Part(51) ရွေးချယ်မှု

870 77 3
                                    

အဖြူရောင်သာ ကာရံထားတဲ့
အခန်းအလယ်မှာ မိန်းမငယ်လေးရှေ့မှာ

မြင်ကွင်းနှစ်ခုဟာ လှုပ်ရှားလို့နေတယ်

တစ်ခုမှာ ဈာပန မြင်ကွင်းတစ်ခုဖြစ်ပြီး
နောက်တစ်ခု မှာ အသက်ဆုံးရှုံးလုဆဲဆဲ လူနာရဲ့ အသက်လုနေရပုံ ……

ဈာပန မြင်ကွင်းမှ တစ်ယောက်သောသူဟာ လှဲလျောင်းသူ ရဲ့ အသက်မဲ့
ခန္ဓာမှ မျက်လုံးတို့ မလွှဲနိုင်ပဲ
ဘေးမှာ အ ဖော်ပြုနေပြီး

အသက်မဲ့သော မျက် ဝန်းနဲ့ ပြိုလဲတော့ မတပ် ကိုယ်နေဟန်ထား ရှိလျက်

အသက်လုနေပုံ မြင်ကွင်းမှာတော့
အခန်းပြင်မှာ ငို လျက်ရှိသော လူငယ်တို့

''တစ်ခု ကို ရွေးပါ''

ထို မိန်းမ ငယ်လေးမှာ တစ်ခုကို လက်ညိုးညွှန်ပြလိုက်တယ်။

ဒီနောက်မှာတော့ မိန်းမ ငယ်လေးမှာ
တဖြည်းဖြည်း ပျောက်ကွယ်သွားတော့တယ်။

………………………………………………

နေ ရောင်တို့ ကောင်းစွာ ကျရောက်လို့ လူအများ သွားလာနေတဲ့
ဈေးလမ်းမ ဟာ
ပိုလို့ပင် အသက်ဝင်လို့ နေတယ်။

ဈေးသည် ဈေးဝယ် အသံစုံတို့ဖြင့်
လှုပ်ရှားလို့နေတယ်။

''မုန်လာဥတွေ လတ်ဆတ်တယ်
အခုမှ ယာခင်းထဲက တူးလာတာ
လတ်ဆတ်တယ် အစ်မကြီး ကြည့် သွားပါအုံး''

''အစ်ကို လေး  ……ဒါ နောက်ဆုံးဈေးပါဗျာ ထပ်ဆစ်နေရင် ကျွန်တော့်ကိုသာ အိမ်ခေါ်သွားပါတော့ ''

ထိုဈေးသည် ရဲ့ စကားကြောင့် ဘေးမှ
မိန်း က လေးမှာ မထိန်းနိုင်ပဲ
ခွီခနဲ ရယ်မိတော့တယ်။

''ဦးလေး တော်ကြာ ဟိုက တကယ်
ခေါ်သွားရင် ဘယ်လိုလုပ်မလဲ''

ဈေးသည် လူကြီးမှာ  ဈေးဝယ်ထံ
ပစ္စည်းကမ်းပေးရင်း

''ငါ့တော့ ခေါ်မှာမဟုတ်ဘူး
ကောင်မ လေး ညည်းကို ဆိုရင်တော့
ခေါ်သွားမှာ ငါ့လို လိုက်ပြောလို့ မရဘူး
မှတ်ထား''

မိန်းက လေးမှာ ခေါင်းညိတ်လိုက်ရင်း

''မှတ်ထားပါ့မယ်ရှင့်''

အချိန်စက်ဝန်းကို ကျော်လွန်၍{Completed}Where stories live. Discover now