Part 25(Final)

4.3K 168 67
                                    


ခွဲစိတ်မှုမတိုင်ခင် တစ်ပတ်အလို……

"ဒါကလတ်တလောမှ ဆေးစစ်ထားတဲ့ကျနော့်ရဲ့အချက်အလက်တွေပါ…"

သွေးအမျိုးစားကလဲထယ်ဦးနှင့်တူသည့်အပြင်
ကျန်းမာရေးကောင်းမွန်တဲ့သူဖြစ်တာကြောင့်
အစားထိုးခွဲစိတ်မှုက အောင်မြင်နိုင်ချေများသည်ဟု ဆရာဝန်ကတော့ပြောသည်။

ဒီရက်ပိုင်းထဲမှာ ထယ်ဦးအခြေအနေက ပိုဆိုးလာကြောင်းပြောတာမို့ နောက်တစ်ပတ်ထဲ ခွဲစိတ်မှုလုပ်ရတော့မည်။
သတိရတဲ့အချိန်နည်းကာ အမြဲတမ်းအောက်စီဂျင်ပိုက်နှင့်ပဲအသက်ရှူနေရသည်မို့ သူရဇ္ဇဝင်တွေ့သည့်အခါတိုင်း
ထယ်ဦးကအိပ်နေမြဲပင်။

ဒီအတောအတွင်း ဟန်မင်းကိုဂရုစိုက်ပေးဖို့ကြိုးစားသော်လည်း ဟန်မင်းက သူ့မိဘအိမ်ပြန်နေချင်သည်ဆိုတာကြောင့် ခွင့်ပြုလိုက်ရသည်။

ဒီနေ့ သူရဇ္ဇဆေးရုံကပြန်ရင်တော့ ဟန်မင်းကိုဝင်ခေါ်ရအုံးမည်။
မျက်နှာချင်းဆိုင်ဖို့ကြောက်နေတဲ့ အိမ်ပြေးလေးကို
အိမ်ပြန်လာဖို့ခေါ်မှဖြစ်မည်။

"ခန့်ညားနိုင်…ငါပြန်တော့မယ်"

"လိုက်ပို့ပေးရမလား"

"ရတယ် ထယ်ဦးကိုသာ စောင့်နေပေးလိုက်ပါ"

ဆေးရုံကနေ ဟန်မင်းမိဘတွေအိမ်ကိုလာခဲ့သည်။
ဟန်မင်းမိဘတွေကတော့ သူရဇ္ဇတို့နှစ်ယောက် စိတ်ဆိုးနေသည်ဟုပင်ထင်ပုံရသည်။
သူရဇ္ဇဝင်လာတာနဲ့ထသွားကြသည်။

"အိမ်ပြန်ရအောင် ကလေးရဲ့ပါးပါးလေး"

"ဟန်မင်း…ကလေး…ပြန်ကြရအောင်
စိတ်ဆိုးနေတယ်ဆိုလဲ ကိုယ့်ကိုစိတ်ကြိုက်လုပ်လို့ရတယ်လေ"

သူရဇ္ဇကိုလှည့်ကြည့်ပြီး နေရာမှထကာ အိမ်အပြင်ထွက်သွားသည်။
သူရဇ္ဇလိုက်လာတော့ ကားပေါ်မှာတက်ထိုင်နေပြီဖြစ်သည်။

"အိမ်တန်းပြန်မလား…ဘယ်သွားချင်သေးလဲဟန်မင်း"

"ကျနော်အိမ်ပဲပြန်မယ်"

"အင်း"

ပေါင်ပေါ်တင်ထားသော လက်ကလေးကို ဆွဲကိုင်တော့
အပြင်ကိုကြည့်နေရာက လှည့်ကြည့်လာသည်။

🎉 You've finished reading ချစ်ရသည်က...အသက်ထက်ဆုံး✨ခ်စ္ရသည္က...အသက္ထက္ဆံုး✨(Completed) 🎉
ချစ်ရသည်က...အသက်ထက်ဆုံး✨ခ်စ္ရသည္က...အသက္ထက္ဆံုး✨(Completed) Where stories live. Discover now