arc(2.2)

1.8K 239 12
                                    


Zawgyi

ဂျီယောင်းတို့စခန်းအပြင်ဘက်မှာ အသက်ရှင်ကျန်တဲ့သူတွေကို လာရှာရင်းနဲ့ A cityအပြင်ဘက်ရောက်တော့ တိုက်ခိုက်သံကြားတာကြောင့် ဒုလက်ထောက်ဘတ်ဂျီဟွန်းကို

"ဂျီဟွန်း..ဟိုဘက်မှာ တိုက်ခိုက်သံကြားတယ်  သွားကူလိုက် "

"ဟုကဲ့..ဗိုလ်ချုပ် "

ဂျီဟွန်းလဲ အသံကြားရာဘက်ကိုထွက်လာခဲ့လိုက်တယ်။ သူရောက်သွားတော့ အဖွဲ့တစ်ဖွဲ့က zombie တွေနဲ့တိုက်နေတာတွေ့လိုက်ပြီး ပထမဆုံးသတိထားမိတာက zombie တွေကိုတုတ်နဲ့ရိုက်ပြီး ကိုယ့်ကိုကိုယ်ကာကွယ်နေတဲ့ကောင်မလေးကိုဘဲ ၊ချောလိုက်တာ ခါးလောက်ရှိတဲ့ဆံနွယ်တွေကို ချည်ထားကာ အသားအရည်ကလဲ ဖွေးနေတာဘဲ မျက်လုံး မျက်ခုံး အား...ဘာအပြစ်မှပြောစရာမရှိဘူး ။ zombie သွေးတွေကမျက်နှာမှာအချို့စင်နေပြီး အဲ့ဒါကအလှမပျက်စေဘဲ ပိုလို့ဆွဲဆောင်မူရှိနေတော့တယ်။ သူငမ်းနေတုန်း.... အဲ့လေ ငေးနေတုန်း zombie တစ်ကောင်ကအနောက်ကနေတိုက်ခိုက်ဖို့ပြင်နေတာတွေ့တာကြောင့် လက်ထဲကသေနတ်နဲ့ချိန်ပစ်လိုက်တယ်။ ကျန်တဲ့ကောင်တွေကိုလဲ မြန်မြန်ရှင်းလိုက်ပြီး သူမလေးအနားသွားကာ......

"ဟေ့ ဒဏ်ရာရသွားသေးလား "

ဆိုလ်းယွန်းသူမရှေ့ကချောမောတဲ့လူကိုကြည့်ကာ စိတ်ဝင်စားသွားရတယ်။ဒီလူကသူမအပိုင်ဘဲ ၊ သူမလဲ ရှက်သွားဟန်လုပ်ကာ

"ဟုကဲ့ ဘာဒဏ်ရာမှ မရပါဘူးရှင့် ကယ်တင်ပေးတာကျေးဇူးတင်ပါတယ်"

"ရပါတယ်ဗျ....... ဒီနေရာကမလုံခြုံဘူး မြန်မြန်သွားရအောင်"

"ဟုကဲ့ "

ဆိုးလ်ယွန်းလဲ သူမအရှေ့ကလူကို အလှဆုံးပြုံးပြကာ  ထိုလူနောက်ကိုလိုက်သွားလိုက်တယ်။ ဟိုအဖွဲ့တွေ အကုန်သေသွားပြီထင်တယ် ကောင်းတာပေါ့ အဟက် ၊ ငါ့အတွက်အနှောင့်အယှက်ဖြစ်မှာမပူရတော့ဘူး။ သူမတို့ နဲနဲကာလမ်းလျှောက်လာပြီးတဲ့အချိန်မှာ စစ်သုံးကား ၃စီးနဲ့ ကုန်ကားအကြီးကြီး ၂စီးကိုတွေ့ရပြီး နောက် စစ်သားအများအပြားကိုလဲတွေ့ရတယ်၊ သူမဘေးကလူက ထိပ်ဆုံးကားနားမှာရှိတဲ့ လူတစ်ယောက်ကို အလေးပြုပြီး...

 Villian'sWhere stories live. Discover now