Part - 15

624 64 55
                                    

🕊️Unicode🕊️

“အ…ကျစ်”

မိုက်ရူးဆန်စွာခုန်ချပြီးမှ အောက်ဖက်မှမြေသားပေါ်အကျ မာကျောသောအရာနှင့်ဦးခေါင်းနောက်ခြမ်းရိုက်မိသလို ညာခြေတစ်ဖက်လဲထုံထိုင်းသွားသောခံစားမှု့နှင့် ချက်ချင်းပြန်မထနိုင်ပေ။မူးဝေနောက်ကျိသွားသော ဦးခေါင်းကိုအမှောင်ထုထဲခါရမ်းရင်း မူးဝေနေတာပြေအောင်ခေတ္တစောင့်လိုက်ရ၏။ချက်ချင်းပြန်မထနိုင်သေးသည့် အခြေနေတွင် ကျောတွင်လွယ်ပိုးလာသည့်အိတ်ကို လက်နှိုက်ကာရှာဖွေစမ်းလိုက်သည်။အရင်ရက်တွေတုန်းက ဂူအတွင်းထဲဝင်ရန်အရေးပေါ်သုံးပစ္စည်းတွေ လက်နှိပ်ဓာတ်မီးတွေကို ပြန်ပြီးမထုတ်ထားမိတာပဲတော်လှသည်။အိတ်ထဲလက်နှိုက်ရှာပြီးခဏအကြာ ရှောင်းကျန့်လက်ထဲဓာတ်မီးတစ်လက်ရောက်လာတယ်။

“ချောက်”

ခလုတ်ကိုအသာဖွင့်လိုက်သည်နှင့် စူးဖြာထွက်လာသည့်မီးအရောင်က မှောင်မိုက်နေသောဂူအတွင်းကိုအတော်အတန်မြင်ရစေသည်။ ဓာတ်မီးနှင့် ဟိုသည်လိုက်ထိုးရင်း လမ်းကိုသွားရ မရတစ်ချက်ကြည့်လိုက်သည်။တုန်ခါမှု့ကြောင့် ဂူရဲ့အတွင်းနံရံမှမြေသားတို့က တဖျောဖျောနှင့် ပဲ့ကြွေနေလျက်သား။ရှောင်းကျန့်ကြာကြာစဉ်းစားနေဖို့အချိန်မရှိပေ။ထော့နဲ့နဲ့ညာခြေကိုထိန်းကာလျောက်ရင်း ကျောက်မှုန် မြေမှုန်များပဲ့ကြွေနေတာကို တိမ်းရှောင်ရင်းလမ်းဟောင်းလေးအတိုင်း လျှောက်လှမ်းလာ၏။ဝင်ပေါက်တွေက တူးဖော်လက်စအတိုင်းတည်ရှိနေသေးတာတော်သေးသည်။ဂူအတွင်းသို့တဖြည်းဖြည်းတိုးဝင်လာရင်းမှ တိတ်ဆိတ်နေသောအခြေအနေကြောင့် အနည်းငယ်တော့အံသြမိသည်။အမှန်ဆိုသူတို့ သုတေသနအဖွဲ့တွင် ကျောင်းသားကျောင်းသူလေးများပါသောကြောင့် ဤမျှလောက်တိတ်ဆိတ်နေမည်မထင်။အခုတော့ မိမိအသက်ရှုသံကိုတောင် နံရံကနေပဲ့တင်ထပ်သံကြားရလောက်အောင်ထိ တိတ်ဆိတ်နေလျက်သား။

“ရိပေါ်…ရိပေါ်”

ရိပေါ်နာမည်ကို ခပ်တိုးတိုးခေါ်ရင်းမှ ခြေလှမ်းတွေကို သတိအနေအထားနဲ့တိုးရွှေ့ရင်း ရှောင်းကျန့်ဝင်ရောက်လာသည်မှာ ခန်းမဆောင်အကျယ်၏ဝင်ပေါက်ကိုရောက်လာချေပြီ။ဤနေရာရောက်သည်အထိ တိတ်ဆိတ်နေသောဝန်းကျင်မှအပ လှုပ်ရှားမှု့ဟူ၍ ကြွက်တစ်ကောင် ကြောင်တစ်မြှီးပင်မမြင်။ခန်းမဆောင်ကတော့ သူတို့ရှာဖွေစဉ်ကအတိုင်း အလင်းရောင်သဲ့သဲ့ကအတွင်းပိုင်းသို့ဖြာကျနေဆဲ။ခန်းမဆောင်အတွင်းရှိ နတ်ရုပ်တုတွေ မံမီပုံတွေကပုံစံမပျက် တည်ရှိနေသည်။ရှာမတွေ့တာဆိုလို့ သူတို့လူစုပင်။

👨‍❤️‍💋‍👨Kiss of Mummy👨‍❤️‍💋‍👨 (Complete)Where stories live. Discover now