Ep-97

380 18 0
                                    

Unicode Version

မိုးထက်မြင့်ကနေရောင်တို့နားမှာရှိနေချိန် ဝိုင်ကတော့ နေမင်းနှင့်အတူထိုင်နေသည်။ ရွှေစင်က မိုးထက်မြင့်မရှိသည်ကိုအခွင့်ကောင်းယူပြီး ဝိုင့်အနားရောက်လာသည်။

ShweSin: 'ဝိုင်! စကားခဏလောက်ပြောလို့ရမလား?'

ရွှေစင်ကဝိုင့်အနားရောက်လာသဖြင့် နေမင်းအလယ်က ဝင်ရပ်လိုက်သည်။

Naymin: 'ဘာပြောစရာရှိလို့လဲ? ဒီအကွာအဝေးအတိုင်းပြော'
Wine: 'ဟဲ့! နေမင်း! နောက်ဆုတ်နေစမ်းပါ...။ ရွှေစင် ဘာပြောစရာရှိလို့လဲ? ပြောလေ'
ShweSin: 'ကိုမိုးထက်မြင့်က ဟိုကိစ္စစုံစမ်းနေတာကိုသိလား?'
Wine: 'ဘယ်ကိစ္စလဲ?'
ShweSin: 'သူ့အဖေသေတဲ့ကိစ္စလေ'
Wine: (ကိုမိုးထက်မြင့်လည်း စုံစမ်းနေတာပဲလား?)

ဝိုင်ဘာမှမဖြစ်သလိုဟန်ဆောင်လိုက်သော်လည်း မျက်နှာပျက်သွားသည်ကိုတော့ ရွှေစင်ရိပ်မိလိုက်သည်။

ShweSin: 'ဝိုင်မသိသေးဘူးပဲ...ပြီးတော့ကိုမိုးထက်မြင့်ရဲ့ အမွေကိစ္စကိုရောသိလား?'
Wine: 'ဘာအမွေလဲ?'
ShweSin: 'တကယ်ကိုဘာမှမသိဘူးပဲ။ ဒါဆိုကိုမိုးထက်မြင့်ကဝိုင့်ကို မိဘတွေရဲ့ဆန္ဒကြောင့်မဟုတ်ပဲနဲ့ အမွေလိုချင်လို့လက်ထပ်ခဲ့တာကိုမသိဘူးပေါ့'
Naymin: 'ဘာတွေပြောနေတာလဲ?'
ShweSin: 'အမှန်တွေပြောနေတာလေ။ ငါကကျောင်းနေဘက်ဆိုတဲ့သံယောဇဉ်နဲ့ လာသတိပေးတာ။ စဉ်းစားကြည့်လေ ကိုမိုးထက်မြင့်ကသူ့အဖေနဲ့ တအားမှမရင်းနှီးတာ။ အဲ့ဒါကိုသူ့အဖေဆန္ဒအရ လက်ထပ်မယ်ဆိုတာ ဟုတ်နိုင်ပါ့မလား?'
Wine: 'နင်ဘာသိထားလို့လဲ? ငါ့ကိုပြော'
ShweSin: 'မေးတော့လည်းပြောရတာပေါ့။ ကိုမိုးထက်မြင့်အဖေက သေတမ်းစာမှာရေးထားခဲ့တယ် နင့်ကိုလက်ထပ်ပြီး ၃နှစ်ကြာမှ အမွေတွေအကုန်ရမယ်ဆိုပြီးတော့ပေါ့။ အကယ်၍လက်မထပ်ခဲ့ရင် အမွေတွေအကုန် လှူဒါန်းမယ်တဲ့လေ။ အဲ့ဒါကြောင့် ကိုမိုးထက်မြင့် မြန်မြန်ဆန်ဆန်လက်ထပ်လိုက်တာပေါ့။ ပြီးတော့ အဖေတွေသေတဲ့ကိစ္စစုံစမ်းနေသေးတယ်လေ။ သူပြောတာတော့ ဦးမင်းလွင်က သူ့အဖေကိုသတ်တာဆိုလားပဲ။ သူ့သမီးကိုပြန်ခံစားရအောင်လုပ်မယ်တဲ့'
Naymin: 'မင်းပေါက်ကရတွေဝင်သွေးမထိုးနဲ့နော်'
ShweSin: 'ငါပြောတာ အမှန်ဟုတ်လား မဟုတ်လားဆိုတာ ပြန်စဉ်းစားကြည့်ပေါ့။ ငါ့ထက် ဝိုင်ကပိုသိမှာပေါ့'
Wine: 'မဖြစ်နိုင်ဘူး။ ကိုမိုးထက်မြင့်က အဲ့လိုလုပ်ရပ်မျိုးလုပ်မှာမဟုတ်ဘူး'
ShweSin: 'တကယ်ဖြစ်နိုင် မဖြစ်နိုင်က နင့်စိတ်ထဲအလိုလိုသိနေပါပြီ။ ငါပြောစရာမလိုတော့ပါဘူး'
Wine:
{MHM: ' ငါတို့လက်ထပ်ကြမယ်'
Wine: 'ဘာ.......ဘယ်လို'
MHM: 'ဟုတ်တယ်လေ၊ မင်းပဲလိုရင်းဆို? လိုရင်းကတော့ ဒါပဲ'
Wine: 'ရှင်ရူးနေလား? ကျွန်မကဘာလို့ ရှင်နဲ့လက်ထပ်ရမှာလဲ?'
MHM: 'ငါမရူးပါဘူး၊ မရူးလို့လည်းလက်ထပ်မှာပေါ့၊ မင်းငါ့စကားကိုဖြတ်မပြောနဲ့ ငါအကြောင်းအရင်းကိုပြောပြမယ်'
Wine: 'ဘာအကြောင်းအရင်းလဲ'
MHM: 'မင်းအဖေနဲ့ ငါ့အဖေက မင်းနဲ့ငါကို သူတို့မသေခင်မှာ လက်ထပ်ပေးဖို့ ဆန္ဒရှိခဲ့ကြတာကို မင်းသိလား?'
Wine: 'မဟုတ်ပါဘူး၊ ဖေဖေပြောတာ ရုပ်ချောချောအရပ်ရှည်ရှည်နဲ့ ကိုကိုပါ ...ဟင်! အဲ့ဒါရှင်လား'
MHM: 'ဂုဏ်ယူပါတယ်၊ ရုပ်ချောချောအရပ်ရှည်ရှည်နဲ့ကိုကို ကိုသိသွားတဲ့အတွက်'}
{MHM: 'ဟေး...ဘာလို့ငိုနေတာလဲ? ငါကမင်းကိုဘာလို့ပြန်ပေးဆွဲရမှာလဲ? ဒီမှာ ဒီမှာ၊ ငါမင်းခန္ဓာကိုယ်လည်းမလိုဘူး၊ မင်းနှလုံးသားလည်းမလိုဘူး၊ ငိုနေတာ တိတ်တော့' }
{MHM: 'အကယ်၍ သူ့ကိုရွေးလို့မှားမယ်ဆိုရင်တောင် ငါသူ့ကိုပဲရွေးချယ်ဦးမှာ၊ မင်းတို့ဝင်စွက်ဖက်ခွင့်မရှိဘူး'
Wine: (မထင်ထားဘူး သူင့ါဘက်ကပြောပေးလိမ့်မယ်လို့။ သူသာဝင်မပြောရင် ငါတော်တော်အကြပ်အတည်းထဲရောက်နေဦးမှာ)}

PoisonWhere stories live. Discover now