Ep-21

646 33 0
                                    


Unicode Version

Naymin: 'မင်း၊ မင်းကဘာလိုက်လုပ်မှာလဲ? မင်းမှာအိမ်ရှိနေတာပဲကို'
MHM: 'ဘာလို့မေးခွန်းတွေမေးနေတာလဲ? မင်းတောင် သူ့သူငယ်ချင်းဖြစ်ပြီးသူ့အိမ်မှာနေလို့ရသေးတာပဲ။ ငါကသူနဲ့လက်ထပ်မယ့်သူလေ နေလို့မရစရာအကြောင်းမရှိဘူး'
နေမင်းနှင့် မိုးထက်မြင့်တို့စကားများနေကြသဖြင့် အနောက်ခန်း၌အိပ်ပျော်နေသော ဝိုင်လည်းနိုးလာသည်။
Wine: 'နေမင်း! ဘာဖြစ်နေကြတာလဲ? ကောင်းကောင်းအိပ်လို့ကိုမရဘူး၊ ဆူညံနေတာပဲ'
MHM: (နိုးလာလာချင်းတောင် နေမင်းတဲ့။ မိုးထက်မြင့်မဟုတ်ပဲနဲ့လေ)
Naymin: 'အေး။ ဒီမှာ ဒီလူလေ၊ နင့်အိမ်လိုက်မလို့တဲ့'
Wine: 'ဘာလို့လဲ ကိုမိုးထက်မြင့်?'
MHM: 'ဘာလဲ? ငါလိုက်လို့မရဘူးလား? သူကျတော့ရပြီးတော့လေ'
Wine: 'မရဘူးလို့မပြောပါဘူး။ ဘာဖြစ်လို့လဲပဲမေးတာပါ'
MHM: (ငါမရှိရင် ဒီကောင်မင်းကို တစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ)
'ဒီလိုပဲ! လိုက်ချင်လာလို့'
Naymin: 'ခင်ဗျားသွားချင်တိုင်းသွားရအောင် ဝိုင့်အိမ်က Club မဟုတ်ဘူးဗျ'
Wine: 'ကဲ! တော်ကြပါတော့။ လိုက်ချင်လည်း လိုက်ခဲ့။ ပြီးတော့ နေမင်း! နင်ကလည်းလေ ကပ်စရာမရှိကပ်နေတယ်။ အချိန်ကိုလည်းကြည့်ဦး ၈ နာရီထိုးနေပြီ။ အခုပြန်မယ်ဆိုရင်တောင် ၂ နာရီလောက်ကြာတယ်ဆိုရင် ၁၀ နာရီမှ အိမ်ပြန်ရောက်မယ်။ ရန်ဖြစ်ချင်လည်း နောက်မှဖြစ်ကြ။ ငါအိပ်ချင်နေပြီ။ အိမ်ပြန်မယ်'
Naymin: 'ငါကမကပ်ပါဘူးဟာ။ ဒီလူလေ ၊ ဒီလူက ကပ်နေတာ'
MHM: 'ငါဘယ်မှာကပ်လို့လဲ?'
Wine: 'ကဲ! မတော်သေးဘူးလား? နင်တို့မတော်သေးဘူးဆိုရင် ငါTaxi နဲ့ပြန်လိုက်မှာနော်'
ဝိုင်တစ်ချက်ဝင်ဟောက်လိုက်မှ ငြိမ်ကျသွားသည်။ ဝိုင်လည်း သူတို့ငြိမ်သွားသည်နှင့် ပြန်အိပ်နေလိုက်သည်။ ဝိုင်အိပ်ရေးပျက်မည်ဆိုးသောကြောင့် နေမင်းလည်း စကားဆက်မပြောတော့ပဲ ကားကိုသာ ဆက်မောင်းနေလိုက်သည်။ သို့သော်လည်း...
MHM: 'ကားထဲက ဘာနံ့ကြီးလဲ? ပန်းနံ့မဟုတ်လား? ထူးထူးဆန်းဆန်း ယောက်ျားလေးတစ်ယောက်ရဲ့ကားထဲက ပန်းနံ့ရ ရတယ်လို့'
Naymin: 'မသိပဲမပြောနဲ့။ ဒါဝိုင်အကြိုက်ဆုံး နှင်းဆီပန်းနံ့လေ။ သူကဒီအနံ့ရရင် စိတ်သက်သာရာရတယ်ဆိုလို့ ထည့်ထားတာ'
နေမင်း​၏စကားကြောင့် မိုးထက်မြင့်၊ နေမင်းအား ထူးဆန်းစွာကြည့်ကာ...
MHM: 'မင်း၊ ငါထင်သလိုတော့မဟုတ်ဘူးမှတ်လား?'
Naymin: 'ဘာထင်လဲသိတယ်။ ခင်ဗျားထင်တဲ့အတိုင်းပဲ'
MHM: 'ဘာ? မင်း! သူရောသိလား?'
Naymin: 'ငါသူ့ကိုချစ်တာ ဟိုးငယ်ငယ်လေးတည်းက။ သူကတော့မသိပါဘူး။ ဒါမယ့် ငါ့ဘက်ကပြောဖို့လည်းအစီစဉ်မရှိတော့ပါဘူး'
MHM: 'ဒီလောက်ထူးဆန်းနေတာကို မသိဘူးပေါ့။ အ လိုက်တာ'
