Part 23

1.4K 92 19
                                    


သူရဇ္ဇရှိတဲ့ဆေးရုံကို မသိတာကြောင့် သူ့မေမေစီဖုန်းဆက်မေးလိုက်ရသည်။
အန်တီက ထယ်ဦးမေးတာကို ချက်ချင်းမဖြေသေးဘဲ
သူရဇ္ဇရဲ့လုပ်ရပ်တွေကိုတောင်းပန်ကြောင်း သူ့သားကိုခွင့်လွတ်ပေးစေလိုကြောင်းပြောသည်။

အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးထယ်ဦးစိတ်ထဲဘာအမျက်မှမထားကြောင်းပြောလိုက်ရသေးသည်။
ထယ်ဦးစီမှာ သူရဇ္ဇနဲ့ပတ်သက်ပြီး အမှန်တကယ်လဲ ဒေါသတွေ အမျက်ထွက်တာတွေရှိမနေခဲ့ဘူး။

ဒီအတိုင်း သူတို့နှစ်ယောက်ကြားမှာ ငါရှိနေလို့မဖြစ်ဘူးဆိုတဲ့စိတ်တစ်ခုကြောင့်ပဲ စိတ်မနာသည့်ကြားက လမ်းခွဲဖြစ်ခဲ့တာ။
အရင်ကလဲဝေးခဲ့ကြဖူးတာပဲ ပြန်မနီးစပ်ခင် ထပ်ပြီးဝေးကြတာ ဘာများဆန်းကြယ်တာမှတ်လို့လေ။

ဆေးရုံအပြင် ကားရပ်လို့ရသည့် နေရာမှာပဲ ကားကိုထားခဲ့ပြီး ဆေးရုံဝန်းထဲဝင်လာခဲ့သည်။

"ထယ်ဦး"

ဘယ်ကိုသွားရှာရမှန်းမသိသေးဘဲ ဟိုဘက်ဒီဘက်လိုက်ကြည့်နေစဉ် ခေါ်လိုက်သည့် သူရဇ္ဇအသံကြောင့်
ချက်ချင်းပြန်လှည့်မိသည်။

"သူရဇ္ဇ…မင်းဘာမှမဖြစ်ဘူးမို့လား
ဘယ်မှာထိခိုက်ထားလဲ"

လက်ထဲကအထုတ်တချို့နှင့် ရပ်နေသော သူရဇ္ဇအနား
အပြေးရောက်သွားကာ သူ့ခန္ဓာကိုယ်အား ဆုန်ချီဆန်ချီကြည့်ရင်း မေးနေမိသည်။

"ငါဘာမှမဖြစ်ပါဘူး မောင်
ဘာလို့ရောက်လာတာလဲ မိုးချုပ်နေပြီကို"

"မင်းကွာ…"

ထယ်ဦးအနည်းငယ်ရှက်မိသွားရပြီး သူရဇ္ဇကို အားမပါစွာတွန်းပစ်လိုက်သည်။
မချစ်တော့ဘူး ပြောခဲ့တာလဲ ကိုယ်ပဲဖြစ်ပြီး စိတ်ပူကာရောက်လာမိတာလဲ ကိုယ်တိုင်ပဲဖြစ်သည်။
ပြန်ဆက်ဖို့မလွယ်တဲ့ဆက်ဆံရေးမို့ အဆုံးသတ်ကြဖို့
ပြောခဲ့တာလဲ ကိုယ်တိုင်ဖြစ်ပြီး အရူးလိုဂရုစိုက်ချင်မိခဲ့တာလဲ ထယ်ဦးပဲဖြစ်သည်။

"မောင်…ငါ့ကိုမချစ်တော့ဘူးဆို
မပတ်သက်ချင်တော့ဘူးဆိုပြီး ငါ့ကိုစိတ်ပူနေခဲ့တာလား"

ချစ်ရသည်က...အသက်ထက်ဆုံး✨ခ်စ္ရသည္က...အသက္ထက္ဆံုး✨(Completed) Where stories live. Discover now