Part (19) သူ က ငါ့ လူ

1.4K 179 2
                                    

'' သခင်မ လေးးးးးးးးးးးးးးးးးးးးး''

လန့် ပြီး  ရှောင်ချင်း အော်လိုက်တယ်
ဖန်ကွဲစ တွေ ပေါ် လက်ထောက်မိတဲ့
နာကြင်မှုထက် သူ့ ကို တွန်းပစ်လိုက်တဲ့
ထိုသူကို ဒေါသကပိုတာမို့ 
ချက်ချင်းပြန်ထရင်း

'' လီ   ………ကျန့် ………………''

လက်က သွေးစက်တို့ က တစက်စက်ကျနေ ပေ မယ့် ရှန်းချင် ဂရုမစိုက်

'' ရှင်ဒါဘာလုပ်တာလဲ ဝင်လာကတည်းက
မျက်လုံးမှာ မီးဝင်းဝင်းတောက်ပြီး
ကျွန်မလက်ဆောင်ကို ရှင် ဖျက်ဆီးရဲတယ် ''

''  မင်းက ပြောရဲသေးတယ်
မင်း အဆိပ်ခတ်လိုက်လို့ 
ကောင်းကြင်ယာတော် သွေးအန်ပြီး
မ သေ ရုံတမယ်ပဲ မင်းသိရဲ့လား''

'' ရှင်ရူးနေလားလီကျန့်  ကျွန်မကဘာလို့ 
အဆိပ်ခတ်ရမှာလဲ ''

'' မင်းကို ပြောင်းလဲသွားပြီလို့  ထင်နေတဲ့
ငါက ရူးနေတာ ဟုတ်တယ်
မင်းက ဘာမှ မ ပြောင်းလဲဘူး
လူတစ်ယောက် ကို အဆိပ်ခတ် ပြီးတာတောင် သေမသေလာကြည့် တဲ့ မိန်းမ
ကြမ်းကြုတ်ရက်စက်တဲ့ မိန်းမပဲ ''

''ဖြောင်းးးးးးးးး''

စကားအဆုံးမှာ ဖန်စမစူးတဲ့ ရှန်းချင်ရဲ့ လက်တစ်ဖက်က လီကျန့် ရဲ့ပါးပေါ်ကျလာတယ်

'' ရှင် ပြော ထပ်ပြော အုံး ဟုတ်တယ်
ကျွန်မ ကရက်စက်တယ် ကြမ်းကြုတ်တယ်
ဇနီးမှာ ပြသနာရှိတာကို အရင်ဆုံး စွပ်စွဲပြနေတဲ့ ရှင်က ပိုရက်စက်တယ် လီကျန့်…………''

'' လာကြစမ်း ရဲမက်တွေ အိမ်ရှေ့စံမိဖုရားကို
နန်းဆောင်ပြန်ပို့ လိုက် ငါ့ အမိန့် မရမချင်း
ဘယ်သူမှ အဝင်အထွက်မလုပ်ရဘူး
ခေါ်သွား''

အသံကျယ်နဲ့မ အော် စဖူး အော်လိုက်တဲ့ 
အိမ်ရှေ့စံကြောင့် 
ရဲမက်တစ်ချို့က အယောင်ယောင်အမှားမှားနဲ့ ရှန်းချင်ကို လာတွဲခေါ်ကြတယ်
ရှန်းချင်းက လက်တွေကို ခါပစ်ရင်း

'' မလိုဘူး ငါ့ ဘာသာ နန်းဆောင် ပြန်မယ်
ဖယ်ကြစမ်း ''

ပြောရင်း ရှန်းချင်ထွက်သွားလို က်တယ်
သူ့ လက်က သွေးစက်တွေက တော့ 
ကြင်ယာတော်ရဲ့ နန်းဆောင်က နေ
သူ သွားရာ လှမ်းတစ်လျှောက် ကျလို့ 

အချိန်စက်ဝန်းကို ကျော်လွန်၍{Completed}Where stories live. Discover now