသောက်တွေကို အမြန်ယူကာ ကားတွေဆီသယ်လာခဲ့ကြသည်။

"host ဆိုးလ်ယွန်း က zombie တွေကို မျှားခေါ်လုပ်နေပြီ "

System စကားကြောင့် ဂျီဝွန်း လဲ ဘေးပတ်လည်ကိုကြည့်လိုက်တော့ ဇာတ်လိုက်မပါမလာတာကို တွေ့လိုက်တယ်။ သူလဲမျက်မှောင်ကြုတ်ကာ

"ဆိုးလ်ယွန်းက ဘယ်ရောက်နေတာလဲ "

သူပြောလိုက်တော့ အကုန်လုံးက ဇာတ်လိုက်မပျောက်နေတာကို သတိထားမိသွားကာ အဖွဲ့ဝင်တစ်ယောက်က

"ခေါင်းဆောင် သူမ ဟိုဘက်ထွက်သွားတာမြင်လိုက်တယ်"

ဂျီဝွန်း တို့နဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ အဆောက်အဦတွေဘက်ကို လက်ညိုးထိုးပြကာပြောလေသည်။ သိပ်မကြာဘူး ဇာတ်လိုက်မက သူတို့ဘက်ပြေးလာတာကို တွေ့လိုက်ရတယ်။ သူမနောက်မှာလဲ zombie တွေအုပ်လိုက်ပါလာတယ်။

"လီးဘဲ သောက်ချီးစားဇာတ်လိုက်မ "

ဂျီဝွန်း စိတ်ထဲမှကျိမ်ဆဲကာ ကြောင်အနေတဲ့လူတွေကို

"သေချင်လို့ကြောင့်ကြည့်နေကြတာလား "

သူအော်ပြောလိုက်မှ အကုန်လုံးက အသိဝင်ကာ သေနတ်တွေနဲ့ပစ်ခတ်ကြတော့တယ် ဒါပင်မဲ့ မျိုးကွဲ zombie ၅ကောင်လောက်ပါတာကြောင့် ထင်သလောက်မထိရောက်ဘူး ၊ ဇာတ်လိုက်မကလဲ သူတို့အနားရောက်လာပြီမို့ ကားတွေပေါ်တက်ကာ မောင်းပြေးဖို့ပြင်ရတော့သည်။

"အချစ် မသွားနဲ့ ကိုယ့်နားမှာဘဲနေနော် "

ဂျီဝွန်း ကိုယ်တိုင်သွားသတ်မလို့ကို ဂျီယောင်းက လက်ကိုဆွဲထားကာ ပေးမသွားတာကြောင့် ကားထဲရှိ ဗုံးတစ်လုံးယူကာ zombie တွေကြားထဲပစ်ထည့်လိုက်သည်။ zombie တွေတစီပြုတ်ထွက်ကာ ကျန်ခဲ့တော့မှ လူတိုင်းအသက်ဝဝရူက သက်ပြင်းချနိုင်တော့သည်။

ကားထဲရှိလူတွေဟာ ဆိုးလ်ယွန်း ကို မကြည်ကြည့်တွေနဲ့ကြည့်ကာ မျက်ဝန်းထဲမှ မုန်းတီးမူတွေကို မဖုံးကွယ်ထားပေ။ ဂျီဟွန်း လဲမိမိကြိုက်တဲ့သူက ဒီလိုမကောင်းတဲ့သူမှန်းသိလိုက်ရလို့ စိတ်မကောင်းမိတာအမှန်ပင်။ ရုပ်လေးချောသလောက် စိတ်ဓာတ်အောက်တန်းကျမှတော့ ဘာသုံးစားလို့ရမှာလဲ ။

 Villian'sWhere stories live. Discover now