arc(2.5)

1.6K 230 12
                                    


Zawgyi

ဂျီဝွန်းစခန်းစရောက်တဲ့နေ့ကစပြီး ဂျီယောင်းကနောက်ကနေ တစ်ကောက်ကောက်လိုက်နေတာကြောင့် သူမှာဘယ်မှတောင်မထွက်ရဲပေ။ နောက်ပြီး အသားလဲအရမ်းယူတာကြောင့်မတွေ့အောင်ပတ်ရှောင်နေတာ ဒီနေ့နဲ့ဆို၃ရက်ရှိပြီ ။ အခုလဲ ဇာတ်လိုက်မနားသွားပြီး ရန်စမလို့ပါဆို ဂျီယောင်းက တံခါးအပြင်ဘက်မှာရောက်နေတာကြောင့် သူ့မှာအပြင်ဘဲထွက်ရမလား ၊ မထွက်ရဘူးလားဆိုတာ ဝေခွဲမရဖြစ်နေတော့တယ်။

နောက်ဆုံးတော့လဲ မတွေ့ချင်လို့ အပြင်မထွက်ဖို့ဆုံးဖြတ်ကာမှ ကံတရားကသူ့ဘက်မပါချင်ဘူးနဲ့တူတယ်။ အဖေဖြစ်သူက တံခါးဖွင့်ပြီး ဇာတ်လိုက်ကြီးကို အထဲခေါ်လိုက်တော့တယ်။

"ခေါင်းဆောင်လာလေ ရောက်နေတာကိုအထဲမဝင်ဘဲ အပြင်မှာဘာလို့ရပ်နေတာလဲဗျ "

"ကျွန်တော် အခုမှ ရောက်တာပါ မစ္စတာယွန်း "

ဂျီဝွန်း အပြင်ထွက်လာမှာကိုအ ပြင်မှာ၂နာရီလောက်ရပ်စောင့်နေခဲ့တာကိုတော့ မပြောတော့ပါဘူး ။ယောက္ခမက ဖိတ်ခေါ်နေတော့လဲ ငြင်းမကောင်းလို့ ဝင်လိုက်ပါမယ်လေ ၊ အမြင်ကြည်အောင်လုပ်ထားမှ နောင်အခါသူနဲ့ဂျီဝွန်းကို သဘောတူမှာ ။ ထိုအတွေးနဲ့အတူ သူ့မျက်နှာမှာ အပြုံးတွေပေါ်လာရတော့တယ်။ ကောင်လေးကိုကြည့်လိုက်တော့ သူ့ကိုစိတ်ရှုပ်စရာတစ်ခုလိုကြည့်နေတာကြောင့် သူမျက်မှောင်ကြုံလိုက်တယ်။ ထို့နောက်......

"ဂျီဝွန်း ကိုယ်နဲ့ခနလောက်စကားပြောရအောင် "

ကောင်လေးပြန်ပြောတာကိုမစောင့်တော့ဘဲ လက်ဆွဲကာ အခန်းတစ်ခန်းထဲ ဝင်ပြီး လော့ချလိုက်တယ်။ ကောင်လေးကသူ့ကို စိတ်ရှုပ်စရာလိုကြည့်နေတာကို သူတကယ်မကြိုက်ဘူး ။

"ဂျီဝွန်း မင်းကိုယ့်ကိုဘာလို့ရှောင်နေတာလဲ "

"............."

"ကိုယ်မေးနေတာဖြေလေ ဘာလို့တိတ်နေတာလဲ "

ရှေ့က ဂျီယောင်းပုံစံကိုကြည့်ပြီး သူတကယ်လန့်လာရတယ်။ မျက်လုံးတွေနီရဲနေပြီး အံ့ကြိတ်ထားတာကြောင့် မှေးကြောတွေထောင်နေကာ လူကိုစိုက်ကြည့်နေတာက အစိမ်းလိုက် ဝါးစားတော့မလိုဘဲ ။ သူပြန်မဖြေမချင်း လက်မောင်းကိုကိုင်ထားတဲ့လက်ကပိုပိုတင်းကြပ်လာပြီး အရမ်းနာလာရတယ်။

 Villian'sWhere stories live. Discover now