🕊️Unicode🕊️
“ရိပေါ်…ရိပေါ်…ငါ့ကိုအတင်းမဆွဲထားနဲ့လေ…သူတို့သတိထားမိကုန်ပြီ”
ရှောင်းကျန့်မှာ ဝန်ချီစက်ကိုမြိုချထားသည့်အားနှင့်သူ့ကိုအပြိုင်ဆွဲထားသလားမှတ်ရသည့် ဝမ်ရိပေါ်ကိုခပ်ကြိတ်ကြိတ်သတိပေးလိုက်လျှင်…
“ငါကဘာလို့ဂရုစိုက်ရမှာတုန်း…မင်းကိုဆွဲထားတဲ့အဲ့ကောင်ကိုပိတ်ထိုးလိုက်ပါလား..အဲ့ကောင်ကြောင့်ဒီလိုဖြစ်နေရတာလေ”
“ငါဘာသာလွတ်အောင်လုပ်လို့ရတယ်..မင်းအတင်းဖက်ထားတော့ငါလှုပ်လို့မရတော့ဘူး”
“ဘယ်မှာလွတ်လို့လဲ…ငါသာမဆွဲထားရင် မင်းခုဆိုဟိုမံမီကောင်နောက်ပါသွားလောက်ပြီ”
“ဝမ်ရိပေါ်!!...ငါတို့အခုစကားများနေကျတာလား”
“ဘယ်မှာစကားများလို့လဲ?”
ကတ်သီးကတ်ဖဲ့နိုင်စွာ သူ့စကားနားမထောင်သည့်အပြင် သတိထားနေရမည့်အချိန်မှ တစ်ခွန်းမကျန်ကပ်ဖဲ့ပြောနေသည့်သူကိုလဲ ရှောင်းကျန့်တစ်ကယ်စိတ်တိုလာသည်။
“ဒုန်းးး”
တွန်းလိုက်ထိုးလိုက် ပွစိပွစိဖြစ်လိုက်နှင့် တရွတ်တိုက်အနေအထားအတိုင်း အရှေ့ကိုလဲမရောက်ပဲ ရထားတန်းလိုဖြစ်နေသည့်သူတို့အဖြစ်ကို ကျောက်သားခုံပေါ်ကမံမီဘုရင်က သတိထားမိသွားချေပြီ။ဒုန်းကနဲမြည်သံကျယ်ကျယ် ပုတ်ရိုက်ချလိုက်သံနှင့်အတူ ထိုင်နေသည့်မံမီဘုရင်က မတ်တပ်ထရပ်ကာ လက်ယပ်လှမ်းခေါ်နေပြန်သည်။
“ငလူးး…လှမ်းခေါ်နေတယ်ဟ...အခုသတိထားမိသွားပြီ…ဘယ်လိုလုပ်မလဲ”
“ဘာလုပ်ရမလဲ..သွားမှတော့တူတူပေါ့”
“အော်..အေး..ကောင်းတယ်..အဲ့တာမင်းရဲ့..မဟာ့ မဟာ့ ခြေကန်ဆွဲခြင်းရဲ့အကျိုးကြောင့် အခုနှစ်ယောက်လုံးသွားရပြီမလား”
“ဘာဖြစ်လဲ…တူတူမသွားပဲမင်းတစ်ယောက်ထဲ အဲ့ဘုရင်ဆီသွားချင်လို့လား…မင်းသူ့ကိုကြိုက်များသွားတာလား”
YOU ARE READING
👨❤️💋👨Kiss of Mummy👨❤️💋👨 (Complete)
Fanfictionမိတ်ဆက်စာလေးတော့မရေးတော့ဘူးဗျာ Yizhan ကိုချစ်တယ်ဆိုရင်ဝင်ဖတ်နော် မပျင်းရဘူးလို့တော့အာမခံပါတယ်😊