Ep-12

778 33 0
                                    


Unicode Version

Wine: 'ရှင်ဘာလုပ်တာလဲ?'
MHM: 'ကားပေါ်တက်ခိုင်းတာလေ'
Wine: 'ဒါဆိုလည်း ရှင်ကောင်းကောင်းမွန်မွန်ပြောလေ'
MHM: 'ဒီမယ် အမိ ငါတော်တော်စိတ်ရှည်တယ်များထင်နေလား၊ မထင်ထားဘူး၊ မင်းကတော်တော်လေးချဉ်းကပ်ရခက်တဲ့လူမျိုးပဲ'
Wine: 'အပိုတွေပြောမနေနဲ့ ပြောစရာရှိတာမြန်မြန်ပြော ပြီးရင်ကျွန်မဆင်းတော့မယ်' ဟုပြောသော်လည်း မိုးထက်မြင့်သည်ကားကိုစက်နှိုး၍မောင်းလာသည်။
Wine: 'ရှင်ဘာလို့ မောင်းလာတာလဲ၊ ကျွန်မဆင်းမယ်လို့ပြောထားရဲ့သားနဲ့၊ အခုချက်ချင်းကားကိုရပ်လိုက်'
ဝိုင်ပြောသောစကားက အဖက်မလုပ်ပဲ ကားကိုသာဆက်၍မောင်းနေသည်။
Wine: 'ရှင်၊ ရှင် ကျွန်မကို ပြန်ပေးဆွဲလာတာလား? ကျွန်မမှာပေးစရာမရှိဘူးနော်၊ ရှင်လူကိုသာရရင်ရသွားမယ် ကျွန်မနှလုံးသားကိုတော့ဘယ်တော့မှရမယ်မထင်နဲ့.....ဟင့်၊ ဟင့်'
ဝိုင်​၏ ငိုသံကြားသောအခါမှ မိုးထက်မြင့်ကားကိုလမ်းဘေးချရပ်၍
MHM: 'ဟေး...ဘာလို့ငိုနေတာလဲ? ငါကမင်းကိုဘာလို့ပြန်ပေးဆွဲရမှာလဲ? ဒီမှာ ဒီမှာ၊ ငါမင်းခန္ဓာကိုယ်လည်းမလိုဘူး၊ မင်းနှလုံးသားလည်းမလိုဘူး၊ ငိုနေတာ တိတ်တော့' ဟုဆိုသည်။
မိုးထက်မြင့်စကားကြားသောအခါမှ ဝိုင် ငိုရာမှရပ်၍ မိုးထက်မြင့်အားကြည့်ကာ
Wine: 'ဒါဆိုပြောလေ၊ ဘာမပြောညာမပြောနဲ့ ကားမောင်းထွက်လာတော့ ကျွန်မ မကြောက်ပဲနေမလား? ပြီးတော့ ကျွန်မကသူစိမ်းယောက်ျားတစ်ယောက်ရဲ့ကားပေါ်မှာလေ'
MHM: (ပြောပုံက သူကဖြူစင်ပါတယ်ပေါ့လေ...မိန်းမတွေများ မူယာမာယာကိုများတယ်)
'သူစိမ်းမှမဟုတ်တာ ၊နောက်ဆို မင်းယောက်ျားဖြစ်လာမှာလေ'
Wine: 'ရှင် ပေါက်ကရတွေမပြောနဲ့၊ ရှင်နဲ့လက်ထပ်ပါမယ်လို့ ကျွန်မပြောရသေးလို့လား'
MHM: 'မင်းပြောစရာမလိုပါဘူး၊ မင်းငါ့ကိုသေချာပေါက်လက်ထပ်လိမ့်မယ်'
Wine: 'ဘာလို့ဒီလောက်သေချာနေရတာလဲ'
MHM: 'ဘာလို့လဲဆိုတော့ မင်းနဲ့ ငါနဲ့ကတူနေလို့လေ၊ ငါလည်းငါ့အဖေဆန္ဒကိုလိုက်လျောချင်နေသလို မင်းလည်းမင်းအဖေဆန္ဒကိုလိုက်လျောချင်နေမှာပဲ။ ငါလည်းလူပဲ ၊ ကိုယ်ချစ်တဲ့သူကိုပဲလက်ထပ်ချင်တာပေါ့၊ ဒါပေမယ့် ငါချစ်ရတဲ့သူမှမရှိပဲ၊ ဘာလဲ --မင်းမှာရှိနေလို့လား?'
Wine: 'အာ...မရှိ၊ မရှိပါဘူး။ ဒါပေမယ့်လည်း ရှင်နဲ့လက်ထပ်ဖို့ကျတော့လည်း ကျွန်မအဆင်သင့်မဖြစ်သေးဘူး၊ ကျွန်မရှင့်အကြောင်း ဘာမှမသိသေးဘူး။ ကျွန်မရှင့်ကိုကြည့်မရသလို ရှင်လည်းကျွန်မကိုမုန်းတယ်မဟုတ်လား?'
ဟုမျက်ရည်များဖြင့်မေးနေသော ဝိုင်​၏မျက်နှာကိုကြည့်ကာ မိုးထက်မြင့် သနားစိတ်များဝင်လာသည်။
MHM: (အာ...ဘာဖြစ်တာလဲ? ငါ့ရင်ဘတ်ထဲကတစ်စုံတစ်ခုက ဘာလို့ဒီလောက်မြန်မြန်လှုပ်ရှားနေရတာလဲ? ပြီးတော့ ဘာလို့ ငါအရမ်းမောနေရတာလဲ? ငါမိန်းကလေးတွေရဲ့ မျက်ရည်နဲ့ ဓာတ်မတည့်ချင်တာများလား?)
'ဟေး...မငိုနဲ့လေ၊ ငါမင်းကိုဘာလုပ်နေလို့လဲ? ငါမင်းကိုမမုန်းပါဘူး။ ပြီးတော့ အန်ကယ်ပြောသလို ငါတို့ကတစ်ယောက်ကိုတစ်ယောက်မချစ်သေးတာပဲရှိတာလေ၊ ချစ်မလာနိုင်ဘူးလို့မှမပြောနိုင်တာ၊ ငါတို့အတူကြိုးစားကြမယ်လေ၊ မင်းငါ့အနားမှာရှိနေပေးပေါ့။ အဖေတွေလည်း ကောင်းကင်ပေါ်ကနေ ငါတို့ကိုအားပေးနေလောက်မှာပါ'
Wine: 'ကျွန်မကို အချိန်နည်းနည်းပေးနိုင်မလား? ကျွန်မ ဒီကိစ္စကို အလေးအနက်စဉ်းစားပါ့မယ်'
MHM: 'ကောင်းပြီလေ၊ မင်းလိုသလောက်အချိန်ယူပါ။ မင်းအဆင်သင့်ဖြစ်တာနဲ့ ငါတို့လက်ထပ်ကြမယ်၊ အခုလောလောဆယ် ငါမင်းကိုအိမ်ပြန်ပို့ပေးချင်တယ်၊ မင်းလက်ခံမယ်မှတ်လား?'
Wine: 'အင်း'

PoisonWhere stories live. Discover now