Chapter 66: အဖေနှင့်သား စကားပြောကြခြင်း

5.4K 889 20
                                    

Chapter 66: အဖေနှင့်သား စကားပြောကြခြင်း

" ကလေးက ဘာမှမသိပေမယ့် မင်းက လူကြီးတစ်ယောက်ပဲ " ထို့နောက် ဟော်သခင်ကြီး ဟော်ရှောင်းရှောင်းကို ကြည့်လိုက်သည်။ " ရှောင်းရှောင်း!! "

ဟော်ရှောင်းရှောင်း ပေကလပ်ပေကလပ်ဖြင့် ပိုင်ပိုင်နိုင်နိုင် ပြောလိုက်သည်။ " ဘိုးဘိုး၊ သမီး တောင်းပန်ပါတယ်... သမီး မှားသွားပါတယ်... သမီး ထပ်မလုပ်တော့ပါဘူး "

သူမ၏ အာမခံမှုကြောင့် ဟော်သခင်ကြီး၏မျက်နှာသည် အနည်းငယ် ပျော့​ပျောင်းသွားခဲ့သည်။

" ဘိုးဘိုး၊ ဘိုးဘိုး ဘာလုပ်နေတာလဲ "

ဟော်သခင်ကြီးက သူမကို သုတ်ပေးရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ " တစ်ခြားသူတွေက ပင်လယ်စာတွေ အများကြီး ဖမ်းမိလို... ညကျရင် ဘိုးဘိုးတို့ ခြံဝင်းထဲမှာ ပေါင်းပြီး ကင်စားကြမှာ... ဒါပေမယ့် တချို့ကလေးတွေက နားမထောင်တော့ ဘိုးဘိုး ဆုံးဖြတ်လိုက်တယ်... "

ဘာဘီကျူးလား. . .

ပျော်ပွဲစားလား. . .

ဟော်ရှောင်းရှောင်းသည် လူအိုကြီးရှေ့တွင် အမူအယာတောင်မပျက်ဘဲ ဆိုးသွမ်းသကဲ့သို့ ပြုမူကာ သူ့မျက်နှာကို မွှေးမွှေးပေးလိုက်သည်။ " ဘိုးဘိုးက အကောင်းဆုံးပဲ "

ဟော်သခင်ကြီးသည် ပြောစရာစကားမဲ့သွားသော်လည်း သဘောကျနေခဲ့သည်။ " သမီးအဝတ်အစားတွေကို သွားလဲလိုက်ဦး... အအေးမမိစေနဲ့ "

" ဟုတ်ကဲ့ "

ဟော်ရှောင်းရှောင်း အဝတ်အစား လဲရန် အပေါ်ထပ်သို့ ပျော်ရွှင်စွာ တက်သွားခဲ့သည်။

သူမ ဆင်းလာချိန်တွင် မှောင်မှိင်းသည့် ဆည်းဆာချိန်ဖြစ်ပြီး နေသည် ပင်လယ်ထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်နေသည်။

အန်တီကျိုးနှင့် အခြားသူများသည် ဘာဘီကျူးကင်ရန် ပြင်ဆင်နေကြသောကြောင့် ဟော်ရှောင်းရှောင်း ထိုင်မနေနိုင်ပေ။ သူမသည် သူတို့ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေပြီး အမြဲတစေ လှည့်လည်သွားလာကာ မကြာခဏ တိုက်တွန်းနေတတ်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Onde histórias criam vida. Descubra agora