“အား…ကိုယ်လက်တွေနာလိုက်တာကွာ…ဘာမှပင်ပင်ပန်းပန်းမသယ်ရပဲနဲ့ကို ညောင်းလိုက်တာ”မနက်ခင်းအစောပိုင်း အိပ်ယာထစတွင်ပင် အိပ်ရာပေါ်တင်ပလ္လင်ခွေထိုင်ကာ ပျင်းကြောဆန့်ရင်းရှောင်းကျန့် တညည်းညည်း တညူညူဖြစ်နေလျက်။ညက ညဥ့်အတော်နက်သည်အထိ ကျောင်းသားတွေတင်သမျှစာစဉ်တွေကိုထိုင်စစ်ရင်း ရှောင်းကျန့်အိပ်ချိန်အတော်နောက်ကျသွားခဲ့၏။
“အလေးသယ်မှပင်ပန်းတာလား…ငါတို့အလုပ်တွေက လူအရမ်းမပင်ပန်းတောင် စိတ်ပင်ပန်းတယ်လေ..စိတ်ကပင်ပန်းတော့ ကိုယ်ပါလိုက်နာတဲ့သဘောပဲ”
“အော်..အေး..မင်းပြောမှပဲရှင်းသွားတော့တယ်”
ရှင်းပြလိုက်တဲ့ဝမ်ရိပေါ်ရဲ့စကားဟာ ရှောင်းကျန့်ရဲ့အငေါ်တူးခြင်းမှာ အဆုံးသတ်သွား၏။
“ဒီမနက် ငါတို့အဖွဲ့မပါတော့ဘူးနော်…ဒီအပေါ်သယ်လာတဲ့ဟာတွေကို လိုက်စပ်စုရဦးမယ်…ဂူထဲဝင်ရင်သတိထားဦး”
ရှောင်းကျန့်က ဂူထဲဝင်ရှာဖွေဖို့ကျန်သေးသည့် ရိပေါ်ကိုသတိပေးမှာကြားရင်းမှ အိပ်ရာပေါ်မှ မထချင် ထချင်ဖြင့်လေးဖင့်စွာ ရေချိုးခန်းဖက်သွားလိုက်သည်။
“အားးး…လာကြပါဦး….ဘာ…ဘာကြီးလဲ”
စူးစူးဝါးဝါး မိန်းကလေးအော်သံက မနက်ခင်းအစောပိုင်းတင် ကျွက်ကျွက်ညံအောင်စီခနဲထွက်လာ၏။
“ရိပေါ်…ဘာဖြစ်တာလဲ…ဘယ်သူအော်နေတာလဲ?”
ခါးမှာတဘက်အတိုတစ်ထည်ပတ်ကာ ရေစက်လက်နဲ့ရှောင်းကျန့်ပြေးထွက်လာရင်း အပြင်ဖက်သို့ထွက်မည့်ရိပေါ်ကိုလဲ တရစပ်မေးလိုက်သည်။
“မသိဘူး…အသံကတော့ယူကီတို့ဖက်ကဖြစ်မယ်ထင်တာပဲ…ဒီတိုင်းမလိုက်လာနဲ့နော်...အဝတ်လေးဘာလေးလဲဦး”
“အေးပါကွ”
မျက်စောင်းဝင့်ရင်း သူ့ကိုမကြည်သလိုကြည့်နေသည့်ရိပေါ်က မှာချင်တာမှာပြီးသည်နှင့် အခန်းထဲမှထွက်သွားသည်။ရှောင်းကျန့်လဲ ရေစိုနေသည့်ခန္ဓာကိုယ်အား ကပြာကယာအဝတ်အစားကောက်လဲကာ ဆံပင်တောင်မဖြီးနိုင်ပဲ စုတ်ဖွားအတိုင်းသာနောက်ကပြေးလိုက်သွားလိုက်၏။
YOU ARE READING
👨❤️💋👨Kiss of Mummy👨❤️💋👨 (Complete)
Fanfictionမိတ်ဆက်စာလေးတော့မရေးတော့ဘူးဗျာ Yizhan ကိုချစ်တယ်ဆိုရင်ဝင်ဖတ်နော် မပျင်းရဘူးလို့တော့အာမခံပါတယ်😊