Part - 8

725 68 22
                                    

"တွေ့လား...အခန်းထဲကခေါင်းတလားတွေ တစ်လုံးမှမှတ်တမ်းမှာမပေါ်ဘူး"

လက်တော့ပ်ပေါ်က ရုပ်ပုံတွေကသူတို့အသံတွေရယ် ဂူသချိုင်းထဲစဝင်ပြီး ခေါင်းတလားနားမရောက်ခင်ထိမှတ်တမ်း အကုန်ပါခဲ့သည်။ကင်မရာပေါ်မပေါ်တာလား ရိုက်ကူးရေးချွတ်ယွင်းမှု့ကြောင့်လား မည်သည့်ရုပ်လွှာမှနောက်ထပ်ထွက်ပေါ်မလာခဲ့။မကျေမနပ်နှင့် စိတ်တိုနေပုံရတဲ့ ရိပေါ်က ကင်မရာကိုဖင်လှည့်ခေါင်းလှည့်စစ်ဆေးနေ၏။

"မင်းကိုငါပြောသားပဲ...ဒီကိုရောက်လာထဲက အားလုံးကပုံမှန်မဟုတ်ပါဘူးလို့..မင်းကမှမယုံတာ"

"အတွေးတွေအရမ်းမနက်နဲ့ ရှောင်းကျန့်...မင်းပြောသလို ဒီရုပ်အလောင်းတွေကင်မရာပေါ်မှာ မပေါ်ဘူးဆိုရင် စဝင်လာပြီးရိုက်ကထဲက မပေါ်နဲ့လေ...နှစ်ရှည်လများသေနေတဲ့ရုပ်အလောင်းတွေက ငါတို့ဘာလုပ်နိုင်မှာမို့လို့လဲ...ဒီလောက်တောင်ဖြစ်တာ..မနက်ကျမှဒင်းတို့ကိုအကုန်မီးထိုးပြီးကို လိုက်ရိုက်ဦးမယ်"

"ရိပေါ်!!...ကိုယ်မကျွမ်းကျင်တဲ့နယ်မြေစိမ်းမှာ အမှားလုပ်တာမကောင်းဘူးနော်...အကယ်လို့ ဒီဂူသချိုင်းထဲမှာ ငါတို့မသိနိုင်တဲ့ သဘာဝလွန်တစ်ခုခုရှိနေရင်...သူတို့မကြိုက်တာလုပ်မိခဲ့တာရှိမယ်ဆို မင်းရော ငါရော အားလုံးဘေးဖြစ်ကုန်လိမ့်မယ်"

"ဒါတွေ တစ်ကယ်ဖြစ်မဖြစ်က မနက်ဖြန်ကျမှသိရမှာပေါ့..ဟွန်း...သရဲတို့ တစ္ဆေတို့ဆိုတာ လူကိုဘာလုပ်နိုင်မှာမို့လို့လဲ?"

တောက်တခတ်ခတ်နဲ့ သူ့ကင်မရာကိုသာစစ်ဆေးနေတဲ့ ရိပေါ်ကမကျေမချမ်း ရေရွတ်၏။ အသစ်ကျပ်ချွတ်အမျိုးအစားကောင်းတဲ့ ကင်မရာငယ်ကမနက်ဖြန်အတွက် စူးစမ်းချင်စရာအကောင်းဆုံးနေရာလက်နက်တစ်ခုသဖွယ် ဖြစ်လို့နေပေသည်။ဆက်ပြောလျှင် စကားအချေအတင်ဖြစ်လာတော့မယ့် အရေးကိုမြင်တာမို့ ရှောင်းကျန့်ဆက်၍မငြင်းတော့ပဲ ကုတင်ပေါ်သို့တက်ကာလှဲရင်း အတွေးတွေကတောင်ရောက်မြောက်ရောက်နှင့်...။

"မနေ့ကတွေ့တဲ့ခေါင်းတလားတွေကို ဒီနေ့လည်ပိုင်းအပေါ်ကိုအပြီးတင်မယ်...Lift သမားတွေအကုန်ကြိုးတွေသေချာစစ်မယ်..မီးဆင်မယ့်အဖွဲ့က ပေနှစ်ဆယ်ကိုမီးတစ်လုံးခြားထားမယ်..ရှာလို့ရတဲ့ပစ္စည်းတွေမှန်သမျှ သုတေသနအဆောင်ထဲကိုအကုန်ရွှေ့မယ်နော်...ပါမောက္ခတို့အဖွဲ့တွေက အဓိကအခန်းကိုမြန်မြန်ဖောက်နိုင်ဖို့ ကာနယ်ဇာဖာက သူ့ရဲ့စစ်သားတွေကိုကူပြီးခိုင်းထားတယ်..မနေ့ကခေါ်လာတဲ့အဖွဲ့ရယ် ဒီနေ့ကာနယ်တို့အဖွဲ့ကသူတွေရယ်..အားလုံးအယောက်နှစ်ဆယ်ကျော် လူခွဲပြီးဂူထဲလိုက်မယ်နော်"

👨‍❤️‍💋‍👨Kiss of Mummy👨‍❤️‍💋‍👨 (Complete)Where stories live. Discover now