အသိပေးတောင်းပန်စာ

8.7K 318 15
                                    

[Zawgyi]
မောင်လူဆိုးလေးနဲ့ပတ်သတ်ပြီး တင်မှရတော့မှာမို့ ဒီကနေပဲအားလုံးကိုပြောပြချင်ပါတယ်။Elsaတို့ပထမဆုံး စာအုပ်စကြော်ငြာကတည်းကနေ ဒီလ၃၀ရက်နေ့ဆို တစ်နှစ်တိတိပြည့်ပါပြီ။ဒီတစ်နှစ်အတွင်းမှာ ရွှေတံခါးစာအုပ်တိုက်ကနေပြီးတော့ အုပ်ရေ-၅၀၀ထုတ်ထားပါတယ်။pre orderအပါအဝင် instokချန်ဖို့အတွက်ကော ထုတ်ထားခဲ့တာပါ။အဲ့ဒီအချိန်တွေအတွင်းမှာ စာအုပ်ပို့ဆောင်မှုနဲ့ပတ်သတ်ပြီးကော...pre orderအရေအတွက်ကိုစာရင်းနဲ့အတိအကျတောင်းထားခဲ့ပါတယ်။အကြောင်းအရင်းက သူတို့ပို့တဲ့အချိန်မှာ မရသေးတဲ့သူလေးတွေက သာသာ့ကိုအချိန်တစ်ခုကြာတော့ လာပြောကြတာတွေရှိလို့ပါ။အဲ့ဒီအချိန်တုန်းက ရွှေတံခါးစာအုပ်တိုက်နဲ့ ဖုန်းအဆတ်အသွယ်ရှိပါတယ်။သူတို့က အဆင်ပြေအောင်လုပ်ပေးပါ့မယ်...လာပြောတဲ့သူစာရင်းလေးပေးပဲ ပို့ပေးပါဆိုလို့ Elsaစာဖတ်သူတွေဆီကနေ နာမည်၊လိပ်စာ၊ဖုန်းနံပတ်တွေတောင်းထားခဲ့ပါတယ်။သူတို့က အဆင်ပြေအောင်လုပ်ပေးပါ့မယ်၊ စိတ်ချပါ ဆိုပြီး ကတိအထပ်အထပ်အကြိမ်ကြိမ်ပေးခဲ့လို့ သာသာက စောင့်ဆိုင်းခဲ့တာပါ။အဲ့ဒီအတောအတွင်းမှာ သူတို့ကို ဖုန်းဆတ်ရင်မကိုင်တာနဲ့မသိလိုက်တာနဲ့ အကြောင်းကြောင်းကြောင့် ဖုန်းမဖြေခဲ့ပါဘူး။ဖုန်းလဲပြန်မခေါ်ခဲ့ပါဘူး။နောက်ကျတော့ ဖုန်းပျောက်သွားလို့ပါ ပြီးတော့ ပန်းလှေကားစာအုပ်တိုက်နဲ့လွှဲခဲ့ပါတယ်ဆိုပြီး ပန်းလှေကား က adminတစ်ယောက်ကလာပြောပြမှသိရပါတယ်။အဲ့တုန်းကလဲ သူတို့က အဆင်ပြေအောင်လုပ်ပေးပါ့မယ် ပို့ဆောင်မှုတွေကလဲ သူတို့နဲ့လွှဲထားပြီးပါပြီဆိုလို့ elsaကမရသေးတဲ့သူတွေကို အကျိုးအကြောင်း ထပ်ပြောပြပေးခဲ့ပါတယ်။ပြီးတော့ အဲ့နောက်ပိုင်းမှာလဲ စာအုပ်ရောင်းရစာရင်းကိုထပ် တောင်းခဲ့ပါတယ်။အခုချိန်ထက်ထိကို ပထမတိုက်နဲ့ရော လွှဲခဲ့တဲ့တိုက်ဆီကပါ စာရင်းကိုမရသေးပါဘူး။pre orderစာရင်းတောင်းတုန်းကလဲ ရတဲ့သူနဲ့မရတဲ့သူ တိုက်ပြီးပြန်ပြောပေးချင်လို့ပါပဲ။အစကနေ အခု ၁နှစ်ပြည့်မယ့်အချိန်ထိကို pre orderမှာပြီးလုံးဝမရသေးတဲ့သူတွေရှိနေတုန်းပါပဲ။အခုထိလဲ ပန်းလှေကားစာအုပ်တိုက်နဲ့ဆတ်သွယ်လို့မရသေးပါဘူး။အရင်ကတည်းကကိုသာသာ့ဘက်ကပဲ စမေးရ စပြောရတာပါ။တကယ်လို့ ဆတ်သွယ်ရခဲ့ရင် သာသာ တင်ပေးပါ့မယ်နော်။ပြီးတော့ စာအုပ်ဘယ်လောက်ရောင်းရလဲဆိုတာ သာသာလဲ မသိပါဘူး။အရင်ကတည်းက မတင်ခဲ့တာက သာသာအားနာနေတာကြောင့်ရော အရှည်အရှည်တွေမဖြစ်ချင်တာကြောင့်ရယ် ပြီးတော့ သူတို့က အဆင်ပြေအောင်လုပ်ပေးပါ့မယ် ထပ်ပို့ပေးပါ့မယ်ဆိုတာကြောင့် မတင်ဖြစ်ခဲ့တာပါ။အခုက တစ်နှစ်တောင်ပြည့်ပြီဆိုတော့ ထပ်မစောင့်ချင်တော့ဘူး။ပြီးတော့ သာသာ့ကိုလာပြောပြတဲ့စာဖတ်သူတွေထဲ တချို့လေးတွေက ပြန်ရတယ်ဆိုတာနဲ့သာသာစောင့်ခဲ့ရင်းကနေအခုလိုကြာသွားတဲ့အတွက်လဲတောင်းပန်ပါတယ်နော်။အားလုံးက သာသာ့အမှားတွေင်္ကြီးပဲမို့ ဒီကနေထပ်ပြီး အနူးညွတ်တောင်းပန်ချင်ပါတယ်။

မောင်လူဆိုးလေး(Complete)Where stories live. Discover now