Part 1

10.5K 332 44
                                    


Uke-ဟန်ထယ်ဦး
Seme-နေသူရဇ္ဇ
✨✨✨✨✨✨✨✨

နာရီလက်တံအတိုဟာ မနက်တစ်နာရီတိတိကို ညွှန်ပြနေသည်အထိ ကျနော်မအိပ်နိုင်သေး။
ကျနော်၏အကြင်သူသည် ဒီတစ်ရက်လဲ နောက်ကျပြန်သည်။

တချို့ညတွေ မိုးလင်းသွားသည်အထိ ကျနော့်အသည်းအိမ်သည် ပြန်ရောက်မလာတက်။
အိမ်ပြန်လမ်း မမှတ်မိ၍လားသတ်မှတ်ချင်သော်လည်း
သူသည် ကလေးတစ်ယောက်မဟုတ်သလို ဆယ်ကျော်သက်ယောကျာ်းငယ်တစ်ယောက်လဲဟုတ်မနေခဲ့။

အသက်ဆုံးဆယ်နားကပ်နေသည့် အိမ်ထောင်ရှိယောကျာ်းတစ်ယောက်။
ထိုယောကျာ်းဟာ နေ့စဉ်ရက်ဆက် ဤမျှအထိ အိမ်ပြန်နောက်ကျရန် သင့်တော်၏လား။
နေ့စဉ်ရက်ဆက်ဆိုသော်……တစ်နည်းအားဖြင့် ခုနစ်နှစ်နီးပါးသာ။

နာရီပြန်နှစ်ချက်တီးခါနီးတွင် ကားသံကြားရပြီဖြစ်သည်။
အရှုံးပေးချစ်သူကျနော်ကပဲ အိမ်တံခါးသွားဖွင့်ဖို့ ခြေကြွရတော့သည်။

ခြံအပြင်ရှိမြင်ကွင်းက ကျနော့်အား နေသားကျစေသည်ဆိုရမလား။
ကျနော့်အနမ်းတို့ကို ငတ်မွတ်စွာတုန့်ပြန်ခဲ့ဖူးသည့် နှုတ်ခမ်းငယ်ဟာ မိန်းမငယ်တစ်ဦး၏ လည်ပင်းသားတို့ထက် နေရာယူလျှက်။
ထိုမိန်းမငယ်သည်လဲ ကျနော်မမြင်ဖူးပြန်သည် တစ်ယောက်သာ။

^see you next day^ ဆိုသည့် ကျနော့်အကြင်သူ၏စကားအရ ထိုမိန်းမငယ်နှင့် နောက်ရပ်ထပ်တွေ့အုံးမည့်သဘောပင်။

ကြိုက်သလိုနေပါ အကြင်သူ။
ငါဆိုတဲ့လူသားက မင်းခြေရင်း ဝပ်ဆင်းနေကြပဲမို့ အဆင်ပြေပါတယ်။

"နောက်ကျလိုက်တာ မင်းသောက်လာတာလား"

"မင်း စောက်ပူလား ဟန်ထယ်ဦး"

ကျနော့်အပူပေပဲပေါ့။
ဒါကို သူမသိလေရော့သလား။
နေသူရဇ္ဇ ဆိုသည့် သူဟာ ကျနော်ယောကျာ်းပေကိုး။
သူ့ကို ကျနော်မှ စိတ်မပူရင် ဘယ်သူက ကိုယ်စားပူပေးပါ့မလဲ။

"ငါတွဲမယ်"

သူ့ထံတွဲဖို့ပြင်သည့် ကျနော့်လက်အား ရိုက်ထုတ်ပြန်သည်ကလဲ အကြိမ်များစွာမို့ ဟန်ထယ်ဦး ဆိုသည့် ကျနော့်အတွက် မဖြုံသာတော့။
လဲကျလျှင် တမံသလင်းနဲ့ရိုက်ကာ ခေါင်းကွဲမည်စိုးတာကြောင့် အတင်းတွဲသော်လည်း အားပါသည့် တွန်းချက်တစ်ခုသာ ကျနော်ပြန်ရခဲ့သည်။

ချစ်ရသည်က...အသက်ထက်ဆုံး✨ခ်စ္ရသည္က...အသက္ထက္ဆံုး✨(Completed) Where stories live. Discover now