part21

38.4K 3.5K 152
                                    

[Zawgyi]
"အလင်း...သူဋ္ဌေးခေါ်နေတယ်"

ယုယက စာရင်းစာအုပ်လေးကို သူမစားပွဲပေါ်တင်လိုက်ရင်း ပြောလိုက်လေသည်။

"အင်း...ခုပဲသွားလိုက်မယ်.."

"မြန်မြန်သွားအုံး...စောစောက သူဋ္ဌေးက စာရင်းတွေမှားနေတယ်ဆိုလားပြောတာကြားတယ်.."

အလင်းကယုယအား ခေါင်းသာညိမ့်ပြလိုက်လေသည်။အဲ့ဒီမောင်ဟာလေ အဖြေပေးလိုက်မိတည်းက လူကိုအကြောင်းမရှိအကြောင်းရှာပြီးခေါ်နေတာဆိုတာ။ယခုလည်း ထမင်းစားချိန်ပင်ရောက်လေတော့မည် သူ့မှာ ခေါ်လို့ကောင်းတုန်း။

တည်တံ့နဲ့ညီပိုင်မှာတော့တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ပြနေကြလေသည်။ဒီတစ်မနက်ထဲမှာပဲ ရုံးခန်းထဲကလာလာခေါ်တာ ၆ခါလောက်တောင်ရှိနေလေပြီမဟုတ်လား။

ယုယကတော့အလင်းကိုသနားနေမိသည်။Ceoကြည့်ရတာ အတော်လေးဇီဇာကြောင်မည့်ပုံပင်။သူမကိုစကားပြောတာတောင်မျက်နှာကြီးကတည်လွန်းသည်မဟုတ်လား။အခုလည်း အလင်းကို ချည်းခေါ်နေသည်မို့ အလင်းလဲ အဆူခံနေရမည်ထင်သည်။သူဋ္ဌေးဒီနေ့ပဲရုံးတတ်တယ် ဒီနေ့ပဲ ကြောက်စရာအသွင်အပြင်တွေကိုထုတ်ပြနေလေတော့သည်ဟုသူမထင်မိသည်။

အလင်းက မောင့်ရုံးခန်းထဲဝင်ခါနီးတွင် မောင့်အခန်းထဲမှထွက်လာသည့် သတိုးစောဆိုသည့်တစ်ယောက်နှင့် တိုးလေတော့သည်။

သတိုးကသူနှင့်တိုက်မိမလိုဖြစ်သည့် ကောင်လေးအား ခေါင်းအစခြေအဆုံးကြည့်နေမိလေသည်။သူက ဒီကောင်လေး နှင့် ဆုံတာ ဒါပါနဲ့ဆို ၃ခါတောင်ရှိနေပြီမို့ မျက်ခုံးပင့်မိသွားလေသည်။

သူကြည့်နေတာကိုထိုကောင်လေးက သတိထားမိသည်ထင်သည် ချောင်းဟန့်နေလေတော့သည်။

"ဟို...သူဋ္ဌေးခေါ်ထားလို့ပါ.."

အလင်းက တလေးတစားပြောလိုက်လေသည်။ထိုသူကသူ့အားပြူးကြောင်ကြောင်ကြည့်နေလေသည်မို့ စိတ်ထဲ စနိုးစနောက်ဖြစ်သွားလေသည်။

"မင်းက...ဟို စပ်စုရဲ့ သူငယ်ချင်းမဟုတ်လား...ငါနဲ့သူငယ်ချင်းဖြစ်သွားပြီနော်ခုကစပြီး...ငါလဲ သူဋ္ဌေးကလွဲပြီးဒီမှာ အသိတစ်ယောက်မှမရှိတာနဲ့...အတော်ပဲ..ဒါဆိုငါ့ကိုသွားခွင့်ပြုအုံးနော်...အော်   .ငါတို့သူဋ္ဌေးကဆူရင်လဲ စိတ်မဆိုးပါနဲ့.. သူကအဲ့အတိုင်းအေးစက်စက်ကြီးရယ်...ငါနဲ့တောင်အကြာကြီးခင်လာတာတောင် ဟောဒီမှာကြည့်.."

မောင်လူဆိုးလေး(Complete)Where stories live. Discover now