Part 21

1.3K 89 21
                                    


"သမီးလေး လေယာဉ်စီးရတာပင်ပန်းနေပြီလား
အိပ်ချင်လား"

"မပင်ပန်းပါဘူး ဖေရဲ့
ဖေနဲ့တွေ့ရမှာမို့ သမီးကပျော်နေတာ"

"အန်တီကေသရီနဲ့ လျှောက်မလည်ခဲ့ဘူးလားစာမေးပွဲပြီးတော့"

"ဟင့်အင်း ဖေ့ကိုလွမ်းလို့ အမြန်လာတာ
အန်တီကပြောတယ် ဖေနေမကောင်းဘူးတဲ့
အဲ့ဒါကြောင့် သမီးကလာပြီး ဂရုစိုက်ပေးချင်တာ"

"ဟုတ်ပါပြီ သမီးရယ်
အခုဖေလဲ အများကြီးနေကောင်းနေပြီ
အလုပ်လဲနားလိုက်ပြီမို့ နောက်တစ်လောက် ရန်ကုန်ပြန်ကြမယ် ဟိုမှာသမီးစိတ်တိုင်းကျလျှောက်လည်လို့ရတယ်"

"ဒီမှာလဲ လည်ချင်တယ် ဖေလိုက်ပို့"

"ပို့မှာပေါ့သမီးရဲ့
ပုဂံဘုရားတွေကို သမီးနဲ့အတူဖူးရအုံးမယ်"

ထယ်ဦးသမီးကို ရင်ခွင်ထဲကမချနိုင်။
သမီးပါးတွေကိုလဲနမ်းမဝနိုင်လွန်းလို့ နီရဲနေပြီဖြစ်သည်။
ကေသရီနဲ့ကိုခန့်ကတော့ ဘာမှဝင်မပြောသေးဘဲ
ထယ်ဦးတို့သားဖကိုသာထိုင်ကြည့်နေသည်။

"ကိုခန့်နဲ့ကေသရီလဲလိုက်မယ်မဟုတ်လား
ညနေ ဘုရားသွားဖူးရအောင်"

"အင်း သွားကြတာပေါ့
ကိုယ်လဲ အရင်ကအချိန်မအားတော့ ပုဂံကို တကူးတကမလာဖြစ်ဘူး…ကေသရီဆိုလဲ နိုင်ငံခြားမှာပဲအနေများတော့
ရောက်တောင်မရောက်ဖူးသေးဘူး"

"ကျနော်ရောပါပဲ…ရောက်ဖူးပေမဲ့
သေချာလေး ဘုရားမဖူးရဘူး…
သူရဇ္ဇနဲ့အမြဲစိတ်ဆိုးနေတာကြောင့်လဲပါတာပေါ့
သူလိုက်ပို့အောင်စောင့်နေတာ အခုထိသာ အချိန်တွေကြာသွားတယ် ဟား…ဟား……"

ထယ်ဦးပြောရင်း အသက်မပါစွာရယ်မိသေးသည်။
သူ့ဒယ်ဒီနာမည်ကြားတော့ သမီးက ထယ်ဦးကိုမော့ကြည့်လာသည်။

"ဖေဖေ…ဒယ်ဒီ့ကို တွေ့လို့ရလားဟင်
သမီးတွေ့ချင်လို့"

သူရဇ္ဇက သမီးအပေါ် ဘယ်တုန်းကမှ မချစ်ခဲ့ပေမဲ့
သမီးကတော့ သူ့ဒယ်ဒီကို ချစ်သည်။
သြစတေးလျမှာ ထယ်ဦးနဲ့ရှိတုန်းကလဲ
တခါတလေ သူရဇ္ဇကိုမေးတက်သည်။
ထယ်ဦးက မမေးဖို့မှာထားလို့သာ သိပ်မမေးတာ
သူ့စိတ်ထဲမှာတော့ သတိရနေတက်သည်။

ချစ်ရသည်က...အသက်ထက်ဆုံး✨ခ်စ္ရသည္က...အသက္ထက္ဆံုး✨(Completed) Where stories live. Discover now