Ep-39

492 29 0
                                    


Unicode Version

ကုမ္ပဏီ၌ သူဌေးရုံးခန်းပြင်ပတွင် ဝန်ထမ်းများအားလုံး မုန့်စားသူကစား၊ ရုပ်ရှင်ကြည့်သူကကြည့်၊ Game ဆော့သူကဆော့၊ အတင်းပြောသူကပြောနှင့် စည်ကားလျှက်ရှိသည်။ ဝိုင်ကတော့ လူသစ်ဖြစ်နေတာကြောင့်ရော၊ သူဌေးရဲ့ဇနီးဆိုပြီး ဝန်ထမ်းတွေမသိကြပေမယ့်လည်း အခွင့်ထူးခံမဖြစ်ချင်တာကြောင့် အလုပ်တွေဖိလုပ်နေလေသည်။
HN: 'ဝိုင်! ဘာတွေလုပ်နေတာလဲ?'
Wine: 'ဪ! ဝိုင် အလုပ်လေးတွေ လက်စသတ်နေတာပါ။ ဘာခိုင်းစရာရှိလို့လဲဟင်?'
HN: 'အာ...ဘာမှမခိုင်းပါဘူး။ ဝိုင်ပျင်းနေမှာစိုးလို့ပါ'
Wine: 'ဝိုင်မပျင်းပါဘူး၊ ရပါတယ်။ ဒါနဲ့၊ ညီမ နာမည်က?'
HN: 'နှင်းနုပါ။ အစ်မလို့ပြောရမှာ နှင်းနုက ၉၆ဖွားလေ၊ ဝိုင်က ၉၈ မဟုတ်လား?'
Wine: 'ဟင်! တကယ်လား? ဝိုင့်ထက် ၂ နှစ်တောင်ကြီးတာပဲ။ ဒါမယ့် ဝိုင့်ထက်ပိုနုနေတယ်'
HN: 'ဝိုင်က အပြောကောင်းတယ်နော်။ ဒါနဲ့ ဝိုင်ဘာတွေလုပ်နေတာလဲ? နှင်းနုကူပေးမယ်လေ'
Wine: 'ရပါတယ်။ ပြီးကာနီးပါပြီ။ ပြီးတာနဲ့ သူဌေးကိုသွားတင်ပြရဦးမှာ'
HN: 'အင်းနော်! သူဌေးကဘာလို့ ဝိုင့်အပေါ် ဖိအားပေးလဲမသိဘူး။ နှင်းနုတို့ အလုပ်ဝင်တုန်းက ဒီလောက်မဆိုးပါဘူး'
Wine: (အင်းလေ အခုမှ စိတ်ရိုင်းတွေဝင်လာတာ)
ပြောလို့မှမဆုံးသေးဘူး၊ ရုံးခန်းထဲမှ မိုးထက်မြင့်ထွက်လာသည်။ တစ်ရုံးလုံးလည်း သူတို့မဟုတ်တဲ့အတိုင်း အလုပ်ကိုယ်စီပြန်လုပ်နေကြသည်။ ဝိုင်လည်း ဘေးနားမှာရှိနေသော နှင်းနုက ချက်ချင်းဆိုသလိုပျောက်သွားသောကြောင့် အံ့ဩတကြီး လိုက်ရှာကြည့်သောအခါ နှင်းနုက စားပွဲမှာ အသင့်နေရာယူပြီး အလုပ်လုပ်နေပြီ။
(ဟင်! မြန်လိုက်တာ...)
MHM: 'ဟေး! ဟိုတစ်ယောက်၊ဘယ်တွေ လိုက်ငေးနေတာလဲ? ကိုယ့်အလုပ်ကိုယ်မလုပ်ဘူး။ အလုပ်မလုပ်ရင် လစာမပေးဘူးနော်'
ဝိုင်လည်း အလုပ်လုပ်နေရင်းက အခုလေးတင်နားလိုက်တာကြောင့် မိမိကိုပြောတယ်မထင်မိသဖြင့် ဘေးကိုပဲ လိုက်ကြည့်နေသည်။
MHM: 'ဟေး...ဘယ်ကြည့်နေတာလဲ? မင်းကိုပြောနေတာ'
Wine: 'ရှင်! ကျွန်မ? မဟုတ်ဘူးလေ၊ ဟို...'
MHM: 'ဟိုတွေ ဒီတွေလုပ်မနေနဲ့ ၊ ငါခိုင်းထားတဲ့ စာရင်းတွေပြီးပြီလား?'
