Part(3) အိပ်မက်တွေ အမှန်တကယ် ပြည့် ပြီ

2.5K 190 0
                                    

Bei jing ရောက် မန်းသူနှစ်ယောက်
'' နူးရေ ငါ့ ကို ရိုက်ပေး ရိုက်ပေး
'' နူးရေ   နောက်က ကောကောလေးပါအောင်ရိုက် '''
'' နူးရေ  နူးးးးးးးးးးး''
(တကယ်တော့  ဓါတ်ပုံ ရိုက်ခိုင်းနေတာပါ😅😅)

မွန်းတစ်ယောက်  ခရီးထွက်ဖို့ ခေါ်တဲ့ ခေတ်ကို မေ့သွားပါပြီ ခေတ်နဲ့ သူ့ ကိုကို တို့ 
ဘယ်လိုနေ နေ ဂရုမစိုက်တော့ 
နူးကိုသာ အသည်းအသန် ခေါ် ရင်း
နေရာစုံမှာ ရိုက်ပါတော့ တယ်
ဓါတ်ပုံ  :) ;)
လိုက်ဖက်လှတဲ့ bffနူးဟာ
'' အမွန်း မ  ဟိုဘက်နည်းနည်းတိုး
သစ်ပင်နားကိုကပ်လေ  နောက်ဆုတ်လိုက်အုံး''. ပါးစပ်က မနားတမ်းပြော ပြီး
ဓါတ်ပုံ ဆရာ လုပ်နေပါတော့ တယ်
Bei jing ရဲ့ ပထမဆုံး နေ့ မှာ
မြန်မာစကားကို နားညီးအောင်ပြောပြီး အော်ဟစ်နေတဲ့ မွန်းနဲ့ နူးကြောင့် 
ဆူညံနေမှာ သေချာပါတယ်
လမ်းမှာ အချောလေး တွေ့ တိုင်း
boy ရော girl ပါမကျန် ငမ်းရင်း
တစ်ယောက်လက်ကို တစ်ယောက် ရိုက်လိုက် ရီလိုက်နဲ့
ည ဘက် Hotel ပြန်ရောက်ချိန်မှာ လက်မောင်းတွေ နာတဲ့ အထိပါပဲ
ကျုံး ကော်ထိ လာငမ်းချင် တဲ့
သူတို့ အိပ်မက်တွေဟာ ပြည့် ဝပါပြီ
…………………………………………………
ဒုတိယ နေ့  ဟာ
သူတို့ ဇာတ်လမ်းတွဲထဲမှာ သာ မြင်ဖူးခဲ့ တဲ့
တားမြစ်နန်းမြို့ဆီသို့  go go go
မွန်းနဲ့ နူးတို့ ပါးစပ်အဟောင်းသား နန်းမြို့ ကို စဝင်ကတည်းက ငေးလို့ ငမ်းလို့ 
'' နူးရေ  ငါတို့ တကယ်ကြီး ရောက်နေတာနော်'' ဝေ့ရင်းလော့ ကိုတောင် သတိရလာပြီဟာ''
( yanxi palace ထဲက မင်းသမီးပါ)
'' ဟုတ်တယ် မွန်းရေ ငါတို့ တကယ်ရောက်နေတာ''
လျှောက်သွားကြရင်း တွေ့ မိတာက
အမှတ်တရ ပစ္စည်းရောင်းတဲ့ဆိုင်လေး
နှစ်ယောက်သား ပစ္စည်း တွေကိုပါငမ်း
(တွေ့ရာ ငမ်းတဲ့ နှစ်ယောက်🤣🤣)
ဘေးမှာပါလာတဲ့ ခေတ် ကို သူ့ ကိုကို က
ကြိုက်ရာ ရွေးလို့ လက်ဆောင်ပေးချင်နေပုံပါပဲ  ကြင်ကြင်နာနာနဲ့ သူတို့ ကို ကြည့် ရင်း
မွန်းနဲ့ နူး စချင်စိတ် ဖြစ်လာတယ်
အတိုင်အဖောက်ညီ ညီ နဲ့
'' ခေတ်ရေ  ငါတို့ တော့ ငိုချင်လာပါပြီနော်
လာ လာသူငယ်ချင်းရေ လက်ဆောင်တောင် ဝယ်ပေးမယ်သူ မရှိတဲ့ သူငယ်ချင်းနှစ်ယောက်ဖက်ငိုကြမယ် ဗြဲ ''
စနောက်ဖို့ ဆို အရှက်မရှိတဲ့ နှစ်ယောက်သားအသံကျယ်ကြီးနဲ့ အော်တာမို့  ဘေးက လူတွေပါ ဝိုင်းကြည့် ကုန်တယ်
ခေတ် နဲ့ သူ့ ကိုကို ဟာ ရီရင်း
'' ရွေးကြပါဟာ နင်တို့ နှစ်ယောက်ကိုလည်း ဝယ်ပေးမှာပါ ''
မွန်းတို့ နှစ်ယောက် ခပ်ပြုံးပြုံးလုပ်ရင်း
မျက်နှာပြောင်ပြောင်နဲ့ လက်ဆောင်ရွေးပါတော့ တယ်
မွန်းရဲ့ မျက်လုံးထဲကို ရောက်လာတာကျောက်စိမ်း လက်ကောက်လေး
လက်ကောက်လေးမှာ အနီရောင် ကျောက်လုံးလေးတွေ မြှပ်ထားတယ်သူမသိတဲ့ ပုံ တစ်ချို့ကို လည်းထွင်းထားသေးတယ်
တခြားဟာတွေ မမြင်တော့ ပဲ ဒါလေးကိုပဲ ယူလိုက်တယ်
ဆိုင်ပိုင်ရှင်က တရုတ်လို တစ်ခုခု လှမ်းပြောပေမယ့်  စကားပြော အခြေခံသာသိသေးတဲ့မွန်းတစ်ယောက်နားမလည်
ခေတ်ရဲ့ကိုကို က ဝင်ပြီးဘာသာပြန်ပေးတယ် '' ဒီလက်ကောက်လေးက သူ့ ပိုင်ရှင် ကို တွေ့သွားပြီပဲ တဲ့
ဇာမဏီ လို တောက်ပလင်းလက်မှုရလာလိမ်မယ်တဲ့ အချိန်တစ်ခု ဖြတ်ကျော်ပြီးရင် ကောင်းမွန်တဲ့ အနာဂါတ်က ကြို ဆိုနေမှာပါတဲ့''
မွန်းကတော့ ဘာမှ နားမလည်ပဲ ရယ်ပဲ ရယ်နေမိလိုက်တယ်
'' နူးရေ  ဟိုဘက်လျှောက်သွားကြည့် ရအောက် ဟေ့  '' ထုံးစံအတိုင်အသံကျယ်နဲ့အော်ရင်း ပြေးထွက်သွားတဲ့ မိန်းမငယ်ကို ကြည့် ရင်း ဆိုင်ပိုင်ရှင် ကြီးက တစ်ခုခုရေရွတ်လိုက်တယ်
'' မင်းကျော်ဖြတ်နိုင်ပါစေ ကလေး''
………………………………………………………

အချိန်စက်ဝန်းကို ကျော်လွန်၍{Completed}Where stories live. Discover now