Part - 12

642 70 14
                                    


    ယူကီနှင့် ကျောင်းသားများ အမေးအဖြေလုပ်နေသံနှင့် စက်ရဲ့တတီတီအချက်ပြမည်သံတို့က လိုက်ဖက်ညီစွာထွက်ပေါ်နေသည်။မှတ်စုစာအုပ်လေးတွေ ကိုယ်စီကိုယ်ငှ ကိုင်ဆောင်ထားရင်း ယူကီကမှတ်ဆိုလျှင် သင်ယူကျက်မှတ်ရမည့် စာလုံးအသစ်များ ၊လေ့လာရမည့် ခန္ဓာကိုယ်သုံးသပ်ချက်များအား ခေါင်းတွေငုံ့လိုက် မော့လိုက်နှင့် ကလေးတစ်သိုက်မှာအလုပ်ရှုပ်လျက်။

“ဒီရုပ်ကြွင်းလေ့လာချက်တွေ အကြမ်းဖျင်းရှင်းပြတာ နားလည်ရဲ့လား”

“ဟုတ်…နားလည်ပါတယ် တီချယ်”

“အိုခေ…မရှင်းတာရှိရင်ပြန်မေးလို့ရတယ်…ဆရာရှောင်းဒီတစ်ခုတော့ အကြမ်းဖျင်းရှင်းပြထားပြီးပြီ…ဖိုင်ထဲသိမ်းချင် သိမ်းလို့ရပြီနော်”

“အိုခေ..ယူကီ…ကျွန်တော်လက်စသတ်လိုက်မယ်”

နံဘေးပတ်ပတ်လည်မှ X Ray ဖြတ်ပြီးသမျှအစိတ်အပိုင်းအားလုံးကို film ထုတ်စက်မှတစ်ခုချင်းစီ အဆက်မပြတ်ထုတ်နေ၏။ထွက်လာသမျှသော film တိုင်းကိုရှောင်းကျန့်စုစည်းရင်း ယနေ့စစ်ဆေးလေ့လာသမျှအား video မှတ်တမ်းအသေးစားလေးလုပ်ရန် ကွန်ပျူတာပေါ်လက်တွေပြေးလွှားလိုက်သည်။

စုစည်းထားသည့်အဓိကအချက်များကို label ပေးရင်းပုံများကို တစ်ခုချင်းအသေးစိတ်ထွက်လာအောင် video file နဲ့လုပ်ဆောင်ပြီးနောက် ပထမဆုံးစစ်ဆေးထားသော မံမီအချက်အလက်အဖြစ် ဖိုင်တစ်ခုထဲသိမ်းဆည်းလိုက်၏။

“ဆရာ…ဒီရုပ်ကြွင်းတစ်ခုက ပါးစပ်နဲ့လက်မှာ သွေးစတွေပေနေတယ်”

“ဟင်…ဘယ်ရုပ်ကြွင်းလဲ?”

ဆေးရည်စိမ်မည့် နောက်ထပ်မံမီတစ်ခုအား လုပ်ဆောင်ရမည့်အဖွဲ့ဆီမှ အသံပြုချက်ကြောင့် ရှောင်းကျန့်ထိုင်ရာမှထကာ ခပ်သုတ်သုတ်ရုပ်ကြွင်းစင်များအနားသွားလိုက်သည်။

“ဒီနံပါတ်နှစ်မံမီ ဆရာ..သူ့ပါးစပ်မှာ သွေးလိုဟာပေနေတယ်..နောက်ဒီလက်တွေမှာရော”

ကျောင်းသားညွှန်ပြသည့် မံမီအလောင်းအားရှောင်းကျန့် အနီးကပ်စစ်ဆေးလိုက်လျှင်

👨‍❤️‍💋‍👨Kiss of Mummy👨‍❤️‍💋‍👨 (Complete)Where stories live. Discover now