Part 7

1.7K 133 16
                                    


"ကိုဦးရယ် ကူညီပါနော်
ကေသရီတကယ်မအားလို့ပါ"

"ကေသရီကလဲ ကျနော်ဘယ်လိုမှမဖြစ်လို့ပါ
သူဋ္ဌေးကိုလဲ ကျနော်အကျိုးအကြောင်းပြောထားပါတယ်
တခြားသူစီစဉ်ပေးနိုင်မှာပါ"

"ကေသရီက တခြားသူကိုမယုံဘူးလေ
ကိုဦးမို့ယုံကြည်တာ"

"ယုံကြည်ပေးတာကျေးဇူးတင်ပါတယ်
ကျနော်တကယ်မသွားချင်လို့ပါ"

"ဒီတခါပဲကူညီပါကိုဦးရယ်
အချိန်ကမကြာပါဘူး ကိုဦးသေချာ စီမံပေးမယ်ဆို တစ်နှစ်မပြည့်ခင်ပြီးနိုင်မှာပါနော်"

အကြောင်းအရင်းကတော့ ထယ်ဦးနဲ့သမီးသြစတေးလျရောက်ပြီး သုံးနှစ်အကြာမှ မြန်မာနိုင်ငံပြန်ဖို့အကြောင်းဖန်လာခြင်း။

ထယ်ဦးသြစတေးလျကိုမလာခင်
သူဋ္ဌေးစီမှာ ထွက်စာတင်ခဲ့သည်။
သူဋ္ဌေးက အကျိုးအကြောင်းဖုန်းဆက်မေးတော့
ထယ်ဦးကွာရှင်းတဲ့အကြောင်းပါပြောဖြစ်ခဲ့သည်။

အလုပ်မထွက်ခိုင်းဘဲ သြစတေးလျက သူ့ညီမ ကေသရီကုမ္မဏီမှာ ဝင်လုပ်ဖို့ချိတ်ပေးခဲ့သည်။
ကေသရီနဲ့သူဋ္ဌေးအကူအညီကြောင့် ထယ်ဦးနဲ့သမီးထင်သလောက်မခက်ခဲခဲ့ကြ။

ဘယ်တော့မှမပြန်ဖြစ်လောက်ဘူးထင်ထားပေမဲ့
အခုကိစ္စအတွက် ကေသရီကအကူအညီတောင်းလာသည်။
မြန်မာနိုင်ငံက လုပ်ငန်းရှင်တစ်ဦးရဲ့ အဆင်မြင့်အဆောက်အဦးအတွက် ကေသရီအား စီမံခန့်ခွဲရေးနှင့် ဒီဇိုင်းပညာအတွက်ကမ်းလှမ်းလာသည်ဟု သိထားရသည်။

အလုပ်များတဲ့ကေသရီက ထိုကိစ္စလက်ခံပြီးမှ
သွားဖို့အခက်အခဲရှိနေတော့ ထယ်ဦးကိုအကူအညီတောင်းနေသည်။
မကူညီချင်၍မဟုတ်။ ထယ်ဦးမှာလဲ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲမဟုတ်လား။
မတော်လို့ သူရဇ္ဇနဲ့ပြန်တွေ့ရင် မလိုလားအပ်တာတွေဖြစ်လာမှာစိုးသည်။

ထယ်ဦးမိဘတွေစီကိုတော့ သြစတေးလျရောက်ပြီး
သုံးလလောက်နေတော့ ဆက်သွယ်ကာ ကွာရှင်းသည့်ကိစ္စသူရဇ္ဇအမှားမဟုတ်ကြောင်း ထယ်ဦးသဘောအတိုင်းကွားရှင်းခြင်းဖြစ်ကြောင်း လှမ်းပြောခဲ့သည်။

ချစ်ရသည်က...အသက်ထက်ဆုံး✨ခ်စ္ရသည္က...အသက္ထက္ဆံုး✨(Completed) Where stories live. Discover now