Chapter 28: မှန်ကန်တဲ့ ရွေးချယ်မှုကို ဘယ်လိုလုပ်ရမလဲ (၃)

6.3K 982 45
                                    

Chapter 28: မှန်ကန်တဲ့ ရွေးချယ်မှုကို ဘယ်လိုလုပ်ရမလဲ (၃)

ယုံဖူကလပ်က တရားဝင်စီးပွားရေးလုပ်ငန်းလုပ်တဲ့ နေရာမဟုတ်ဘူးဆိုတာ သမီးမသိဘူးလို့ မထင်နဲ့နော်. . အဲ့ဒီ့နေရာက အပျော်အပါးအတွက် နေရာကောင်းတစ်ခုပဲ။

ဟော်ရှောင်းရှောင်းက သူမ၏စကတ်ကို မကာ နီနေသည့် သူမ၏ဒူးနေရာကို လက်ညှိုးထိုးပြလိုက်ပြီး သူမ၏သဘောထားကို စကားလုံးနည်းနည်းဖြင့် ဖော်ပြလိုက်သည် " ဖိုးဖိုး နာတယ် "

ဟော်ဆွေ့ချန်းက သူမ၏စကားများကို ဘာသာပြန်နိုင်ရန် ကြိုးစားခဲ့သည်။ " မင်းကို ငါ မခေါ်သွားရင် အဘိုးကို ပြောလိုက်မှာလား "

ဟော်ရှောင်းရှောင်း အပြင်းအထန် ခေါင်းညိတ်ပြလိုက်သည်။

အဖေနှင့် သမီးသည် ငါးစက္ကန့်လောက်တိတ်ဆိတ်နေခဲ့ကြသည်။

ဟော်ဆွေ့ချန်းက သူ့ခေါင်းကို ငုံ့လိုက်ကာ ဟော်ရှောင်းရှောင်းကို ချီလိုက်ပြီး မက်ဆေ့ချ်တစ်စောင် ချန်ကာ ထထွက်သွားခဲ့သည်။ " ရှောင်းရှောင်းကို ငါနဲ့ခေါ်သွားတယ်လို့ လူအိုကြီးကို ပြောလိုက် "

--

Bentleyကားလေး၏ နောက်ထိုင်ခုံတွင် ဟော်ရှောင်းရှောင်းသည် ကလေးထိုင်ခုံတွင် ထိုင်ရင်း ကား၏ပြတင်းပေါက်ရှေ့တွင် ရှိနေသည့် အပြင်လောကကို အလွန်စိတ်ဝင်စားစွာ ကြည့်နေသည်။ သူမ၏မျက်လုံးများသည် သူမ တစ်ခါမျှ မမြင်ဖူးသည့် ထူးဆန်းသောအရာများနှင့် ပြည့်နေသည်။

တစ်နှစ်. . .

တစ်နှစ်လုံးပဲ

ယခုနှစ်တွင် သူမ မည်သည့်အသွားအလာကိုမှ မတွေ့ခဲ့ရသဖြင့် ဆူညံသောမြို့လယ်မှာ သူမနှင့် သီးခြားဖြစ်နေလေသည်။

သူမ ဘယ်လိုလုပ်စိတ်လှုပ်မရှားဘဲနေနိုင်မှာလဲ???

ဟော်ဆွေ့ချန်းက သူမဘေးနားတွင် ထိုင်နေပြီး သူ့၏အနည်းငယ်ကျဉ်းမြောင်းသည့် မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။ " မင်းက ငါထင်ထားတာထက် ပိုပြီးထက်မြက်တယ်...ငါပြောတာကို မင်း နားလည်သင့်တယ်နော် "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now