Part 18

1.5K 100 60
                                    


"ကိုကြီး"

"ခဏလေး ဟန်မင်း ကိုယ်လူကြီးတွေနဲ့ပြောနေတာ"

ဟန်မင်းက အားတုံအားနာဖြစ်နေခြင်း။
သူ့အပြစ်ရယ်လို့လဲပြောလို့မှမရတာ။
မရှောင်လွဲနိုင်ခဲ့တဲ့ ကိုယ်ကသာ မှားခဲ့သူကို။

"ကျနော့်ဘက်က ဟန်မင်းကိုတာဝန်ယူချင်တာကို
အန်ကယ်တို့ လက်ခံပေးစေချင်တာပါ
သိတဲ့အတိုင်း ကျနော်ကအိမ်ထောင်ရှိခဲ့တဲ့သူပါ
ပြီးခဲ့တဲ့အတိတ်လို့ ခေါ်လဲရပါတယ်"

"အန်ကယ်တို့လဲ အံ့သြရပါတယ် သူရဇ္ဇ
သားက ယောကျာ်းလေးတစ်ယောက်ဖြစ်နေပြီး
ကိုယ်ဝန်ဆောင်နိုင်တာက တကယ်မယုံနိုင်စရာပါ
သူ့ကောင်လေးနဲ့ဆိုရင်တောင် အခုလောက် အံ့သြမိမှာတော့မဟုတ်ဘူး မင်းနဲ့ဆိုတော့ တကယ်ကို ရှော့ခ်ဖြစ်မိတာ"

"အဲ့အတွက် တောင်းပန်ပါတယ်
မထင်မှတ်ဘဲဆိုတော့လေ"

"မင်းဘက်က အန်ကယ့်သားကို လက်ထပ်နိုင်တယ်ဆို
ကျေးဇူးတင်ပါတယ် သားကတော့ မင်းကို တော်တော်အားနာနေတာ"

"လက်ခံတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် အန်ကယ်
ကျနော်အလုပ်လေးရှိသေးလို့ ခွင့်ပြုပါအုံး"

"ကောင်းပြီသူရဇ္ဇ"

"ဟန်မင်း ကိုယ်နဲ့လိုက်ခဲ့မလား"

ဟန်မင်းနဲ့လဲစကားပြောစရာရှိတာမို့ခေါ်ဖြစ်သည်။
သူ့မိဘတွေရှေ့ဆိုတော့ အလုံးစုံပြောလို့ကမဖြစ်။

"ဟုတ် လိုက်ခဲ့မယ်ကိုကြီး"

ဟန်မင်းအိမ်ကနေအပြန်
သူရဇ္ဇအသိဆရာဝန်ရှိသည့်ဆေးရုံကိုဝင်လာခဲ့သည်။

"ကိုကြီး ဘာလို့လဲဟင်…ကျနော်လိမ်နေတယ်ထင်နေလို့လားဟင်"

ဟန်မင်းက မျက်ရည်ဝိုင်းနေရင်းပြောသည်။
အကျိုးအကြောင်းလဲမပြောမိတော့ သူ့အနေနဲ့ အခုလိုထင်ကောင်းထင်နိုင်ဖွယ်ရာရှိသည်။

"မဟုတ်ဘူးဟန်မင်း
ကိုယ်ဝန်အတွက်လိုအပ်တာတွေကြိုသိထားရအောင်
ကိုယ့်အသိဆရာဝန်နဲ့လာတွေ့တာ
ကိုယ်မင်းကိုယုံပါတယ်"

ချစ်ရသည်က...အသက်ထက်ဆုံး✨ခ်စ္ရသည္က...အသက္ထက္ဆံုး✨(Completed) Where stories live. Discover now