Chapter 5: ဒါက ကလေးလေးတစ်ယောက်ပဲမို့လို့ သူသာမန်ကာလျှံကာ နေပေးလို့ရမလား (၁)

7.1K 923 15
                                    

Chapter 5:  ဒါက ကလေးလေးတစ်ယောက်ပဲမို့လို့ သူသာမန်ကာလျှံကာနေပေးလို့ရမလား (၁)

တောက်.... တောက်...

သူမရဲ့စိုရွှဲနေတဲ့တင်ပါးလေးတွေကို လေတွေဖြတ်တိုက်သွားခဲ့သည်။

ဝှီး....ဝှီး...

မှောင်မဲပြီး တိတ်ဆိတ်နေတဲ့ ညမှာ သားရေရှူးဖိနပ်ပေါ် တတောက်တောက်ကျနေတဲ့ ရေသံက သိသာရှင်းလင်းစွာ ကြားနေရပေသည်။

တစ်ခဏလောက် ပတ်ဝန်းကျင်က ရုတ်တရက် ငြိမ်သက်သွားခဲ့ပြီး ချုံတောထဲတွင် တဝေါဝေါမြည်နေသော လေသံတွေပဲ ကျန်နေခဲ့တော့သည်။

အခုအချိန်မှာတော့ ဟော်ရှောင်းရှောင်းတစ်ယောက် မကျေမချမ်းဖြစ်ပြီး သေလောက်အောင် ရှက်နေလေသည်။

၁၈နှစ်ရှိနေပြီဖြစ်သည့် သူမအနေနဲ့ ကြီးမားသည့် လူအုပ်ကြီးရှေ့တွင် သူမကိုယ်သူမ မထိန်းချုပ်နိုင်သည့်နေ့ ရောက်လာလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ခဲ့ပေ။

ဒီလောက်လူတွေအများကြီးရှိနေတာ သူမ အနာဂတ်မှာ ဘယ်လိုလုပ် သက်တောင့်သက်သာဖြစ်နိုင်မှာလဲ။

ပြောမပြနိုင်လောက်အောင်ပင်။ သူမ ဟော်ဆွေ့ချန်းရဲ့လက်မောင်းထဲမှာ သေးပေါက်ချလိုက်မိတယ်။

သူမမော့ကြည့်လိုက်သည့်အချိန်တွင် ဟော်ဆွေ့ချန်းရဲ့မျက်နှာက ပြာလာပြီး သူ့အံသွားတွေ ကြိတ်ထားတာကြောင့် သူ့မေးရိုးကျောတွေ တင်းလာပြီး သူ့မျက်လုံးတွေကလည်း အလွန်အမင်း ထိန်းချုပ်ထားသည့် ဒေါသတွေနဲ့ ပြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။ သိသာစွာပင် သူ၏စိတ်ရှည်မှုမှာ အကန့်အသတ်ကို ရောက်ရှိနေပြီဖြစ်သည်။

ဟော်ရှောင်းရှောင်းလည်း သူမမျက်ခုံးလေးတွေကို ကြုတ်လိုက်တော့သည်။ သူမမှာ ငိုချင်သော်လည်း ငိုဖို့ မျက်ရည်မရှိတော့ပေ။

ဟော်ဆွေ့ချန်းသည် ရက်စက်ကြမ်းကြုတ်ပြီး ခေါင်းမာပေသည်။ သူ့အစောဆုံးအချိန်များတွင် စီးပွားရေးလောကတွင် ခိုင်မာတဲ့ ခြေကုပ်တစ်ခု ရရှိဖို့ ငါးအကြီးက ငါးအသေးတွေကို စားပြီး ငါးအသေးတွေက ပုဇွန်တွေကို စားသလိုမျိုး ညစ်ပတ်သည့် နည်းလမ်းများကိုလည်း အသုံးပြုခဲ့သည်။ သူ အခုချိန်ထိ ကုမ္ပဏီဘယ်လောက်များများကို သိမ်းပိုက်ခဲ့သည်ကို သူမ မသိပေ။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now