part20

38.6K 3.6K 155
                                    

[Zawgyi]
ရုံးရှေ့ကားရပ်လေတော့ အလင်းက ညီညီပိုင့် အားဆွဲခေါ်ကာ ရုံးထဲဝင်သွားလေသည်။မင်းယောကျာ်းမှာတော့ ကောက်စိန်လေး၏ထမင်းချိုင့်အားကိုင်ကာ ရုံးဘေးတွင်ရပ်ထားသည့် ကားဆီသို့သာလာခဲ့လိုက်လေသည်။

ကားကိုမှီကာရပ်နေသည့်Zက သူ့ဘော့ကိုမြင်လေတော့မှ အပြေးအလွှားလာကြိုလေတော့သည်။သူက ဘော့စ်လက်ထဲမှ ထမင်းချိုင့်အားပြောင်းယူမည်ပြင်လေတော့ သူ့ဆီမှပြန်ဆွဲယူပြီး စူးစိုက်ကြည့်နေသည့် ဘော့စ်ကြောင့် သူဘာအမှားလုပ်မိသည်ကို စဉ်းစား၍မရတော့ပေ။

"လိုအပ်တာတွေအကုန်ပါပြီလား.."

"ဟူတ်ကဲ့ ဘော့စ်"

သူက သူ့သူဋ္ဌေး၏မျက်နှာ တည်ကြီးကြောင့် ခေါင်းသာငုံ့ထားမိလေသည်။

"သတိုးစော ရောက်နေပြီလား"

"ဟုတ်ကဲ့...ရောက်နေပါပြီဘော့စ်..."

"ဒါဆိုလဲ ဝင်ကြတာပေါ့.."

ရုပ်တည်ကြီးတွေနှင့်အခန်းထဲဝင်လာသည့် လူနှစ်ယောက်ကြောင့် အစည်းဝေးခန်းတစ်ခုလုံး ရေခဲဖုံးသွားသလားဟုထင်ရလောက်အောင် ပင်ဖြစ်နေလေတော့သည်။

တည်တံ့မှာ သူ့အကိုပြန်ရောက်နေပြီဆိုသည့်အကြောငိးနှငိ့Ceoကိစ္စပြောပြချင်နေပေမယ့် တွေ့ကတည်းက သူ့အားဘုကလန့်ပြောနေသည့်အလင်းကြောင့် ဘာမှမပြောရသေးခင် meeting roomထဲဝင်လာသည့် သူ့အကိုနှင့် လူတစ်ယောက်။

သူကအလင်းကို တံတောင်ဖြင့်တွတ်လိုက်လေသည်။

"အလင်း...ဟိုမှာ..ဟိုမှာ.."

သူကအသံတိုးတိုးလေးဖြင့်ပြောလိုက်လေသည်။

"Meeting roomထဲရောက်ရင်စကားမပြောနဲ့..."

ခပ်ပြတ်ပြတ်စကားသံဟာ အလင်းရဲ့၂ယောက်မရှိတဲ့မောင့်ဆီမှ အသံပင်ဖြစ်သည်။အလင်းကမသိမသာလေးလှမ်းကြည့်လေတော့ မျက်နှာထား တည်တည်နှင်ခုံတွင်ဝင်ထိုင်နေသည့်သူ။

ရုံးဝန်ထမ်းများမှာ သူတို့Ceo၏အေးစက်စက်အငွေ့အသက်တွေကြောင့်  မိတ်ဆတ်နေသည်ကိုပင် အနည်းငယ်လန့်နေကြလေသည်။

"ကဲပါ   ....အားလုံးပဲ ကျွန်တော်ကသတိုးစောလို့ခေါ်ပါတယ်...ကျွန်တော်တို့တွေရှေ့လျှောက်အောင်မြင်အောင်အတူတူကြိုးစားကြမယ်နော်...ကဲပင်ပန်းသွားကြပြီ...ကိုယ့်တာဝန်ကိုယ်သွားလုပ်လို့ရပါပြီ.."

မောင်လူဆိုးလေး(Complete)Where stories live. Discover now