Part (4) မဖြစ်နိုင်ဘူး ရူးနေပြီ
2.1K 195 6
တားမြစ်နန်းမြို့က တကယ်ကို အကျယ်ကြီး ပါပဲ မွန်းတို့ ဆီမှာလည်း နန်းတော်ရှိပေမယ့်
ဒီလောက်ထိ ကျယ်တယ် မထင်ရ
မြင့် မားတဲ့ တံတိုင်းနဲ့ ရွှေရောင် တောကါနေတာက ထည်ဝါလွန်းလှတယ်
မွန်း တစ်ယောက် ရွှေရောင်တံတိုင်းကို
မသိလိုက်ပဲ လက်နဲ့ အသာ ထိတွေ့မိတယ်
ဒီ ခံစားချက်က ဘာများလဲ နွေးထွေးတယ်
ပြီး တော့ …………………
ဖြန်း …………
သူ့ ပုခုံးကို ရိုက်ချပစ်လိုက်တဲ့ နူး
'' နူး အကျင့် ပုတ်မ ဘာလို့ ရိုက်တာလဲ
ငါ ရဲ့ drama အတွေးလေးတွေရေ ကလူ ကလူ ဘယ်ပျောက်သွားပြီးလဲ '''
နူး ဘက်ကိုမျက်စောင်းလှည့်ထိုးရင်း
''နင့် ကြောင့်  ''
'' အမွန်းမ စိတ်ကူးယဉ်မ နေနဲ့ ''
'' နင်ဘာသိလဲ ဟာ ငါ လည် ဒီနန်းမြို့ ကြီး ထဲမှာ နန်းတွင်းသူလေးဖြစ်ရင်ဖြစ်ခဲ့မှာပေါ့ 
အခုငါ ဝတ်ထားသလို လက်ကောက်လေးနဲ့ လှလှပပ ကြွကြွရွရွ လေး''
လက်ကောက်ကလေးကို ထောင်ပြရင်း မွန်း
ခပ်ဝံ့ဝံ့လေးပြောလိုက်တယ်
'' အရူးမ  ပြောရဲတယ် မန်းလေးနန်းတွင်းထဲလည်းဒီစကားပြောခဲ့ တာပဲ  ဟားဟား''
ရယ်နေတဲ့ နူးကို လိုက်ထုရင်းနန်းမြို့ ကိသာ နှံ့အောင်သွားနေမိတယ်
ဒီခရီးဟာ မွန်းအတွက်အပျော်ဆုံးပါပဲ
…………………………………………………
'' ဟေ့  နူးရေ ဒီ နားလေးလှတယ်နော်''
အနုလက်ရာထွင်းထုထားတဲ့ လှေကားလက်ရန်းအဖြူနဲ့ အနောက်က နံရံ အနီဟာ သိပ်ကို လှနေတာပဲ
'' ဒီနားရိုက်ပေးအုံးဟာ ''
ပြောရင်းဆိုရင်း လှေကားအပေါ်ထိ ပြေးတက်လိုက်တယ် 
နူးရှိတဲ့ ဘက်ကို လှည့် ပြုံး ပြရင်း
လက်ရန်းကို ကိုင်ထားလက်ကို မြှောက်လိုက်တယ် ကင်မရာ ထဲ က မွန်းရဲ့ပုံရိပ်ဟာ ပြုံးပြုံး လေး ရယ်လျက်ပါပဲ
ဒါပေမယ့် ရုတ်တရက် လှေကားထစ်ပေါ် ခြေချော်နင်းလိုက်မိတယ်
မွန်းရဲ့ အာရုံမှာ အမြင်တို့ ဝေဝါးကုန်ရင်း
နူးရေ  ငါ့ ကို လာထူ ပါအုံး
တစ်ယောက်ယောက် တော့ ပြေးလာနေတာမွန်းတွေ့လိုက်တယ်
ဒါပေမယ့်  မကြည့် နိုင်တော့  အရာ အားလုံး ဟာ အမှောင်ကျသွားတယ်
……………………………………………………
ခေါင်းကနာကျင်မှုက တဆစ်ဆစ်နဲ့
မွန်းဖြည်းဖြည်းချင်း မျက်လုံးဖွင့် မိတယ်
ဘယ်နေရာရောက်နေတာလဲ တားမြစ်နန်းမြို့ ထဲမှာ လား ခုတင်ကလည်း ဘယ်လိုကြီးလည်း နန်းတွင်းကားထဲကလိုကြီး
နူးရော  
သူသတိမေ့ သွားလို့ များ ဒီနေ ရာမှာ ခဏထားလေသလားပေါ့ 
မွန်းတစ်ယောက် သူ့ အတွေးနဲ့ သူ
အိပ်ရာပေါ် ပြန်လှဲလိုက်တယ်
အချိန်စက်ဝန်းကို ကျော်လွန်၍{Completed}Where stories live. Discover now