Part (47) ပုန်ကန်မှု

797 91 10
                                    

''အိမ်ရှေ့မိဖုရား ဘာပြောချင်သေးလဲ''

ရှန်းချင်း ကောင်းမုယွမ် ရှိရာဆီ စိုက်ကြည့်ရင်း

''ရှန်းချင် ပြောစရာတစ်ခွန်းပဲ ရှိပါတယ်
ဒီလို ဆိုးယုတ်တဲ့ နည်းလမ်း ကျွန်မမသုံးဘူးဆိုတာပါပဲ''

မိဖုရားကြီးရဲ့ မျက်ခုံးအနည်းငယ်တွန့်ကုတ်သွားရင်း

''အိမ်ရှေ့စံ ပြော မင်းရော ဘယ်လိုထင်လဲ ''

လီကျန့် ရှန်းချင်ရဲ့လက်ကို ပိုတင်းတင်းဆုပ်ကိုင်ရင်း

''ကျွန်တော့်ဇနီးပြောတာကိုပဲ ယုံပါတယ်''

လီကျန့် စကားအဆုံးမှာတော့
ကောင်းမုယွမ်ရဲ့ မျက်နှာ မည်းမှောင်နေ အောင်ပျက်ယွင်းသွားရတယ်။

'' အရှင့်သား သူက ရှင့် က လေးကို
မရချင်လို့တောင် ဆေးသောက်ခဲ့တာနော် ဒါတောင်ရှင်က သူ့ဘက်ကလား''

စိတ်မထိန်းနိုင်တဲ့ ပုံနဲ့ အော်ဟစ်လိုက်တဲ့ ကောင်းမုယွမ်ဆီကို လီကျန့် တစ်ချက်စူးစိုက်ကြည့်လိုက်တယ်။

''စကားပြောတာ သတိထားပါ ကောင်းကြင်ယာတော် သက်သေမရှိပဲ ဒီလိုပြောရင် ...''

''သက်သေမရှိပဲ မ ပြောရဲပါဘူး
ရှိတာပေါ့ သက်သေ သိပ်ရှိတာပေါ့''

လီကျန့် စကားပင်မဆုံးသေးခင်
သူထ အော်တော့တယ်။

''ခေါ်ခဲ့စမ်း ''

နန်းဆောင်ထဲ လျှောက်ဝင်လာသူကို တွေ့ချိန်မှာတော့ ရှန်းချင်တကယ်ပဲ
အံ့သြသွားခဲ့တယ်။

''ရှောင်လျန့် နင်ဒီမှာ ဘာလုပ်နေတာလဲ''

သူ့ အ မေးကို မ ဖြေ သေးပဲ
ရှောင်လျန့် ဒူးထောက်ရင်း သူ့ဘက်ကို တစ်ချက် ကြည့်တာမြင်လိုက်ရတယ်။

ရှန်းချင် နားမလည်နိုင်တဲ့ အရိပ်အ ငွေ့တချို့ တို့ ခဏ ဖြတ်ပြေးသွားပြီး
မိဖုရားကြီးတို့ ရှိရာဘက် ကို အရို အ သေ ပေးလိုက်တယ်။

'' ဒီ အ စေခံ အရှင်မင်းမြတ် နဲ့ မိဖုရားကြီးတို့ကို ဂါရဝပြုပါတယ်''

မိဖုရားကြီးက မျက် မှောင်ကြုံရင်း

''ကောင်းကြင်ယာတော် ဒါက ရော ဘာလဲ ''

အချိန်စက်ဝန်းကို ကျော်လွန်၍{Completed}Where stories live. Discover now