part33

35.8K 2.8K 52
                                    

[Zawgyi]
ကိုယ်ဝန်ကြောင့်ခံစားရသည့် အစောပိုင်းကာလ ဝေဒနာတွေကို  မောင်ကအလင်းအစား ခံစားနေရလေသည်။မောင်ကအလင်းကိုသိပ်ချစ်တာကြောင့်ထိုသို့အစားခံပေးတာတဲ့....ဆရာဝန်ကြီးကပြောတယ်။

အလင်းတို့နှစ်ယောက်ပင်အဲ့ဒီအချိန်တုန်းကတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးနေရင်း မျက်ရည်ကျမိကြသေးသည်။

အလင်းနဲ့မောင်ဟာ ဖွင့်ပြောစရာပင်မလိုပဲ တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်နားလည်သည်အထိရင်ဘက်ချင်းနီးခဲ့ကြလေသည်။

ပြတင်းတစ်ဖက်တွင်တစ်ဖြောက်ဖြောက်ရွာချနေသည့်မိုးရေထဲတွင်မကြာသေးခင်ကမှ ဥမှပေါက်ထားသည့် ဘဲသားပေါက်လေးတွေက သူ့ဘဲအမေကြီးနောက်တွင်ပိကျိအသံလေးတွေပြုရင်း လျှောက်လိုက်နေကြလေသည်။

မိုးရေထဲတွင် စိမ်းစိုနေသည့် အပင်ပေါက်ကလေးများကိုကြည့်ကာမျက်စိအေးစေသည်။သြော် မိုးတောင် အတော်သည်းခဲ့ပြီကိုး။

ဆူတူတူဗိုက်ကလေးအား လက်ဖြင့်ပွတ်လိုက်ရင်း သူ့အကြည့်တွေဟာ စောစောကရေအိုင်ကလေးတွေမှာ ဆော့ကစားနေသည့် ဘဲကလေးတွေဆီပြန်ရောက်သွားလေသည်။

သူ့ဥကလေးဟာကော ဘယ်တော့များပေါက်လာပါလိမ့်မလဲ။သူက ကြည်ကြည်နူးနူး ပြုံးလိုက်မိလေသည်။သူနဲ့မောင့်ရဲ့ သွေးသားတွေပေါင်းစည်းထားတဲ့ ဥကလေး။

"အေးနေတယ်လေ...ဒါလေးခြုံထား.."

မောင်က သူ့အပေါ်သို့ဂွမ်းဆောင်အပါးကလေးအားလွှမ်းခြုံပေးကာ နဖူးအား တစ်ချက်နမ်းရင်းမီးဖိုခန်းထဲဝင်သွားလေသည်။ကိုယ်ဝန်ကြောင့် ပိန်လာသည့်သူ့ကို မောင်က အားမရဖြစ်နေပုံရသည်...အခုလည်းကြက်စွတ်ပြုတ်သွားပြုတ်မည်ဆိုတာ တွေးစရာမလိုပင် မှန်နေမည်မှာ အသေအချာပင်။

"မောင်ရေ..."

"လာပြီ အချစ်...ဘာလိုချင်လို့လဲ...တစ်ခုခုစားချင်တာလား..."

အေပရွန်ဝတ်လက်စဖြင့် လက်အား ကပြာကယာ သုတ်ကာ ထွက်လာပုံရသည့်မောင့်အား ကြည့်ကာ သူသနားလာလေသည်။သူဋ္ဌေးသားလေးကသူ့အတွက်အရာအားလုံးကိုစွန့်လွှတ်ခဲ့တယ်။သူဋ္ဌေးသားလေးဟာသူ့အတွက်အချတ်အပြုတ်တွေသင်ခဲ့တယ်။သူဋ္ဌေးသားလေးဟာ သူ့အတွက်နဲ့ ဥယျာဉ်မှူးဖြစ်လေပြန်သလို ခြံနောက်ဘက်က သီးပင်စားပင်လေးတွေကိုစိုက်ပျိုးပေါင်းသင်ပေးသည့် စိုက်ပျိုးရေးသမားဖြစ်နေပြန်သည်။ထပ်ပြီးတော့ သူဋ္ဌေးသားလေးဟာ သူ့အတွက် သူရဲကောင်းတစ်ယောက်ဖြစ်ပေးခဲ့ပြန်တယ်။သူ့ကို နေပူဒဏ် မိုးရွာဒဏ် ဆောင်းနှင်းမြူဒဏ်တွေမှ ကာကွယ်ပေးအုံးမည့် သူ့ရဲ့အိမ်ကလေး သူ့ရဲ့ ခင်ပွန်း သူ့ ဥကလေးထဲက အကောင်ပေါက်လေး၏ ဖခင် ဖြစ်နေခဲ့ပြန်သည်။

မောင်လူဆိုးလေး(Complete)Where stories live. Discover now