Notice for Reader

584 35 0
                                    

"Kiss of Mummy" ....ကိုဖတ်ရှု့ပေးကြတဲ့စာဖတ်သူချစ်ပရိတ်သတ်များကို စာရေးသူတစ်ခုလောက်ကြိုပြောချင်ပါတယ်ရှင့် ကြိုပြောတယ်ဆိုတာထက် ကြိုတောင်းပန်ထားတာဆိုပိုမှန်ပါလိမ့်မယ်....ဘာကြောင့်လဲဆိုရင် ဒီ fiction လေးထဲမှာအီဂျစ်ရဲ့ နာမည်ကြီးတဲ့ မံမီရုပ်ကြွင်းဖြစ်တဲ့ ဘုရင်တူတန်ခမန် နဲ့ မိဖုရားနဖာတီတီ တို့အကြောင်းကိုအနည်းအကျဥ်းထည့်ထားတာမို့လို့ပါ....စာရေးသူနားလည်သလောက် ရှာဖွေဖတ်ထားတဲ့သမိုင်းကြောင်းတွေက အချို့နေရာတွေမှာဘာသာပြန်ထည့်တာအားနည်းသွားခဲ့ရင် အကြောင်းအရာမကိုက်ညီခဲ့ရင် သမိုင်းကြောင်းရဲ့အမှားမဟုတ်ပဲ စာရေးသူဘာသာပြန်တာသာမှားတာမို့နားလည်ပေးစေချင်ပါတယ်....မံမီအကြောင်းအရာလေးတွေထည့်ရေးတယ်ဆိုတာကလဲ စိတ်ကူးယဥ်ဝတ္ထုတစ်ပုဒ်ဆိုပေမယ့် စာရေးသူကဟာသတွေနဲ့ သမိုင်းကြောင်းလေးတွေ အထူးအဆန်းလေးတွေထည့်ရေးရတာဝါသနာထုံလို့ပါ....အပျော်တမ်းစာရေးတဲ့သူတစ်ယောက်ဖြစ်ပေမယ့် စာဖတ်သူတွေကိုစိတ်အနှောင့်အယှက်မဖြစ်စေချင်လို့ကြိုတောင်းပန်တာပါ...အချို့အချို့သောစာဖတ်သူတွေထဲမှာ တစ်ကယ်ကိုသမိုင်းကြောင်းနားလည်ပြီး ဗဟုသုတကြွယ်ဝကျတဲ့စာဖတ်သူတွေလဲပါကြပါတယ်...စာရေးသူနားလည်သလောက်လေးအကြောင်းအရာအချို့ကိုထည့်ရေးထားတာမို့ဖြည့်စွက်ဖတ်ရှု့ပေးဖို့တောင်းဆိုပါတယ်....နောက်ထပ်တစ်ခုကတော့ horror ပိုင်းအနည်းအကျဥ်းနဲ့ တစ်ချို့သောဇာတ်ကွက်တွေပါလာတာမို့ ဇာတ်ကောင်နာမည်အဖြစ်ယူသုံးထားသော မင်းသားနှစ်ယောက်ဖြစ်တဲ့ Zhan ge & Yibo လေးတို့ရဲ့နာမည်ရင်းတွေနဲ့သုံးထားတာမို့ Fan girl or Fan boy လေးများမကြိုက်ကျမှာလဲတစ်ကယ်စိုးရိမ်မိပါတယ်...ပရလောကပိုင်းတွေပါလာတဲ့အခန်းတွေမှာနမိတ်မကောင်းတာတို့... ကျက်သရေမရှိတာတို့ ...စသည်ဖြင့်အယူအဆမတူတဲ့စာဖတ်သူတွေပါလာခဲ့ရင် ဒီစာဖတ်ပြီးတာနဲ့ဆက်ပြီးမဖတ်ပါနဲ့လို့စာရေးသူကြိုအသိပေးချင်ပါတယ်...နောက်အပိုင်းတွေမှာတဖြည်းဖြည်းနဲ့ပရလောကပိုင်းတွေ...မံမီကျိန်စာဖြစ်ပျက်လာတာတွေပါလာမှာမို့ ဒါမျိုးတွေမကြိုက်ရင် ဒီကနေစပြီးမဖတ်ပါနဲ့လို့ထပ်ပြီးတောင်းဆိုပါတယ်😌...ပြီးမှ Rp ကျွေးတာတွေတိတ်တိတ်ကလေးလုပ်ကြမှာစိုးလို့ပါ🤧....သရဲအကြောင်းတို့ စိတ်ခြောက်ခြားစရာလေးတို့ကြိုက်နှစ်သက်တဲ့ဝါသနာရှင်လေးများကတော့နောက်အပိုင်းတွေတူတူစီးမျောကြတာပေါ့နော်🤗.....စာကိုဖတ်ပေးကြလို့အားလုံးကျေးဇူးပါ...👻

Ariel🧜‍♀️

👨‍❤️‍💋‍👨Kiss of Mummy👨‍❤️‍💋‍👨 (Complete)Where stories live. Discover now