Part 2

2.2K 152 21
                                    


"သူရဇ္ဇ"

အလုပ်သွားတော့မည့် အသည်းအသက်နား
ထယ်ဦးလာခဲ့သည်။

"ဘာလဲ မင်းမှာပြောစရာမကုန်ဘူးလား"

"ငါတို့ မင်္ဂလာသက်တမ်း8နှစ်ပြည့်မှာ
ခရီးထွက်ရအောင် သမီးကိုလဲအပျော်ခရီးပို့ပေးချင်လို့"

"မင်္ဂလာသက်တမ်း…ဒီနှစ်တွေအတွင်း အဲ့ကလေး မျက်နှာမြင်ရတာ ငါ့အတွက် မင်္ဂလာရှိနေတယ်ထင်လို့လား"

"ငါတောင်းပန်တာပါ ငါမင်းနဲ့အရင်လိုအဆင်ပြေချင်တယ်"

"အဲ့ကလေးနဲ့သွားချင်တာမဟုတ်လား
သွား…ငါကတော့ လိုက်နိုင်မှာမဟုတ်ဘူး
ငါ့စီက မင်းကိုလုယူသွားတဲ့ အဲ့ကလေးကို
ငါသေတောင်မချစ်ပေးနိုင်ဘူး
မင်းနဲ့လဲ အဆင်ပြေစရာအကြောင်းမရှိလို့
ကင်းကင်းပဲနေ"

"အဲ့လောက်အထိတောင် ငါ့ကိုမုန်းတယ်လားသူရဇ္ဇ
ငါမှားခဲ့ပါတယ် အဲ့ဒါကြောင့် ငါရှင်းပြတာကိုနားထောင်ပေးပါ"

"မှားခဲ့ပြီဆိုကတည်းက မင်းငါ့အပေါ် သစ္စာမရှိလို့ပေါ့ ဟန်ထယ်ဦးရယ်…ဘာမှလဲနားမထောင်ချင်လို့
ငါ့ကိုစိတ်အနှောက်အယှက်ထပ်မပေးနဲ့"

စိတ်ရှုပ်သွားဟန်ဖြင့် ကားပေါ်တက်ရန်ပြင်နေသည်။
အထိမခံချင်သည့် လက်ဖဝါးကိုဆုပ်ကိုင်မိတော့ နူးညံ့မှုတို့မပြောင်းလဲ။

"မချစ်တော့ဘူးလား"

ပြန်ဖြေမလာသလို လှည့်လဲကြည့်မလာခဲ့။

"သူရဇ္ဇ ဖြေပါအုံး ငါ့ကိုမချစ်တော့ဘူးလား
ဟွင်…"

"ငါမင်းနဲ့စကားဆက်မပြောချင်ဘူး ထယ်ဦး
ငါ့ကိုလွှတ်"

"ဖြေပါ ငါ့ကိုချစ်သေးရဲ့လား
ငါတကယ်သိချင်မိလို့"

"မင်းကအိမ်မှာနေပြီးအလုပ်လုပ်တဲ့သူမို့အားပေမဲ့
ငါမအားဘူး အရေးမပါတာမမေးဘဲ ငါအလုပ်နောက်မကျအောင်ပဲ မင်းလက်ကိုလွှတ်လိုက်တော့"

ထယ်ဦးထက်ပင် ခေါင်းမာခြင်းအမှုကို ပိုလုပ်တက်လာသည့် သူရဇ္ဇကအခုလဲ အဖြေမပေးခဲ့ဘဲ အလုပ်သို့ထွက်သွားခဲ့သည်။

ချစ်ရသည်က...အသက်ထက်ဆုံး✨ခ်စ္ရသည္က...အသက္ထက္ဆံုး✨(Completed) Where stories live. Discover now