Wine: 'မပြီးသေးဘူး။ နည်းနည်း...'
MHM: 'ဘယ်ပြီးမလဲ၊ အလုပ်မလုပ်ပဲ လိုက်ငေးနေတာကိုး။ မြန်မြန်လုပ်၊ နောက် တစ်နာရီအတွင်းပြီးတာ မြင်ချင်တယ်'
Wine: 'ခဏလေး၊ အခုပြီးပြီ'
MHM: 'မြန်လှချည်လား?'
Wine: 'ကျွန်မ မပြီးသေးတာ Save ဖို့ပဲလိုတော့တာလေ၊ ရှင်က......အဲ! သူဌေးက ပြောဆိုနေတာ ကိုး။ စကားလည်းဆုံးအောင်နားမထောင်ဘူး'
MHM: 'ပြီးရင်လည်း ဘာထိုင်လုပ်နေတာလဲ? ရုံးခန်းထဲ လာခဲ့လေ'
Wine: 'ဟုတ်ကဲ့၊ အခုလာပါပြီ သူ ဌေး'
ရုံးဝန်ထမ်းတွေရှိနေသဖြင့် အရှုံးပေးလိုက်ရသော်လည်း သိပ်တော့မကျေနပ်။ ထို့နောက် ဖိုင်တွဲတစ်ခုကိုဆွဲယူပြီး မိုးထက်မြင့်ရုံးခန်းထဲသို့ဝင်လိုက်လာသည်။ ရန်တွေ့ရန်ပြင်ဆင်လာသော်လည်း ရုံးခန်းအတွင်း၌ ဧည့်သည်ရှိနေသည့်အတွက် ဒေါသများ ပြန်မျိုချလိုက်ရသည်။
MHM: 'ခဏထိုင်ဦး။ မိတ်ဆက်ပေးရဦးမယ်။ ဒါက Mark တဲ့၊ အခုကစပြီး ဒီမှာအလုပ်လုပ်မှာ'
ဝိုင်လည်း မိုးထက်မြင့်မိတ်ဆက်ပေးသဖြင့် Mark ကိုကြည့်ကာ ရယ်ပြလိုက်သည်။
Mark: (ချောလိုက်တာ...မဟုတ်ဘူး လှတာ၊ ငါတော့ ဒီကိုလာရတာ အဓိပ္ပါယ်ရှိသွားပြီထင်တယ်။ ငါ့ရင်ခုန်သံတွေ မြန်လာပြီ၊ ချစ်မိသွားပြီထင်ပါရဲ့'
MHM: 'Mark! ဒါက ဝိုင်လေ၊ ငါ့ရဲ့အတွင်းရေးမှူး'
Mark: 'ဟုတ်ကဲ့ တွေ့ရတာဝမ်း!....ဟင်! ဝိုင်? ဒါ ဝိုင်လား?'
MHM: 'မင်းက ဝိုင့်ကိုသိလို့လား?' ဝိုင်! မင်းရောသိလား?'
Wine: 'မသိပါဘူး။ အခုမှမြင်ဖူးတာ။ ရှင်ကျွန်မကို ဘယ်လိုသိတာလဲ?'
Mark: 'ဪ! ဟို...ဟိုလေ၊ ကျွန်တော်တို့ကျောင်းမှာ ကြားဖူးနေလို့ပါ'
Wine: 'ရှင်က ဘယ်ကျောင်းမှာတက်လို့လဲ?'
Mark: 'ဒဂုံ ၁ ပါ'
Wine: 'ဟင်! ကျွန်မနဲ့လည်းကျောင်းမတူပါဘူး'
MHM: 'မင်းကတော်တော်ပေါက်ပေါက်ရောက်ရောက်ရှိတာပဲ၊ ကျောင်းမတူတာတောင် နာမည်ကကြီးနေသေး'
Mark: 'ဟုတ်တယ်၊ ဟုတ်တယ်၊ မဝိုင်က ချောတယ်လေ'
MHM: 'ဟုတ်လား? ငါတော့မမြင်မိပါဘူး'
Wine: (မမြင်တာလား၊ မမြင်ချင်ယောင်ဆောင်နေတာလား?)
MHM: 'Mark! မင်းသွားလို့ရပြီ။ အရှေ့က ညာဘက်အခန်းမှာ မင်းရုံးခန်း'
Mark: 'ဟုတ်ကဲ့'
(သူက ဝိုင်တဲ့၊ ဆရာ့ကောင်မလေးပဲ...တော်ပါသေးရဲ့၊ ဘာမှ မလွန်ကြူးလိုက်မိလို့)

PoisonWhere stories live. Discover now