Part - 14

627 69 50
                                    

“ဂလောက်…ဂျွတ်”

ဒီမံမီဘုရင်က သူ့ဘေးနားကလူတွေကို စိတ်ခြောက်ခြားပြီးသေစေချင်နေဟန်နှင့်တူပါရဲ့

“ဂျလွတ်!”

ဂျိုးခနဲဂျောက်ခနဲ တဂျွတ်ဂျွတ်နဲ့အသံတွေက နားထောင်ရတာတစ်ကယ်အဆင်မပြေလှ။ခုထိ ယိုင်တိုင်ယိုင်တိုင်နဲ့ ထလာတဲ့မံမီဘုရင်က အမူးမပြေသေးသည့်ပုံနှင့်။မကြောက်သော်ငြား ကျောထဲကတော့ဖျင်းကနဲ ဖြန်းကနဲ ချမ်းစိမ့်စိမ့်အရသာဖြစ်နေချေ၏။ကြည့်နေရင်းမှပင် မံမီဘုရင်ကမတ်တပ်ရပ်လာလေပြီ။

“ဒုန်း..ဒုန်း..ဒုန်း”

ခြေဆောင့်ချသံတွေက စည်းချက်ကျကျပြန်ထွက်လာပြန်၏။

“ဆရာ!့..ဆရာ့ဆီလာနေတာထင်တယ်နော်”

ပူးကပ်ထိုင်ရင်း တုန်တက်နေသည့်တပည့်ကျောင်းသားဆီကအသံက ရိပေါ်အားပိုပြီး ပိုပြီးကျောချမ်းလာအောင်စွမ်းဆောင်နိုင်၏။တစ်ကယ်လဲ ထိုမံမီဘုရင်အလောင်းကောင်က နှေးကွေးလေးလံလွန်းလှသော ခြေလှမ်းလေးလေးကြီးများနှင့် တစ်လှမ်းချင်း တစ်ရွေ့ခြင်းရိပေါ်ဆီဦးတည်လာနေတာဖြစ်သည်။အနီးဝန်းကျင်မှလူတွေလဲ ပြောင်းလဲနေသွားသည့်အခြေအနေတွေကြောင့် အသံပင်တစ်စက်မှမထွက်ကျတော့။

ယခုမှ မုဆိုးဘဝကနေသားကောင်ဘဝ သူတို့ပြန်ရောက်နေသည်မလား…

ယိမ်းတိယိမ်းယိုင်နဲ့အနားသို့ရောက်လာလေပြီဖြစ်သည့် မံမီဘုရင်အလောင်းကောင်က သူ့ရဲ့အရိုးသက်သက်လက်တစ်ဖက်ကို လေးတိလေးကန်ဆန့်ထုတ်လိုက်၏။ ကျိုးကျေနေသည့်လက်ချောင်းတစ်ချောင်းကလစ်ဟာနေပြီး လက်ဝါးဖြန့်နေသည့်လက်က ရှည်လျားခြောက်ခြားဖွယ်ရာ။

“သူ…သူ ဘာကိုတောင်းနေတာလဲ?”

မျက်နှာရှေ့ လှုပ်ယမ်းနေသည့်အရိုးခြောက်လက်က မသတီစရာကောင်းလှသည်ဟု ရိပေါ်တွေးမိလိုက်သည်။အလောင်းကောင်များနဲ့ ဆက်စပ်လုပ်ကိုင်ရသည့်အလုပ်ကိုလုပ်ရသော်လဲ မည်သည့်အခါမှ မသတီစရာကောင်းသည်လို့အတွေးမဝင်မိခဲ့။ယခုမှသာ ထိုသို့အတွေးဝင်မိခြင်းပင်။ရိပေါ်ရဲ့ မလှုပ်မယှက်ငြိမ်သက်နေသည့်ပုံစံကို စောင့်စားနေဟန်ရသည့်မံမီဘုရင်မှာ စိတ်မရှည်ဖြစ်လာပုံရသည်။နောက်တစ်ကြိမ် လေးလေးကန်ကန်နှင့်လက်ကိုဝှေ့ယမ်းကာတောင်းလာပြန်သည်။

👨‍❤️‍💋‍👨Kiss of Mummy👨‍❤️‍💋‍👨 (Complete)Where stories live. Discover now