Chapter 122: အဖေတွေအားလုံး အတူတူပဲလား (၄)

4K 707 11
                                    

Chapter 122: အဖေတွေအားလုံး အတူတူပဲလား (၄)

စကားပြောပြီးနောက် သူမက ယီချန်းကို ရှေ့သို့ဆွဲခေါ်သွားသည်။

" ဖြည်းဖြည်းသွား "

"ဖေဖေ၊ မြန်မြန်လုပ် "

ပင်လယ်အောက် ဥမင်လိုဏ်ခေါင်းများသည် သူတို့ အထဲသို့ ၀င်လာလေ ပိုမိုကျယ်ဝန်းလာသည်။ ကျောက်တန်းများနှင့် အမျိုးမျိုးသော ပန်းပုကျောက်ဆစ်ရုပ်များကို မှန်ဥမင်လိုဏ်ခေါင်းအတွင်း၌ တဖြည်းဖြည်း မြင်ရလာသည်။ ဤနေရာ၌ ငါးမန်းကြီးများ၊ ခြေဦးတည့်ရာ လျှောက်သွားနေကြသည့် ရေခူများနှင့် အရောင်မျိုးစုံရှိသော ပင်လယ်ငါးအမျိုးမျိုးကဲ့သို့ အဏ္ဏဝါတိရစ္ဆာန်အမျိုးအစားများ များစွာရှိနေသည်။

" ယီချန်း ဟိုအပြာငါးကြီးကို ကြည့်လိုက်! အဲ့ဒါကို ငါးမန်းပြာလို့ ခေါ်တယ်. . . လှတယ်မလား "

" ... " ယီချန်း မျက်မှောင်ကြုတ်လိုက်သည်။ " လှတယ် "

" ဒါဆို အရောင်အများကြီးနဲ့ ငါးကို ဘယ်လိုခေါ်လဲ နင် သိလား "

" ငါ မသိဘူး "

" အဲ့ဒါကို ရောင်စုံငါးလို့ ခေါ်တယ်၊ နင် မြင်တယ်မလား. . . သူ့မှာ အရောင်တွေ အများကြီးရှိတာကို "

ဘေးမှ ၀န်ထမ်းက ပြုံးပြီး ငါးကို မိတ်ဆက်ပေးသည်။ " ဒီကလေးလေးက အရမ်းတော်ပါလား. . . ဒီငါးကို တကယ်ပဲ ရောင်စုံငါးလို့ ခေါ်တယ်၊ ဒါပေမယ့် သူ့ရဲ့နာမည်အပြည့်အစုံက ရောင်စုံအိန်ဂျယ်ငါးတဲ့ "

" ရောင်စုံအိန်ဂျယ်ငါး? " ဟော်ရှောင်းရှောင်း သူမခေါင်းလှည့်လိုက်သည်။ " ဖေဖေ၊ ဒီငါးက အရမ်းလှတယ်။ သမီးတို့ အိမ်ကို ယူသွားပြီး မွေးလို့ရမလား "

" ရတာပေါ့ "

သူမရဲ့အဖေက ဒီလောက်လွယ်လွယ် သဘောတူလိမ့်မယ်လို့ ဟော်ရှောင်းရှောင်း မထင်ထားတာကြောင့် သူမ မယုံနိုင်ခဲ့ပေ။ " တကယ်ကြီးလား "

" ဟိုငါးမန်းလည်း အရမ်းလှတယ်၊ သမီး သဘောကျရင် ဖေဖေတို့ တစ်ကောင်လောက် မွေးမယ်လေ "

ဟော်ရှောင်းရှောင်း ဟုတ်ကဲ့ဟုမပြောမီ သူမအဖေ ထပ်ပြောလာတာကို ကြားလိုက်ရ၏။ " အဲ့အကောင်ကြီးကို သမီးပဲ အစာကျွေးရမှာနော် "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now