Naymin: 'အင်း။ ဒါတော့ထောက်ခံတယ်။ ငါတို့ဂျပုက အဲ့လိိုကိစ္စတွေဆို မသွက်ဘူး'
MHM: 'ငါပြန်ပြောမှာရော မစိုးရိမ်ဘူးလား?'
Naymin: 'မဆိုးရိမ်ပါဘူး။ မင်းပြန်ပြောမှာမဟုတ်ဘူးဆိုတာ ငါသိတယ်'
MHM: 'ဘာလို့ အဲ့လိုပြောနိုင်ရတာလဲ?'
Naymin: 'မင်းပုံစံက မင်းချစ်တဲ့သူကို တခြားလူဖွင့်ပြောတာကို ကြည့်နေနိုင်မယ့်ပုံမှမဟုတ်တာ။ ကိုယ်ကတစ်ဆင့်ဖွင့်ပြောပေးတာမျိုးဆို ပိုဆိုး'
MHM: 'ဘယ်၊ဘယ်သူက ငါချစ်တဲ့သူလဲ?'
Naymin: 'လုပ်မနေပါနဲ့ကွာ။ အချင်းချင်းတွေပဲ။ မင်းဒီလောက်သိသာနေတာကို'
MHM: 'တကယ်ပဲဒီလောက်သိသာနေတာလား? သူရောသိနေလောက်လား?'
Naymin: 'ဂျပုက အရိပ်ပြလို့အကောင်မမြင်တဲ့အပြင် အကောင်လိုက်ပြရင်တောင် ဒါဘာကောင်လဲ ဆိုပြီးမေးဦးမှာ။ သူနဲ့ငါနဲ့ သူငယ်ချင်းဆက်ဖြစ်နေတာပဲကြည့်လေ'
MHM: 'မင်းဘာလို့ငါ့ကို ဘာလို့ မင်းနဲ့ငါနဲ့ ပြောနေတာလဲ? ငါမင်းထက် ၄ နှစ်ကြီးတယ်နော်။ ပြီးတော့ သူ့ကိုရော ဘာလို့ ဂျပု၊ ဂျပုနဲ့ခေါ်နေတာလဲ? အရင်က မင်းသူငယ်ချင်းဆိုရင်တောင် အခု ငါယူမယ့်မိန်းမကွ'
Naymin: 'သဝန်တိုရင်လည်း သဝန်တိုတယ်ပြောပါဗျာ။ မင်းနဲ့ငါ ဆိုပြီးပြောမိတာ ခွင့်လွှတ်ဗျာ။ ခင်ဗျားက ဝိုင့်ကို တစ်ယောက်တည်း မင်္ဂလာဝတ်စုံသွားရွေးခိုင်းတာမြင်တော့ စိတ်တိုသွားလို့။ ခင်ဗျားသိလား? ဝိုင်ကဘယ်နေရာမဆို တစ်ယောက်တည်းသွားရရင် အထီးကျန်တတ်တယ်ဆိုတာ'
MHM: 'ဒါကတော့ကွာ...'
Naymin: 'ဝိုင့်ကိုချစ်ရင် ဝိုင့်အကြောင်းကျွန်တော့်ထက်ပိုနားလည်အောင်လုပ်သင့်တယ်'
MHM: 'ဒါဆိုဘာလဲ? မင်းကနောက်ဆုတ်ပေးမယ်ဆိုတဲ့သဘောပေါ့?'
Naymin: 'ကျွန်တော်နောက်မဆုတ်ပါဘူး'
MHM: 'ဘာ?'
Naymin: 'ဟုတ်တယ်လေ။ ကျွန်တော် ရှေ့မှမတိုးခဲ့တာ၊ နောက်ဆုတ်စရာလိုလို့လား?'
MHM: 'မင်းပြောတဲ့ပုံက မင်းသူ့ကိုဆက်ပြီး ချစ်နေဦးမယ်ပေါ့?'
Naymin: 'ဒါကတော့ ကျွန်တော့်စိတ်လေ။ ကျွန်တော်ကိုယ်တိုင်တောင် တားလို့မရတာ၊ဘယ်သူက တားလို့ရပါ့မလဲ?'
စိတ်တို၍ နေမင်းအားလှည့်ကြည့်လိုက်သော်လည်း နေမင်းမျက်နှာမှ ဝမ်းနည်းရိပ်များကိုမြင်လိုက်ရသောအခါ...
MHM: 'ထားပါ။ မင်းရှေ့မတိုးရင်ပြီးတာပဲ'
သူတို့နှစ်ယောက်သား တွတ်ထိုးနေကြသဖြင့် ဝိုင် ထပ်မံ၍နိုးလာသည်။
Wine: 'နင်တို့ဘာတွေပြောနေကြပြန်ပြီလဲ?'
သူတို့ပြောနေသောစကားများကို ဝိုင်ကြားသွားမည်ဆိုး၍ ရှက်ကိုးရှက်ကန်းဖြစ်ကာ
MHM& Naymin: 'ဘာဖြစ်ဖြစ်ပေါ့။ ကိုယ့်ဟာကိုယ်အိပ်နေ'
အသံပြိုင်ထွက်လာသောနှစ်ယောက်အား ဝိုင် နားမလည်စွာကြည့်ရင်း...
Wine: (ဘာလဲဟ? သူတို့တည့်တာမြန်လှချည်လား။ ငါပဲ မနိုးသေးတာများလား)
'အေးအေး' ဟုသာ ပြောပြီး ပြန်အိပ်နေလိုက်သည်။

PoisonWhere stories live. Discover now