part27

35.8K 3.1K 136
                                    

[Zawgyi]
"ဟဲလို....မဆတ်စဖူး ဆတ်လို့ပါလား ဒေါ်ခင်မမ"

သူက ဖုန်းထဲမှခပ်ဆူးဆူးထွက်လာသည့်အသံအား ဂရုမစိုက်သည့်နှယ်ပြန်အော်လိုက်လေသည်။

ခင်မမကတော့သူမအားခနဲ့တဲ့တဲ့ပြောလာသည့်ခင်ပွန်းဟောင်းအား စိတ်လေလာသည့်ဟန်ဖြင့်သက်ပြင်းချလိုက်လေသည်။

"ရှင်ကဘယ်လိုအဖေမျိုးလဲ.."

သူမကသားဖြစ်သူ၏ကောင်လေးတစ်ယောက်ကိုလက်ထပ်ခွင့်တောင်းနေသည့်Vedio fileအားထပ်တလဲလဲ ကြည့်ရင်း နားမလည်နိုင်အောင်စိတ်တိုနေမိသည်။

"Liveမှာလာသွားတာမင်းမြင်ပြီးပြီပေါ့.."

"အဲ့တာတောင်မှဘာလို့ တစ်ခွန်းမှမပြောခဲ့တာလဲ...ရှင်ကပါသဘောတူနေခဲ့တာလား..."

သူမကဒေါသအလွန်ထွက်တာကြောင့်အော်ပြောလိုက်လေသည်။

"မင်းကဘာတွေများသိပ်ကိုဖြည့်ဆည်းပေးခဲ့လို့ သားရဲ့ဘဝကိုဝင်ဆွက်ဖက်ဖို့စိတ်ကူးနေတာလဲ..ခင်မမ.. ဟမ်...မင်းထွက်သွားတုန်းက ကြမ်းပြင်မှာဒူးထောက်ပြီး မင်းကိုထွက်မသွားဖို့ငိုပြီးတောင်းပန်နေခဲ့တဲ့သားကိုမင်းဂရုစိုက်ခဲ့လို့လား...သြော်...မင်းကအတော်လေးတရားတာပဲ...မင်းကျတော့အဲ့ဒီကလေးရဲ့အားကိုးရာကိုလုယူသွားခဲ့ပြီး...မင်းသားက အဲ့ကလေးရဲ့အားကိုးလာဖြစ်လာခဲ့တော့မင်းကလက်မခံနိုင်ဘူးတဲ့လား...တရားကျဖို့ကောင်းတယ် မိခင်မမရယ်...သိပ်ကိုတရားကျဖို့ကောင်းတာပဲ..."

"ဘာရယ်...ရှင်ဘာတွေပြောနေတာလဲ...."

"မင်းမေ့နေတာတော့မဟုတ်ပါဘူးနော်...မင်းရဲ့လက်ရှိခင်ပွန်းမှာ ညီငယ်လေးရှိနေသေးတယ်ဆိုတာ...အေးပေါ့...မင်းကဘယ်သိမလဲ...မင်းအလိုကိုပဲတွေးပြီးတခြားသူခံစားချက်ကိုမှမကြည့်တတ်တာ..မင်းကတစ်ကိုယ်ကောင်းသမားပဲ သိလား...ဒီနှစ်တွေမှာ ငါတို့ရဲ့သားလေးကအဲ့ဒီကလေးကြောင့်အများကြီးပြောင်းလဲလာခဲ့တာ...မင်းနဲ့ငါတို့အတူတူနေတုန်းကထက်တောင်ပိုပြီးပျော်ရွှင်လာခဲ့သေးတယ်...အဲ့တာမို့ ကလေးတွေကြားထဲမင်းဝင်မပါပါနဲ့ ခင်မမရယ်..."

ထိုစကားတွေအားပြောပြီးနောက်တစ်တီတီဖြင့်လိုင်းပြတ်သွားသည့်ဖုန်းအားသူမကြောင်ကာကြည့်နေမိသည်။တစ်ဖက်ခုံပေါ်တွင်ထိုင်ကာ လက်တော့မှ vedio fileအား အကြောင်းမဲ့ငေးနေသည့် သူမလက်ထပ်ယူထားခဲ့သည့်အမျိုးသားကိုပြန်ကြည့်လိုက်မိလေသည်။သူမဟာတစ်ကယ်ကိုပဲတခြားသူအတွက်ကြည့်မပေးတတ်သူလား။

မောင်လူဆိုးလေး(Complete)Where stories live. Discover now