part8

40.3K 4K 197
                                    

[Zawgyi]
ကြီးမားလှသည့်အိမ်ကြီးရှေ့ကိုရောက်တော့မောင့်လက်မောင်းကိုသူဆွဲထားမိလေသည်။ဒီလိုခမ်းနားမှုတွေကသူ့ကိုသိမ်ငယ်သွားစေသလိုခံစားမိသောကြောင့်ပင်။

"မစိုးရိမ်ပါနဲ့...ဒါမောင့်အိမ်"

သူ့ပူပန်မှုကိုသိသည့်အလားမောင်ကသူ့ပခုံးလေးအားဖတ်ကာ ပြောလိုက်လေသည်။မောင့်ရင်ခွင်ကသူ့အတွက်နွေးထွေးသည်မှာမှန်သော်လည်းမောင့်စကားတွေကြောင့်သူခြေဖျားလက်ဖျားတို့ပင်အေးစက်လာမိလေသည်။

"မောင့်အိမ်!!...ဟုတ်လား...ဘာ...ဘာဖြစ်လို့ဘာတာလဲဟင်.."

"ဒီအတိုင်း..."

မောင်ကထိုမျှလောက် အမြင်ကပ်စရာကောင်းတဲ့သူရယ်ပါ။သူ့ပခုံးအားဖတ်ကာ အိမ်ထဲသို့ခပ်တည်တည်ဝင်လိုက်လေသည်။

"သြော် သားတို့တောင်ရောက်လာပြီကိုး..လာ...လာ...သားဖေဖေထမင်းစားခန်းထဲမှာစောင့်နေတယ်.."

သက်လက်ပိုင်းအရွယ်မိန်းမကြီးက မောင့်ကိုတွေ့တော့ပြုံးရွှင်ကာ နှုတ်ဆတ်နေပေမယ့် ကျွန်တော့်မောင်ကတော့ မျက်နှာသေဖြင့်ပင် မလှုပ်မယှက်နဲ့...။သူ့ကိုဖတ်ထားတာကိုလည်းမလွှတ်..။သူကသာ အားနာလွန်း၍ ပြုံးပြလိုက်လေသည်။

ထိုအန်တီသွားရာနောက်သို့မောင်ကသူ့ပခုံးအားဖတ်မြဲအတိုင်းပင်ဖတ်ကာ လျှောက်နေလေသည်။

"လာလေ...ကလေး.."

သူ့မိထွေးဖြစ်သူအသံကြောင့်ထမင်းဝိုင်းတွင်ထိုင်နေကြသည့်အရှုတ်ထုတ်တွေနဲ့အတူ သူ့ဖခင်ကပါ လှမ်းကြည့်လာလေသည်။မင်းယောကျာ်းဆိုသည့်သူကလဲ ခေသူမှမဟုတ်တာ...သူတို့နှစ်ယောက်အားမြင်ပြီးနောက်ကွက်ကနဲ ပျတ်သွားသည့် ဖခင်၏မျက်နှာရိပ်ကို မိအောင်ဖမ်းလိုက်နိုင်သေးသည်။

"ဒါက မောင့်ရဲ့မိသားစု ...အင်း...အခုဆိုမင်းရဲ့မိသားစု ဖြစ်သွားပြီပေါ့...အဲ့တာကြောင့်မို့...မင်းကတစ်ယောက်တည်းလို့ဘယ်တော့မှမတွေးပါနဲ့..."

သူက အလင်းသာကို ခုံဆွဲပေးကာ ထိုင်စေလိုက်ရင်း တစ်ဆတ်တည်းပြောလိုက်လေသည်။အခုချိန်ထက်ထိအားလုံးက မင်းယောကျာ်းရဲ့စကားကိုသာ နားထဲအထက်ထက်ပြန်ကြားယောင်နေရင်း ဘာသာပြန်နေကြလေသည်။

မောင်လူဆိုးလေး(Complete)Where stories live. Discover now