part30

34.3K 2.6K 122
                                    

[Zawgyi]
လေဆိပ်တစ်နေရာတွင် Luggageနှစ်လုံးအားကိုင်ကာ မက်တပ်ရပ်နေသည့်ကောင်လေးနှင့် ထိုကောင်လေးဘေးတွင် ဒူးပေါ်သို့လက်လေးနှစ်ဖက်တင်ကာ ထိုင်နေသည့်ကောင်လေး...။လာကြိုမည့်သူအားမျှော်နေရင်း ဖုန်းကိုလဲ တကြည့်ကြည့်ဖြစ်နေလေသည်။

"ကိုZ.."

"ဟုတ်ကဲ့အကိုလေး.."

"ဒီဖုန်းပါကိုင်ထားပေး.."

တည်တံ့က Zအား သူ့ဖုန်းကို ပေးထားလိုက်လေသည်။ပြီးနောက်သူကတစ်ဖက်သို့လှည့်ကာ ကြောက်စရာကောင်းအောင်ပြုံးလ်ုက်လေသည်။

~ဖုန်းခေါ်လိုက်စမ်းပါ...မြန်မြန် မြန်မြန်လေး.....

Ring....ring..............

Zက ဖုန်းသံကြောင့်ကြည့်မိလေတော့ အနာဂတ်ဇနီးလောင်းဆိုသည့် အမည်နှင့် ဖုန်းဝင်လာလေသည်။အကိုလေးကိုပြန်ကြည့်မိလေတော့သူကိုင်ထားသည့်luggageအားမှီကာ မျက်လုံးလေးမှိတ်ကာပါးစပ်လေးဟရင်းအိပ်နေလေသည်။

Zကနိုးမလာသည့်တည်တံ့အားကြည့်ကာ လက်ထဲမှဖုန်းအားချပစ်လိုက်လေသည်။လက်လွှတ်ပေးမည်ဆိုပေမယ့်တကယ်လက်တွေ့ရင်ဆိုင်လာရတဲ့အခါသူဘယ်လိုမှ မခံစားနိုင်ပေ။သူက ခနလေးအတွင်းမှာ ငိုက်နေသည့် တည်တံ့ကိုအကြိမ်ကြိမ်ပြန်ကြည့်နေမိသည်။

ထိုစဉ်အဆတ်မပျတ်မြည်လာသည့်ဖုန်းကြောင့်သူလဲ ဖုန်းအားဖြေရန်ကိုင်လိုက်လေသည်။

"အေး..တည်တံ့က မအားဘူး...ပြီးတော့သူမင်းကိုလက်ထပ်မှာလဲမဟုတ်ဘူး...သူကငါ့ကိုပဲချစ်တာ...တည်တံဘကငါ့ချစ်သူ...ငါ့အပိုင်..မင်းနားလည်မယ်ထင်တယ် .."

သူက ဖုန်းကိုဦးအောင်ချပစ်လိုက်လေသည်။တစ်ဖက်က ဘာစကားမှပြောသံမကြားသူကချည်းသာဒိုင်ခံတန်းအော်လိုက်မိလေသည်။

"အဟိ.."

"ဟင်.."

ဖုန်းချပြီးပြီးချင်းတွင် ရယ်သံလေးနှင့်သူ့ကိုယ်ပေါ်ခုန်တတ်လာသည့်တည်တံ့ကြောင့်Zလည်း အမြန်ဖမ်းထိန်းလိုက်ရလေသည်။အရပ်ကသိပ်မကွာလှသည်မို့အနည်းငယ်ကို့ယို့ကားယားတော့နိုင်လှသည်။

"အား...ကိုZခင်ဗျားကြီး အခုတော့ဝန်ခံပြီပေါ့...ငြင်းလို့မရဘူးနော်...ဒီမှာတွေ့လားrecordingဖမ်းထားတယ်...အဟိ.."

မောင်လူဆိုးလေး(Complete)Where stories live. Discover now